ဆရာတော်ဘုန်းကြီး အိမ်မက်ပေးလို့ ဘုရားကျောင်းဆောင်အောက်တည့်တည့်က မြေကြီးကိုတူးကြည့်သောအခါ…
ဒီ‌မနက်ကျနော်အိပ်ယာနိုးတော့ တစ်ရွာလုံး အုံးအုံးကြွပ်ကြွပ် ဖြစ်နေကြတယ်။ ကျနော့်အိမ်မှာလည်းထိုနည်းလည်းကောင်းပါပဲ။ ဘာတွေဖြစ်နေကြတာလဲလို့ အိမ်ကလူတွေကို အိပ်ချင်မူးတူးနဲ့ ကျနော်မေးလိုက်တော့, ကိုယ့်အိမ်က ဘုရားကျောင်းဆောင်အောက်တည့်တည့်မှာ မီးသွေး‌တူးနေကြတာတဲ့။ ဘာလုပ်ဖို့လဲဆိုတော့, ရေစိမ်သောက်ဖို့တဲ့။ ဘယ်သူကပြောတာလဲဆိုတော့,ဘယ်ရွာကဆရာတော်ဆိုလား၊ဘုန်းကြီးဆိုလား ညက အိပ်မက်မက်လို့တဲ့။ ကိုယ့်အိမ်က ဘုရားကျောင်းဆောင် အောက်တည့်တည့်က မြေကြီးကိုတူးကြည့်ရင် မီးသွေးခဲလေးတွေ တွေ့လိမ့်မယ်တဲ့၊ အဲ့ဒါကို ရေစိမ်သောက်တဲ့ ဗိုင်းရပ်စ်ရောဂါကိုကာကွယ်ပေးလိမ့်မတဲ့။ တစ်ရွာလုံးတူးကြတာ အိမ်တိုင်းလိုလို မီးသွေးခဲလေးတွေရတယ်။ အိမ်မှာလည်း ကျနော့်တူလေး အိမ်ခေါင်းရင်းမှာ သွားတူးတာ ပုံထဲကအတိုင်း မီးသွေးခဲလေးတွေရလာတယ်။ အဲ့ဒါကို ကျနော့်အမက ရေသန့်ဘူးထဲထည့်ပြီး စိမ်ထားတယ်။အိမ်ခေါင်းရင်း ဘုရားကျောင်းဆောင်အောက်က မီးသွေးခဲတွေကို ကြည့်ပြီး လူတိုင်းလိုလို အံ့ဩနေကြတယ်။ဒီမီးသွေးက ဘာလို့ဒီအောက်မှာရှိနေတာလဲ၊ဘာလဲပေါ့။ အထူးအဆန်းဖြစ်နေကြတယ်။ကျနော်ကတော့ ထူးဆန်းတယ်လို့လို့လည်း မခံစားရပါဘူး။ ဘာလို့ဆို ကျနော်တို့ ကျေးလက်မှာက ထင်းမီးဖို၊မီးသွေးမီးဖိုတွေကို ခုချိန်ထိသုံး‌ကောင်းနေကြတုန်းလေဗျာ။ အိမ်အနောက်ဘက်မီးဖိုချောင်က ထင်းမီးသွေးက … Read more
“ရွာ” တစ်ရွာတည်ဖို့ စုန်း(၇)ယောက် ဘာကြောင့်လိုတာလဲ
ရွာတစ်ရွာ ဖြစ်ပေါ်ဖို့ စုန်း ၇ ယောက် ဘာကြောင့်လိုတာလဲဆိုတာကို ဗဟုသုတအနေနဲ့ တင်ပြအပ်ပါတယ်… “ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် “တဲ့လား…??? ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ…. စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြားရှိကြပါတယ်… တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း တိတိလင်းလင်း နားရှင်းအောင်ဖြေနိုင်သူဟူ၍ မတွေ့ရှိရသေးပြန်ပါဘူး…၊ မိမိလက်လှမ်းမှီသလောက် စူးစမ်းမေးမြန်းရှာဖွေကြည်တော့ ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က… စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ (စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး) ဋီကာကျမ်း ထို ခုနှစ်ဦးမှာ……(၁)မြေပညာရှင်ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာ ကို သိရှိကျွမ်းကျင်သူ… (၂)ရေပညာရှင် သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရ ကို သိရှိကျွမ်းကျင်သူ… (၃)လေပညာရှင် လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ … Read more
နေ့တိုင်းသုံးနေတဲ့ ပိုက်ဆံတွေကို ရေနွေး စိမ်ကြည့်လိုက်သောအခါ…
နေ့တိုင်းသုံး တဲ့ ပိုက်ဆံတွေ ကို ရေနွေး စိမ်ကြည့်လိုက်သော အခါ..(အားလုံးပဲ သတိထား ကြပါ) မြန်မာပြည်က ငွေစက္ကူများ။အိတ်ကပ်ထဲကအန္တရာယ်ကောင်။ သူတို့ဆီကနေလည်း Covid 19 က ကူးမယ်ဆိုတာ မယုံစရာမရှိပါဘူး။ ပိုက်ဆံပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်က ၉ ရက်လောက် နေနိုင်တယ်လို့ သိရပါတယ်…. ခုပို က်ဆံတွေဆိုရင် သိပ်ပြီးညစ်နွမ်းနေတာတွေ မပါသေးပါဘူး။ ဒါတောင်ရေနွေးနဲ့စိမ်လိုက်တာမှာ အဲ့လောက်ညစ်နေပါတယ်။ ငွေကိုလက်နဲ့မကိုင်ပါနဲ့…။ ပြန်အမ်းငွေမကိုင်ရအောင် ကို‌ယ်ပေးတဲ့ပိုက်ဆံနဲ့ အစွန်းထွက်မလိုအပြတ်ဝယ်တာပိုကောင်းပါတယ်…။ ကိုယ်ဝယ်တာ 2700 ဆိုရင် 3000ဖိုးအပြည့် တခုခုဝယ်လိုက်တာမျိုးပေါ့။ တတ်နိုင်တဲ့သူတွေကတော့ cashless သွားပါ။ ခုလောလောဆယ် အိမ်ထဲတင်မက အိပ်ကပ်ထဲပါ ဝင်နေတဲ့ အန္တရာယ်ကောင်ပါ…။ ။ ခရက်ဒစ် Unicode Version နေ့တိုင်းသုံး တဲ့ ပိုက်ဆံတွေ ကို ရေနွေး … Read more
မယား နေစ ကြောင်သေမှ ၊လင်နေစ ဆင်သေမှ တဲ့
မယား နေစ ကြောင်သေမှ တဲ့…. အဓိပ္ပါယ်က….အိမ်ထောင်ပြု ပြီးတဲ့ ယောက်ျားတစ်ယောက်က ကြောင် (၅) ကောင်ကို သတ်ရတယ် ၁။ ဇီဇာ မကြောင်ရဘူး ၂။ သဝန် မကြောင်ရဘူး ၃။ သရဲဘော မကြောင်ရဘူး ၄။ သတ္တိ မကြောင်ရဘူး ၅။ ဖွန်လဲ မကြောင်ရဘူး အဲ့သည့် ကြောင်ငါးကောင်ကိုအသေသတ်နိုင်ရမယ်လို့ ဆိုလိုတာ အဲ….llllll လင် နေစ ဆင်သေမှ ဆို တဲ့ အဓိပ္ပါယ်ကလဲ… အိမ်ထောင်ပြု ပြီးတဲ့ မိန်းမတစ်ယောက်က ဆင် ၅ ကောင်ကို သတ်ရတယ် ၁။ အပြောအဆို ဆင်ခြင်ရတယ် ၂။ အနေအထိုင် ဆင်ခြင်ရတယ် ၃။ အသွားအလာ ဆင်ခြင်ရတယ် ၄။ အသုံးအစွဲ ဆင်ခြင်ရတယ် … Read more
ဗုဒ္ဓဘာသာစစ်စစ်မှန်ရင် ဘုရားစေတီတွေရဲ့ရှေ့မှာ ခြသေ့င်္ရုပ်ထားခြင်းရဲ့ အဓိပ္ပါယ်ကို သိထားသင့်ပါတယ်….
