ချွေးနံ့ပြင်းတာ သက်သာအောင် ဒီ ၅ ချက် မှန်မှန် လုပ်ပေးပါ
ချွေးနံ့ပြင်းတာ သက်သာအောင် ဒီ ၅ ချက် မှန်မှန် လုပ်ပေးပါ.. ၁။ ရေချိုးမပျင်းဘဲ နေ့တိုင်းနေချိုးပါ။ တစ်နေ့ကို အနည်းဆုံး နှစ်ခါတော့ ချိုးပေးပါ။ ရိုးရိုးရေနဲ့ ချိုးတာ ထပ်ဖြစ်နိုင်ရင် ရေနွေးနွေးလေးလေးနဲ့ ချိုးပေးပါ။ ၂။ ရေချိုးတိုင်း အနံ့ဆိုးထွက်တဲ့ အဓိကနေရာဖြစ်တဲ့ ချိုင်းကို သေချာဆေးကြောသန့်စင်ပေးပါ။ ပိုးသတ်ဆပ်ပြာသုံးပေးရင် ပိုကောင်းပါတယ်။ ၃။ ချွေးနံ့ပျောက်ဆေး တစ်ခုခုသုံးပါ။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေတဲ့ အမျိုးအစားချင်း မတူတာမို့ စမ်းသပ်သုံးစွဲကြည့်ပါ။ Roll on အနေနဲ့လာသလို Spray အနေနဲ့လည်း လာပါတယ်။ ၄။ ချိုင်းမှာ အမွေးအမျှင်တွေ ရှိနေတာက ချွေးနံ့ပိုအောင်းပြီး အနံ့ပိုပြင်းစေပါတယ်။ ဒါ့ကြောင့် ချိုင်းမွေး မှန်မှန် ရိတ်ပေးပါ။ ၅။ ချွေးထွက်နည်းအောင် ပွယောင်းပြီး ပေါ့ပါးတဲ့ … Read more
စီးပွားတက်မည့်အိမ်နှင့် စီးပွားခိုက်မည့်အိမ်…
ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ ဘယ်အမျိုးအစားထဲမှာပါနေလဲဆိုတာလေ့လာဆန်းစစ်ကြည့်လိုက်ရအောင်လေအိမ်ရဲ့ခေါင်းရင်းနေအိမ်သည်မိမိအိမ်ထက်မြင့်ပြီး ခြေရင်းအိမ်သည်လည်းမိမိအိမ်ထက်မြင့်ပါကကိုယ်နေထိုင်သောအိမ်သည်အမိုးနိမ့်နေလျှင်အိမ်ပုခက်ဟုခေါ်သည် နေထိုင်သော မိသားစုစီးပွားတက်သည် ကိုယ့်အိမ်ခေါင်းရင်းအိမ်ကအမိုးနိမ့်မည် ။ကိုယ့်အိမ်ခြေရင်းကလဲ အမိုးနိမ့်မည် ကိုယ့်အိမ်ကအလယ်မှ အမိုးမြင့်မားနေပါကအိမ်မြင့်မိုရ်ဟုခေါ်သည် ။ လူကြီးမိဘတို့ကို ခေါင်းရင်းဘက်ထား၍ပြူ စုလုပ်ကျွေးအားသဒ္ဓါပြည့်ကအထူးကောင်းမွန်၏ ။ ကိုယ့်အိမ်၏ခေါင်းရင်းကမြင့်မည် ။ကိုယ့်အိမ်၏ ခြေရင်းက ကိုယ့်အိမ်ထက်နိမ့်နေပါကအိမ်တောင်တန်းဟုခေါ်သည် ။တစ်စိမ့်စိမ့်စီးပွားဖြစ်၏။ ကိုယ့်အိမ်၏ခေါင်းရင်းကနိမ့်၍ကိုယ့်အိမ်၏ ခြေရင်းအိမ်က မြင့်နေပါကစီးပွားအသည်းအသန်ရှာရတတ်ပေသည် ရေဆန်အိမ်ဟုခေါ်သည်။ရှေးလူကြီးများကမဝယ်သင့်ဟုဆိုကျသည် ကိုယ့်အိမ်၏ခေါင်းရင်းနားတွင် မီးဖိုအကြီးကြီးဖြင့်စီးပွားရှာသောအိမ်ရှိနေပါက ထိုအိမ်ကိုဘုရားဆောင်ရွှေ့ခြင်းသို့မဟုတ်အိမ်အမိုးထပ်မြှင့်ခြင်းပြုအပ်၏မကျန်းမမာဖြစ် တတ်၏ ။ ဦးခေါင်းအပူတိုက်ဟုခေါ်ကြသည် ။သတိထားအပ်၏ ။ကိုယ့်အိမ်၏ ဘေးဘယ်ညာအိမ်တို့မှဆူညံစကား ပြင်းသော အသံချဲ့စက်ဆောင်းဘောက်စ်အသံအဆဲအဆိုနူတ်ကြမ်းတမ်းခြင်းပြုလုပ်နေပါကထိုအိမ်သည်နတ်ဆိုးလှည်းအိမ်ဟုခေါ်သည်။ အမင်္ဂလာအသံကြားတွင်ညပ်နေ၍ဖြစ်သည် ။မေတ္တသုတ် မပြတ်သရဇ္ဈယ်အပ်၏ ။ အလွန်စပ်စပ်စုစုနိုင်သော