
တက္ကသိုလ်တွင် ထူးချွန်စွာဖြင့် ဘွဲ့ရရှိခဲ့သည့် ကောင်မလေး၏ မိသားစုအခြအနေကို သိလိုက်ရသောအခါ လူအများမှ မျက်ရည်ကျခဲ့ရသည့်အဖြစ် လူတိုင်းသည် ဘဝကြီးထဲတွင် အဆင်ပြေစွာဖြင့် အမြဲတမ်းနေထိုင်နေကြရသည်မဟုတ်ပေ။ အောင်မြင်ကြီးပွားနေသော လူများတွင်လည်း တစ်ချိန်က အဆင်မပြေမှုဆိုတာကို ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ ယခုတွင်လည်း ဗီယက်နမ်မှ Thuy Hangဆိုသည့် ကောင်မလေးဟာ တက္ကသိုလ်မှ အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။ ကောင်မလေးဟာ တက္ကသိုလ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော်လည်း စာများကို သေချာစွာသင်ကြားခဲ့ရခြင်းမျိုးမဟုတ်ပေ။ နာမကျန်းဖြစ်နေသည့် မိဘနှစ်ဦးလုံးကို ပြုစုစောင့်ရှောက်နေခဲ့ရပြီး အချို့နေ့များတွင် ကျောင်းပင်မသွားရဘဲ မိဘများကို ပြုစုနေခဲ့တာဖြစ်ပါတယ်။ ကောင်မလေး၏ အမဖြစ်သူ၏ ကြိုးစားပေးမှုတို့ကြောင့်သာ ကျောင်းဆက်တက်ခွင့်ရခဲ့ကာ တက္ကသိုလ်တွင် အထူးချွန်ဆုံးဖြစ်လာခဲ့ရဖြစ်ပါတယ်။ Credit Unicode Version တက္ကသိုလ်တွင် ထူးချွန်စွာဖြင့် ဘွဲ့ရရှိခဲ့သည့် ကောင်မလေး၏ မိသားစုအခြအနေကို သိလိုက်ရသောအခါ လူအများမှ မျက်ရည်ကျခဲ့ရသည့်အဖြစ် လူတိုင်းသည် … Read more

အောင်လရဲ့အနီးစပ်ဆုံး ဖြစ်ပေါ်လာမယ့် ပွဲကောင်းတစ်ပွဲက ဂျပန်ဖိုက်တာကြီး အိုကာမီနဲ့ဖြစ်လာနိုင်လာမလား

အောင်လရဲ့အနီးစပ်ဆုံးဖြစ်ပေါ်လာမဲ့ ပွဲကောင်းတစ်ပွဲက ဂျပန်ဖိုက်တာကြီး အိုကာမီနဲ့ဖြစ်လာနိုင်လာမလား အောင်လနဲ့ပတ်သက်ပြီး အနီးစပ်ဆုံးဖြစ်ပေါ်လာမဲ့ ပွဲကောင်းတစ်ပွဲက ဂျပန်ဖိုက်တာကြီး အိုကာမီနဲ့ဆိုတာ သိုင်းလောကသားများအကြား လူပြောများနေကြပါတယ် …ဟုတ်ကဲ့ , ကျွန်တော့်အနေနဲ့လဲ ယင်းပွဲစဉ်နဲ့ပတ်သက်ပြီး ပွဲကြိုသုံးသပ်ချက်များအား ပရိသတ်ကြီးထံပါး တင်ဆက်ရေးသားပေးသွားမည်ဖြစ်ကြောင်း ကတိခံခဲ့ပါတယ်…. တည့်တည့်ပြောရမယ်ဆိုရင် အောင်လနဲ့ အိုကာမီ ဒီMMAမောင် 2 ဦးရဲ့ အရည်အသွေးပိုင်းကတော့ လတ်တလောအခြေအနေအရ ကိုအောင်လကြီးဘက်က အပြတ်အသတ် သာနေပုံထောက်ပါတယ် . ဒါကတော့ စာရေးသူ ကျွန်တော့်ရဲ့ အမြင်မို့ ပရိသတ်ကြီးအနေနဲ့လည်း လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် … သို့သော်ငြား နတ်ကြီးလွန်းတဲ့ သိုင်းလောကနဲ့ပတ်သက်ပြီး ယတိပြတ်လည်း မပြောဝံ့ပါဘူးဗျာ . တစ်ဖန် ဂျပန်ဖိုက်တာကြီး အိုကာမီဆိုတာကလည်း တစ်ချိန်က ဒိတ်ဒိတ်ကြဲ ကစားသမားကြီးတစ်ဦးပါ .. Fight record အရဆိုရင်လည်း … Read more