ဘုရားစေတီတိုင်းလိုလိုရဲ့ ရှေ့မှာ ခြသေ့င်္ရုပ် တွေရှိတာ အားလုံးသိကြမှာပါ။ဘာကြောင့်ဒီလိုထားရသလဲ ဆိုတဲ့အကြောင်းကိုတော့ သိသူရှိသလိုမသိသူများလည်း ရှိပါလိမ့်မယ်။ မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်တင်ပြလိုက်ပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို ဖြေဆိုခဲ့သူက အမပူရနန်းတည် ဘိုးတော် ဘုရားလက်ထက် ပရိယတ္တိအရာမှာ နေတစ်ဆူလတစ်ပါး ထင်ရှားကျော်ကြားခဲ့တဲ့ မုန်တိုင်ပင် ဆရာတော်ဘုရားကြီး ဖြစ်ပါတယ်။ ဆရာတော်ကြီး က ဘုရားစေတီ မုခ်ဝမုခ်ဦး၌ ခြသေ့င်္ရုပ်တုများ ထားခြင်းနှင့် စပ်လျဉ်းပြီး- “ဂေါတမမြတ်စွာဘုရား အလောင်းဟာ ပဒုမ မြတ်စွာဘုရားရှင် လက်ထက်မှာ ကေသရာဇာခြသေ့င်္မင်းဖြစ်ခဲ့သည်။ တစ်နေ့သောအခါ အလောင်းတော်ခြသေ့င်္မင်း အစာရှာထွက်စဉ်တောအုပ်အလယ်နေရာ၌ ပဒုမ မြတ်စွာဘုရားရှင် သည် နိရောဓသမာပတ် ဝင်စားလျက်ရှိသည်ကိုဖူးတွေ့လိုက်ရသည်။ ခြသေ့င်္မင်းသည် လွန်စွာမှ ကြည်ညိုအာရုံ ရှိသော ဘုရားဂုဏ်ကိုအာရုံပြုလျက် နှစ်သက်ခြင်း ၊ ပီတိဇောအဟုတ် ဖြင့် ခုနစ်ရက်ပတ်လုံး အစာရှာမသွားတော့ပဲ … Read more
လူပျိုကြီး အပျိုကြီးများ သေဆုံးလျှင် ငှက်ပျောတုံး ထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်
လူပျိုကြီး အပျိုကြီးများ သေဆုံးလျှင် ငှက်ပျောတုံး ထည့်ရခြင်းရဲ့ အကြောင်းရင်းမှန်… ငှက်ပျောတုန်းထည့်ခြင်းအဓိပ္ပါယ်… onile ပေါ်မှာ အသက်၈၇ နှစ်အပျို ကြီး အခေါင်းထဲငှက်ပျောတုန်းထည့်ခြင်းနဲ့ပက်သက်ပြီး ထည့်ရတဲ့အနှစ်အစစ်ကို ပြောချင်လို့ပါ လူပျိုကြီး အပျိုကြီးသေဆုံးခြင်းနှင့် ငှက်ပျောတုံး မည်သို့ ပတ်သတ်ပါသနည်း ..? အားလုံးလိုလို ပြောဆိုစနောက်နေကြတဲ့ ဟာသစကားလေး တစ်ခွန်းကသေရင် ငှက်ပျောတုံးဖက်နေရမယ် နော် ဆိုတဲ့ ကျီစယ်မှုလေးကြောင့် တစ်ယောက်စ တစ်ရာဆိုသလို တစ်ယောက်က စလို့ သူစ ကိုယ်စနဲ့ လူပျိုကြီး အပျိုကြီးတွေအတွက် ငှက်ပျောတုံးက စ,စရာတစ်ခု ဖြစ်လာ ခဲ့တာထင်ပါတယ် ။ သာမာန်အမြင်အယူအစအနေနဲ့ ငှက်ပျောတုံးကပဲ သေသူအတွက် အဖော်ဖြစ်စေသလိုလို ၊ ဒီဘဝ အိမ်ထောင် မကျပဲသေသွားရလို့နောက်နောင်ဘဝတွေ အတွက်အိမ်ထောင်ကျအောင်ဓာတ်ရိုက် ဓာတ်ဆင်သဘောနဲ့ ယတြာချေတာလိုလို ဒီလိုပဲ ထင်မြင်နေကြတာပါ … Read more
ရသေ့ကြီး ဦးခန္တီ၏ ရောင်းအား ဝယ်အား တိုးစေသော အကောင်းဆုံး အစီအရင် ယတြာ…
ရသေ့ကြီးဦးခန္တီ၏ ရောင်းအား ဝယ်အား တိုးစေသော အစီအရင် ရသေ့ကြီးဦးခန္တီ၏ ရောင်းအား ဝယ်အား တိုးစေသောအစီအရင် ပြုလုပ်ရန် လိုအပ်သောပစ္စည်းများမှာ သံပုရာသီးအစစ်တစ်လုံး ဖယောင်းတိုင်အလယ်အလတ်(၁)ချောင်း မီးခြစ် ကြွေပန်းကန်တစ်ချပ် ခဲတံ တို့လိုပါတယ် ပထမဆုံးခဲတံတစ်ချောင်းဖြင့်ဖယောင်းတိုင်အောက်ခြေကနေ မိမိဖြစ်ချင်သောဆန္ဒကို ရောင်းအားဝယ်အားတတ်စေ အောက်ခြေကနေအထက်သို့ ရေးပါပုံပါအတိုင်းသံပုရာသီးအပေါ် ဖယောင်းတိုင်ကိုစိုက်ပြီးမီးထွန်းညှိပါ အောက်က ကြွေပန်းကန်တစ်ချပ်ခံပါ ပြီးရင် မိမိပြုလုပ်နေကြအတိုင်း ဘုရားရှိခိုးပြီး အောက်ပါ ဂါထာအားတတ်နိုင်သမျှ ရွတ်ဆိုပေးပါ ရသေ့ကြီးဦးခန္တီပေးသော (ဓနသိဒ္ဓိဂါထာအရဟံ ဗဟိအန်တဇယံသုဂတံ အ မိတံ ဝိရဇံ လလိတံအတုလံ စရဏံ တိဘဝူပ သမံ ယမကံသုခဒံ သရဏံ ပဏာမာမိ ဇိနံ) တတ်နိုင်သမျှ ရွတ်ဖတ်ပူဇော်ပေးပါ ဖယောင်းတိုင် မကုန်ခင် မီးငြိမ်းလိုက်ပါ သံပုရာသီးကို ဘုရားမှာ တင်ထားလိုက်ပါ။ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ပြီး အဆင်ပြေနေသော … Read more
သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ မဖြစ်မနေ သိထားသင့်တဲ့ ဗဟုသုတလေးပါ…..
သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ သိထားသင့်တဲ့ ဗဟုသုတလေးပါ မေမေ ပြောပြတဲ့ ပျိုမေ တို့အကြိုက် သနပ်ခါး ကျောက်ပျဉ် သနပ်ခါး ကျောက်ပြင် အသစ်ဆိုရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပဲအဲသလိုလုပ်လို့မရပါဘူး ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ် ဘိလပ်မြေ လိုမျိုးကိုပုံပြု့ထားတဲ့ကျောက်ပျဉ်ဖြစ်ဖြစ်ပထမဦးဆုံးအသုံးမပြု့ခင်မှာဝယ်လာတဲ့ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကိုထည့်ပြီးရေနဲ့တစ်ညစိမ်ထားပါနောက်တစ်ရက်မှာနနွန်းတက်နဲ့ဆီ+ဆားနဲ့ကိုသွေးပြီးတစ်နေကုန်နေလှမ်းထားရပါတယ် ဆီခြောက်တော့မှသနပ်ခါးကျောက်ပျဉ်ကိုရေထပ်ဆေးပြီးမှမိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ် ထွက်လာတဲ့ သနပ်ခါး ကလေးတွေကညက်နေပြီးတနေကုန်ပါးပြင်ပေါ်အရာထင်နေပါတယ်တဲ့ကဲ ကျောက်ပျဉ်အ သစ်ကိုဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့ မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲ မိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့ သနပ်ခါး ကိုအားစိုက်သွေးနေရတော့လေ့ကျင့်ခန်းလုပ်နေတယ်လို့မထင်ရပေမယ့် နှစ်နဲ့ချီပြီးနေ့စဉ်သွေးနေရတော့လက်မောင်းကြွက်သွားတွေကပိုပြီးသန်မာတယ် ပျော့ပြီးရွဲကျခြင်းမျိုးမဖြစ်ဘူးတဲ့ ဘယ်ညာတော့လှည့်သွေးပေါ့တဲ့ ငရုပ်သီးထောင်း တာလဲအတူတူပဲတဲ့ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ပြောတယ်…။ မိုးမခ Unicode Version သနပ်ခါးကြိုက်တဲ့ မိန်းခလေးတွေ … Read more
(၃)လပဲခံတော့မယ့် ကင်ဆာလူနာတွေကို အံ့သြဖွယ် ပျောက်ကင်းစေခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းချက်
၈ ရက်နေ့မှ ၁၅ရက်နေ့အတွင်း မိုးရွာသွန်းမယ့် တိုင်း၊ ပြည်နယ်ကြီးများ နှင့် မိုးလေဝသအခြေအနေများ
၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မိုးရွာသွန်းမယ့် တိုင်း၊ ပြည်နယ်ကြီးများနှင့် ယနေ့မိုးရွာမယ့် မိုးကုတ် ရှမ်းမြောက် ၂၀၂၁ ဇွန်လ ၈ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာတစ်နိုင်လုံးမှာ မိုးတွေရွာလာနိုင်ပြီး တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့ပိုင်း ရခိုင်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပါတယ်.. Su Su San.. (၂၀၂၁ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် … Read more