အိမ်နီးပါးချင်းငွေအချေးအငှားအလွန်ပက်စက်၍ပြန်ဆပ်လျှင်လက်အလွန်ခက်သောသူတို့နှင့်နေထိုင်ရပါကမရှိပါ ဟူသောစကားကိုလိမ်ညာပြောတတ်ရ၍ သီလ မလုံသောကံကို စီရင်ဖန်တီးမိနေတတ် ၍အလိမ္မာဖြင့်ဝစီကံထိမ်းထိမ်းသိမ်းသိမ်းသတိထားပြောရတတ်၏။ ဝစီဗေဒထိတိုင်းရှသည်ဟူသည်နှင့်အညီကိုယ်ပါ ဆင်းရဲနွမ်းပါးလာတတ်၏ ။ #Credit Unicode Version ကိုယ်ယခုနေထိုင်နေတဲ့ အိမ်ဟာ … Read more
ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ
ဖုန်းရေစိုတဲ့အခါ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေ ဖုန်းရေစိုတယ်ဆိုတာ ဖုန်းနဲ့မကင်းသူတိုင်း ကြုံတွေ့ရလေ့ရှိပါတယ်။ မတော်တဆ ရေထဲကို ပြုတ်ကျတဲ့အလေ့အထကို အားလုံးနီးပါး ကြုံခဲ့ရဖူးမှာပါ။ တခါလေ အပြင်ထွက်ရာ ထီးမပါလို့ မိုးရေစိုတာတွေ၊ မိုးရေစင်နိုင်တဲ့နေရာမှာ ဖုန်းကို ထားမိတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းရေစိုတဲ့အခါမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေနဲ့၊ တကယ် ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ရေစိုဖုန်းကို ဆန်ထဲမှာထည့်ထားတာဟာ မှန်သလား – ဆန်ဟာ သာမန်အားဖြင့် ရေငွေ့ကို ဖယ်ထုတ်နိုင်တယ်ဆိုတာ မှန်သော်လည်း ထင်ထားသလောက် မမြန်ဆန်ပါဘူး။ ဆန်ထဲကိုဖုန်းကို ထားရှိခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဖုန်းရဲ့အပေါက်မျိုးစုံကနေ ဆန်ရဲ့အမှုန်တွေ၊ ဆန်ကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါဖြင့် ဘာလုပ်ရမလဲ …? (၂) အရင်ဆုံး လုပ်ရမှာကတော့ … Read more
မိခင်အတွက် ငွေတပြားမှမထုတ်တဲ့ သားဖြစ်သူရဲ့ စိတ်ရင်းအမှန်
ချစ်ပရိသတ်ကြီးရေ လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာပါနော်။ မိဘနှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်။ ဖခင်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတာမလို့ သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြတာပါ။ တကယ်တော့ ဖခင်တွေကလည်း သားသမီးတွေကို ချစ်ကြပါတယ်။ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ သားအတွက် အမြဲစဉ်းစားပေးတဲ့ မိခင်နဲ့ မိခင်မသိအောင် နောက်ကွယ်က အမြဲဂရုတစိုက်ရှိတဲ့သား သူတို့သားအမိ နှစ်ယောက်အကြောင်းလေးပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ သန်းကြွယ်သဌေးကြီးက သူ့အမေကိုသွားတုစိုက်ပေးဖို့အတွက် အကောင်းဆုံးသွားဆရာဝန်စီကိုခေါ်သွားပါတယ်။ ဆရာဝန်က အမေကြီးကိုသေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကိုထုတ်ပြပါတယ်။ အမေကြီးက