နေမကောင်းဖြစ်နေသည့် ဇနီးသည်လေးကို ဆန်ပြုတ်လေးကျိုတိုက်ချင်လို့ ဈေးလာဝယ်ခဲ့သော်လည်း

နေမကောင်းဖြစ်နေသည့် ဇနီးသည်လေးကို ဆန်ပြုတ်လေးကျိုတိုက်ချင်လို့ ဈေးလာဝယ်ခဲ့သော်လည်း ဆိုင်တွေအကုန်ပိတ်ထားသောကြောင့် ဝမ်းနည်းစွာငိုနေခဲ့သည့် အဖိုး လူတိုင်းက မွေးဖွားလာသည်နှင့် အဆင်ပြေစွာ နေထိုင်နိုင်ကြသည်မဟုတ်သော်လည်း လူအချို့ကတော့ အောင်မြင်သူတစ်ဦးအနေဖြင့် အခွင့်အရေးများ ရရှိလာခဲ့သည်။ သို့သော်လည်းအဆင်မပြေမှုတွေထဲတွင် သံသရာလည်နေရေသာ လူများဟာလည်း များစွာရှိနေသေးသည် ဖြစ်ပေသည်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရပ်ကွက်၅တွင် အဖိုးအိုတစ်ဦးဟာ နေမကောင်းသော ဇနီးသည်လေးကိုဆန်ပြုတ်ကျိုတိုက်ရန်အတွက် နေအိမ်တွင် ဆန်ကုန်နေခဲ့သည်။ထို့ကြောင့် ဆန်1kgလောက်ဝယ်ယူရန် ထွက်လာခဲ့သော်လည်း ဆိုင်များအားလုံးဟာ ပိတ်ထားခဲ့သည့်အတွင် ဝမ်းနည်းစွာငိုနေခဲ့တာဖြစ်ပါတယ်။ အဖိုးအို၏အဖြစ်ကို မြင်တွေ့ခဲ့ရသော Hai Anဆိုသည့် အမျိုးသားဟာ သူ၏နေအိမ်မှ ဆန်ဆီအနည်းငယ်လေးကို ပြန်လည်လှုဒါန်းမှု ပြုလုပ်ပေးခဲ့သောကြောင့် အဖိုးဟာ ကျေးဇူးတင်မဆုံးဖြစ်နေခဲ့ရတယ်လို့ ဆိုပါတယ်။ Shoon (Cele Daily) Unicode Version နေမကောင်းဖြစ်နေသည့် ဇနီးသည်လေးကို ဆန်ပြုတ်လေးကျိုတိုက်ချင်လို့ စျေးလာဝယ်ခဲ့သော်လည်း ဆိုင်တွေအကုန်ပိတ်ထားသောကြောင့် … Read more

ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား..?ဒါဆိုရင် ဒီစာလေးဖတ်ပါ

ကိုယ့်ကိုယ်ကို အပျိုဖော်ဝင်ပြီလို့ ထင်လိုက်ပြီလား…? ပျိုမေတို့ဟာ မိုးလင်းလို့ အိပ်ရာကထလိုက်တာနဲ့ အိပ်ရာခင်းပေါ်မှာ ဘာတွေ့မလဲ၊ လုံချည်မှာ ဘာတွေ့မလဲလို့ စိုးရိမ်စိတ်နဲ့ ရင်တွေဖိုရတာရယ်၊ မှန်ထဲ ကြည့်လိုက်ချိန်မှာ ငါ့ကိုယ်ခန္ဓာ ဘယ်လောက်များဖွံ့ထွားပြီး စွင့်ကားလာပြီလဲလို့ သုံးသပ်ရတာရယ် ဖြစ်လာပြီဆိုရင် ထင်တဲ့အတိုင်း အပျိုရိုင်းစိတ်တွေ ဝင်လာပြီလို့သာ မှတ်လိုက်တော့။ စိတ်ကူးတွေ ယဉ်ချင်လာတာကနေ ကျောင်းရောက်ရင် ငါ့ကိုကြည့်သူတွေ ရှိရဲ့လား၊ သတိထားသူတွေ ရှိပါ့မလားလို့ စိတ်ကစားတာ၊ အရွယ်တူယော က်ျားလေးတွေ ရဲ့ ဂရုစိုက်ကြည့်တာများခံလိုက်ရရင် ရင်ထဲမှာ သိမ့်သိမ့် တုန်လောက်အောင် ဖြစ်သွားတာတွေဟာလည်း ငါဘာလဲ ဆိုတာ ကြေညာလိုက်သလို ဖြစ်သွားပါ တော့တယ်။ ဒီအချိန် အရွယ်တွေမှာ မိဘတွေအတွက်တော့ အတော်လေး သောကပွားရတော့မယ်လို့သာ မှတ်လိုက်တော့။ ကိုယ်က မိဘအရွယ် ရောက်လာပြီ၊ ကိုယ်လည်း တစ်ချိန်တုန်းက … Read more

ဆိုးနေတဲ့ကံကို အမြင့်ဆုံးထိပြန်ကောင်းလာစေမယ့် အဆောင်တွေ

ဆိုးနေတဲ့ကံကိုအမြင့်ဆုံးထိပြန်ကောင်းလာစေမယ့် အဆောင်တွေ အဆောင်ပစ္စည်းတွေနဲ့ ကောင်းမွန်တဲ့အစီအရင်တွေက လူတစ်ယောက်ရဲ့ကံကို ကောင်းအောင်ပြုပြင်ပေးနိုင်တယ်ဆိုတာက ရာနှုန်းပြည့်လက်ခံဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကံကောင်းစေတဲ့အဆောင်လေးတွေက သင့်ကိုကံကောင်းစေဖို့ တွန်းပို့ပေးနိုင်ပါတယ်။ အခုဖော်ပြမယ့်အဆောင်လေးတွေကို အိမ်မှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာဆောင်ထားပြီး နေ့စဉ်မပျက်မကွက် မေတ္တာပို့ပေးရုံနဲ့ သင့်ရဲ့ကံကိုအမြင့်ဆုံးထိကောင်းစေပါလိမ့်မယ်။ (၁) အစိမ်းရောင်ဝါးပင် ဝါးပင်အကြီးကြီးတွေမဟုတ်ဘဲ အစိမ်းရောင်ဝါးပင်အသေးလေး သုံးပင်ကိုတစ်အိုးတည်းမှာစိုက်ထားပေးခြင်းက ပျော်ရွှင်ခြင်းကိုယူဆောင်လာပေးပြီး သင့်ရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ (၂) မွှေးရနံ့ မွှေးရနံ့သင်းသင်းလေးတွေရှိတဲ့နေရာမှာ နတ်ကောင်းနတ်မြတ်တွေ ရှိနေတယ်လို့ ရှေးအယူအဆတစ်မျိုးရှိပါတယ်။ အိမ်မှာ သန့်ပြန့်ပြီး မွှေးကြိုင်နေခြင်းက နတ်ကောင်းနတ်မြတ်တွေကိုနေပျော်စေတာကြောင့် ကံအထူးကောင်းစေတယ်လို့ ယူဆကြပါတယ်။ သင့်ရဲ့အိမ်ကို မွှေးပျံ့အောင်ထားပါ။ ငွေကြေးကံလည်းကောင်းပြီး ဘဝမှာပိုပျော်ရွှင်လာပါလိမ့်မယ်။ (၃) အံစာတုံး အံစာတုံးလေးတွေက သင့်ဆီကံကောင်းခြင်းတွေကိုယူဆောင်လာပေးနိုင်ပါတယ်။ အံစာတုံးလေးတွေက အသက်အန္တရာယ်နဲ့ပတ်သက်တဲ့ကံဆိုးမှုမျိုးကို တားဆီးပေးနိုင်တယ်လို့ ယူဆကြတာကြောင့် ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်သားတွေရဲ့အဆောင်ဖြစ်ခဲ့ပါတယ်။ တကယ်လည်း ကံကောင်းကြတယ်လို့ပြောကြပါတယ်။ အများစုကတော့ … Read more