ဈေးမေးလိုက်တယ် ပြီးတော့ ခေါင်းခါပြပြီး ဈေးအပေါဆုံးကိုပြခိုင်းပါတယ်။ ဆရာဝန်က သူ့သားကဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာသုံးဖို့အတွက် သူ့သားဘောစိကိုမျက်ရိပ်မျက်ကဲပြလိုက်တယ်…ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။ ဆရာဝန်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။ ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီးဟိုဖက်တောင်လှည့်သွားလိုက်သေးတယ်။ ဆရာဝန်စိတ်ထဲမှာတော့ ဒီကောင် … Read more
အသက်ငယ်ငယ်လေးနဲ့ ဆံံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ
အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ ဆံပင်တွေပြန်နက်ကုန်ပြီးတဲ့ ဆံဖြူသူတို့ ဆံကေသြာ ပန်မနက်ေ တာ့ဘူးဆိုရင် စိတ်တွေပဲ ထိုင်ညစ်မနေပါနဲ့… နည်းလမ်းလေးရှိပါ တယ်… ပင်ကိုယ်ဗီဇ အနက်ရောင်ရှိတဲ့ နတ်သစ်ရွက်က ဦးဆောင် သွားမှာပါ။ အဲ့ဒါက လက်ဖက်ခြောက်ပါပဲ လက်ဖက်ခြောက်ကို မီးနဲ့ ကျွတ်အောင်လှော်ပါ။ နောက်တစ်ခုက သိပ်အရေးကြီးတဲ့ ကြိတ်မှန်ရွက်ကို သိဖို့လိုပါတယ်။ ဆံပင်ပြန်နက်ဖို့ သူ့ရဲ့အကူအညီ ကလည်း လိုတာကိုး။ ကြိတ်မှန်ရွက်က မသိလို့သာရှား တာပါ။ အလေ့ကျလမ်းဘေးေ ပါက်တာပဲ။ ကြိတ်မှန်ရွက်ကို နေရိပ်မှာလှန်း ခြောက်ရင် လက်ဖက်ခြောက် အလှော်မှုန့်(၃)ဆ ၊ ကြိတ်မှန်ရွက် အခြောက်မှုန့်(၁) ဆကို အုန်းဆီစစ်စစ်နဲ့ ရောဖျော်ပြီး နေတိုင်းလိမ်းပေး။ (မပျစ်မကျဲ အုန်းဆီစစ်စစ် နှင့်စပ်ပါရန်) ဆံပင်တွေပြန်နက်တာ ဟုတ်ပမလားတော့ မမေးနဲ့ လက်ဖက်ခြောက် … Read more
အိမ်ရှင်ထီး အိမ်ရှင်မတွေ မသိသေးတဲ့ “ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ”
“ထမင်းချက်ခြင်းဆိုင်ရာ လျှို့ဝှက်ချက်များ” အိမ်ရှင်မ / အိမ်ရှင်ထီး များအတွက် အသုံးဝင်မဲ့ လက်တွေ့အသုံးချနိုင်တဲ့ ဗဟုသုတပါ။ အိမ်ရှင်မ/ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။ ၁။ ရှာလကာရည် – ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။ ၂။ ဘီယာ – ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ … Read more
ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဟောကိန်းနဲ့ အနာဂတ်မြန်မာပြည်ကြီး၏ အလွန်းအားရဖွယ်ကောင်းသော အချက်များ