အိမ်မှု့ကိစ္စ လုံးဝမလုပ်တတ်တဲ့ ကျွန်တော်နဲ့သားလေးကို ထားသွားတဲ့ ကျွန်တော့်ဇနီး (မျက်ရည်လွယ်ရင် မဖတ်ပါနဲ့)

မျက်ရည်လွယ်ရင် မဖတ်ပါနဲ့…. ကျွန်တော်ဇနီး သွေးကင်ဆာဖြစ်ပြီး ကျွန်တော်တို့ဆီကနေ ထွက်ခွာသွားတာ ခုဆို (၃)နှစ် ကျော်နေပါပြီ။ ကျွန်တော်ပြန်စဉ်းစားမိတယ်အိမ်မှု့ကိစ္စလုံးဝမလုပ်တက်တဲ့ ကျွန်တော်နဲ့သားလေးကိုထားခဲ့ရတာ သူဘယ်လောက်ထိ ဝမ်းနည်းနေမလဲဆိုတာ။ ကျွန်တော်ကိုယ်တိုင်လည်း မိဘနှစ်ပါးစလုံးနေရာကနေကောင်းကောင်းမလုပ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်ခဲ့ရပါတယ်။ တစ်ရက်မှာ ကျွန်တော်အလုပ်ကိစ္စနဲ့ မနက်စောစောခရီးထွက်ဖို့ရှိတော့ ခလေးအတွက် ဘာမှမပြင်ဆင်ပေးရပဲအိမ်ကတန်းထွက်လာခဲ့တယ်။ မနေ့ညက ထမင်းကြမ်းနဲ့ ကြက်ဥကြော်ထားခဲ့ပေးပြီးအိပ်ရာကမနိုးသေးတဲ့ သားလေးကို ပြောပြီး ထွက်လာခဲ့တယ်။ သားလေးကို ကောင်းကောင်းမွန်မွန် လူတန်းစေ့ထားနိုင်ဖို့အတွက် ကျွန်တော်လည်းအလုပ်ကိုကြိုးစားလုပ်ကိုင်နေရတယ်လေ။ အိမ်ပြန်မိုးချူပ်တဲ့တစ်ညမှာ ကျွန်တော်က သားလေးကိုလိုရင်းတိုရှင်းပဲ နူတ်ဆက်လိုက်ပါတယ်။ အလုပ်က ပင်ပန်းလာတဲ့အတွက်အင်္ကျီချွတ်ပြီး ကုတင်ပေါ် အရှိန်နဲ့ လဲပစ်ချလိုက်တယ်။ အဲ့ဒီအချိန်မှာ ” ဗွန်းကနဲ “ဆိုသလို အနီရောင်ဟင်းရည်တွေခေါက်ဆွဲတွေက အိပ်ယာခင်းနဲ့စောင်တွေကိုတခဏအတွင်းမှာပဲ စွန်းပေကုန်တယ်။ လက်စသတ်တော့ ခေါက်ဆွဲပန်းကန်က စောင်အောက်ကိုရောက်နေတာကို။ ဒီကောင်တော့ တကယ်ပါပဲ……ပြောတာ နှေးတယ်…လုပ်တာ မြန်တယ်……ချက်ချင်းပဲ … Read more

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကုဋေရှစ်ဆယ် သူဌေးသားကဗျာရဲ့ လိုအပ်ချက်တစ်ခု….

“ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ် ”နင်ကဘာသနားတာလဲ” ”နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်… သူက ဘာမဟုတ်တာလုပ်လို့လဲ”ဆရာမ မျက်လုံးပြူးပြီးကြည့်တယ် ဘာမှမပြောသေးဘူး ”သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်… လူတွေက ကျေးဇူးတရားနားမလည်ကြဘူးနော်” ”သူကပညာမှမတတ်တာ” ”ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ” ”အဲ့ဒါ” ”သားကတော့ အဲ့ဒီလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ သူတို့လည်းပညာမဲ့လောက်တယ်… ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်” ‘ဘာ” ”သားမေးပါရစေ အဲ့ဒိကဗျာကသေဋ္ဌးသားကို အကောင်းပြောတာလား မကောင်းပြောတာလား” ”ဟို မကောင်းပြောတာလေသားရဲ့””ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့” ”ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ” ”နှလုံးသားမဲ့တာကျတော့ရော စာနာစိတ်မဲ့တာကျတော့ရော မြေနိမ့်ရာလှံစိုက်တာကျတော့ရော ကူညီရကောင်းမှန်းမသိတာကျတော့ရော” ”ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား” ”ဆရာမ ဒီမှာကြည့်” ”နင် နင် ရိုင်းလှချည်လား” ”သားဘာရိုင်းလို့လဲ” … Read more

ရွှေကျီးသာ နိမိတ်အဟောနှင့်မှန်ခဲ့လွန်းသည့် သာဓကများ

ရွှေကျီးသာနိမိတ်အဟော… မင်္ဂလာပါ လူတွေအမြဲတမ်းသတိပြုထားသင့်ကာ လေ့လာမှတ်သား သိထားသင့်တဲ့ အတိတ် နိမိတ် စနည်းတဘောင်များစွာထဲမှ ရွှေကျီးသာနိမိတ်အဟောကို မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။“ကျီးးး”လူတိုင်းလူတိုင်း ငယ်စဉ်က ဆိုခဲ့ကြဘူးမှာပါ… မိုးလေဝသဗေဒင်ဟော တောက်တဲ့ကိုလူချော ရွှေကျီးညိုသာပါပေါ့ ဧည့်သည်လာပါတော့ ဒါတွေက အကြောင်းမဲ့မဟုတ်ဘူးဆိုတာ အတိတ်နိမိတ်ကိုလက်ခံယုံကြည်ကြသူတိုင်း သိကြမှာပါ။ ရတနာပုံနေပြည်တော်ပျက်သုဉ်းပြီး သီပေါပါတော်မူဖို့ ရက်တရာအလိုမှာသော်လည်းကောင်း ဗိုလ်ချူပ်အောင်ဆန်းလုပ်ကြံခံရဖို့ ရက်ပိုင်းအလိုမှာသော်လည်းကောင်း ထင်ရှားတဲ့များစွာသောနိမိတ်များထဲမှ ကျီးသာ သို့မဟုတ် ၊ကျီးပြို -အလွန်များသောကျီးတို့ တမြို့လုံးတနယ်လုံး နားမခံသာအော်မြည်ခြင်း။ ထိုသို့သောကျီးသာနိမိတ်နဲ့စပ်သော အထင်ရှားများစွာရှိခဲ့ကြပါသည်။ထိုကြောင့် ကျီးသာနိမိတ်နဲ့ အဆိုးအကောင်းကိုထင်မြင်သာစွာ သိစိမ့်သောငှာမျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ ကျီးသည် အရှေ့အရပ်သာသော် ချစ်ရခင်ရသော မိတ်ဆွေအပေါင်းသင်း သိုမဟုတ် ချစ်သူ ရောက်လာတတ်တွေ့ဆုံတတ်ပါသည်။ ကျီးသည် အရှေ့တောင်ဒေါင့်အရပ်မှာသာသော် မိသားစုအပူကြီးဖြစ်အံ့ မီးဘေးသော်လည်းသင့်နိုင်ပါသည်။ ကျီးသည် တောင်အရပ်မှသာသော် လာတ်လာဘရမည် တူ-တူမများ အိမ်ရောက်လာတတ်ပါသည်။ ကျီးသည် အနောက်တောင်ဒေါင့်မှသာသော် … Read more

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ ဆော့ကစားနေတဲ့ကလေးငယ်ကို မိခင်ဖြစ်သူက ရိုက်ဖို့ တုတ်ကိုင်ပြီးသွားလိုက်သောအခါ