ကမ္ဘာကျော်လက္ခဏာဆရာကြီး ကိုင်ရို ဟောကိန်းနဲ့ အနာဂတ်မြန်မာပြည်ကြီး၏ အလွန်းအားရဖွယ်ကောင်းသော အချက်များ ကမ္ဘာကျော် လက္ခဏာဆရာ ဖြစ်သော ကိုင်ရိုသည် ကမ္ဘာတွင်ဖြစ်ပျက်လာမည့် အရာများကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ရာ မှန်ကန်သဖြင့် အလွန်မှပင် ထင်ရှားကျော်ကြားလေသည်။ တစ်နေ့တွင် မစ္စတာကိုင်ရိုထံသို့ အမေရိကန် သံအမတ်ကြီး ရောက်ရှိလာလေသည်။ ကိုင်ရိုမှ ခရီးဦးကြိုဆို နေရာထိုင်ခင်းပေးပြီး သံအမတ်ကြီးနှင့် စကားစမည်ပြောလေသည် ကိုင်ရိုသည်ကား ကမ္ဘာ့ခေါင်းဆောင် တော်တော်များများနှင့် ကမ္ဘာ့ရေးရာများကို ဟောကိန်းထုတ်ထားရာ မှန်ကန်သဖြင့် နိုင်ငံခေါင်းဆောင်များ၊ဝန်ကြီးများ၊သံအမတ်များ ဖြင့် သိကျွမ်းလေသည် သံအမတ်ကြီးလာသောအချိန်သည်ကား ပထမ ကမ္ဘာစစ်ကြီးပြီးသော အချိန်ဖြစ်လေသည်။ သံအမတ်က ကိုင်ရိုအားမေးလေသည် မစ္စတာ ကိုင်ရိုရေ တခုလောက်ကူညီပါ။ ဘာများလဲ သံအမတ်ကြီး ။ အခုက ကြီးမားတဲ့ ကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီလေ ။ တို့အမေရိကန်တွေ မဟာမိတ်ဘက်ကဝင်ကူတိုက် လို့ … Read more
မတော်တဆ ကင်းမြီးကောက် ကင်းခြေများ ကိုက်ခံရလျှင် အမြန်ဆုံးနှင့် အလွယ်ဆုံး အဆိပ်ဖြေနည်းများ
၁။ ကင်းခြေများ မတော်တဆ ကိုက်ခံရပါက –သင်္ဘောသီး အစိမ်း အခွံမှ အစေးကို ကိုက်ခံရသော နေရာတွင်လိမ်းပေး ခြင်းဖြင့် အဆိပ် ချက်ချင်း ပြေနိုင် ပါတယ်။ ၂။ ကင်းမြှီးကောက် ကိုက်ခံ ရပါက –သံပုရာသီး အရည်နှင့် အချိုမှုန့် သမအောင် ရောစပ်၍ ရသော အရည်ဖြင့် ကိုက်ခံရသော နေရာအား လိမ်းပေးပါက၁၀ မိနစ် အတွင်း အဆိပ်ပြေ နိုင်သည်။ ၃။ ကြက်သွန်နီ ၃ လုံးကို မီးဖုတ်ပါ –မီးဖုတ်ပြီးသော ကြက်သွန်နီကို ထောင်း၍ အရည် ညစ်ယူပါ။ ကြက်သွန် မီးဖုတ် အရည်ကို အကိုက် ခံရသည့် နေရာကို လိမ်းပေးပြီးအဖတ်များ ကိုလည်း အနာပေါ်ကို အုံ၍ အဝတ်ဖြင့် စည်းထားပါ။ … Read more
ဘွဲ့ရနှင့် ငါးစိမ်းသည်တွေ့ကြသောအခါ
ဘွဲ့ရနှင့် ငါးစိမ်းသည် ယနေ့မနက် ငါးကြော်လေး စားချင်လာ သဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက် လာသည် ။ကျွန်တော် ဝယ်နေကျ ငါးဆိုင် ရှိသည်။ ငါး ကြင်းတစ်မျိုးတည်း ရောင်းပြီး ဖော်ရွေသည်။ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ ရှိသည်။ငါးရောင်း သူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည် ဆိုသည်မှာ စွာတာတာ ၊ ကက်ကက်လန် ၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော် ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ ဘာလဲ ဆိုင်ဟင်းကို မုန်းလို့ ရောက် လာတာလား” “မဟုတ်ပါဘူး ခရီးထွက်တာတွေ များနေလို့” “ငါးကြင်းဖြူ ဗိုက်သားလေးနဲ့ တွဲထားတဲ့ အပိုင်း ချိန် လိုက် မယ်နော်”“အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … Read more
လူသိပ်မသိသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့နာမည်(၈)မျိုး