မိုးရွာပြီးတဲ့အချိန် ဗွက်အိုင်ထဲမှာ သူကစားနေတာပေါ့။ဗွက်အိုင်ထဲမှာ ဆင်ကြီးလို လေးဖက်ထောက်ကြီး တွားသွားလိုက်၊ဗွက်တွေကို ဖင်ခုထိုင်လိုက်နဲ့။ ပုစွန်လုံးပေါက်လေးတွေကို ဖမ်းလိုက်၊ပြန်လွှတ်လိုက်နဲ့ အလုပ်တွေရှုပ်။သူ့ဘာသာသူ သဘောတွေကျပြီး တခစ်ခစ်ရယ် နေတတ်သေးတာ။ သူဘာလို့ အဲဒီလောက်ပျော်နေပါလိမ့် ဆိုတာကျွန်တော်မသိ။သူကတော့ ‌ဘယ်သူ့မှဂရုစိုက်ဘဲ ပျော်နေတာပဲ။ မကြာပါဘူး။ သူ့အမေက တုတ်ကြီးကိုင်ပြီးလာတော့တယ်။ကျွန်တော်တို့အနားမရောက်ခင်ကတည်းက သူ့ကိုကြိမ်းလာတာ။ သူ့မျက်နှာမှာ ခုနကပျော်နေတာတွေ ဘယ်ပျောက်သွားမှန်းမသိ။မျက်နှာက ညှိုးလာတယ်။မျက်လုံးကလေးတွေကိုကြည့်တော့ ကြောက်နေမှန်း သိသာတယ်။ “နင်လာစမ်း၊အဲဒီဗွက်တွေထဲမှာ ဘာလုပ်နေတာလဲ။”သူ့အမေကခေါ်နေပေမဲ့ သူက ချက်ချင်းမသွားဘူး။ထိုင်လျက်ပဲ။ သူ့အမေ ပိုပြီးဒေါပွလာပြီ။ “ဟဲ့၊ငါပြောနေတာမကြားဘူးလား။” ပြောလည်းပြော သူ့အနားလည်းရောက်သွားပြီး ရိုက်မယ်လို့တုတ်ကိုလှမ်းအမြှောက်မှာ ကျွန်တော်က “အစ်မ”လို့ ခေါ်လိုက်တယ်။ သူ့အမေက သူ့ကို မရိုက်မိလိုက်ဘူး။ ကျွန်တော့်ကိုလှည့်ကြည့်တယ်။ကျွန်တော်က “ဘာဖြစ်လို့ ကလေးကို ရိုက်မှာလဲ”လို့မေးလိုက်တယ်။ သူ့အမေ ကြောင်သွားတယ်။ “နင်မမြင်ဘူးလား။သူ ဗွက်ထဲမှာ ကမြင်းကြောထနေတာ”တဲ့။ “အဲဒါကြောင့် ရိုက်မှာလား။” … Read more

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး အဖြစ်

ဖုန်းနံပါတ်အပြဲလေးကိုင်ပြီး အမေဆီ ဖုန်းဆက်ချင်လို့ပါဆိုတဲ့ ကိုရင်လေး… ” ဦးဇင်း ဖုန်းဆက်လို့ရလား ” ” ဟေ ရတာပေါ့ဘုရား ကိုရင်က ဘယ်သူဆီများဆက်မလို့လဲ” အေမ့ဆီကိုပါ ” ” ဖုန်းနံပါတ်ကော ပါရဲ့လား ” ” ပါပါတယ်ဘုရား ”လက်ထဲကြည့်လိုက်တော့ နှစ်ပိုင်းပြတ်နေတဲ့ကတ္ထူစာရွက်လေး။” ဟာ ကိုရင် ဘယ်လိုများ နှစ်ပိုင်းပြတ်နေရတာတုန်း” ပျောက်မှာစိုးလို့ သင်းပိုင်ထဲလိတ်ထားတာပြဲသွားတာဘုရား ”သြော် ကိုရင်ရယ် အမေ့ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးကို ပျောက်မှာစိုးသတဲ့ ” ဒါဆို ကိုရင်က တစ်လုံးချင်းပြော ဦးဇင်းကနိုပ်ပြီး ဆက်ပေးမယ် ” ” မှန်ပါ့ 09………”.သူပြောသလို နိုပ်ပြီး ခေါ်လိုက်တာ ဖုန်းစင်တာကတပ်စင်ထားခြင်း မရှိကြောင်း တုန့်ပြန်ပြောပါတယ်…” ဟ ကိုရင် တပ်ဆင်မထားဘူးတဲ့ နောက်တစ်လုံးရှိသေးလား ” … Read more