ဒို့ဘုန်းကြီးလူထွက်တွေများ ညားလိုက်တိုင်း သူများအကျန် ဂျို(ချို)ကျိုးနားရွက်ပဲ့တွေချည်းပါလားကွာ

“ဟဲ့…ကပ္ပိယကြီး” “ဘုရား” ဘုန်းကြီး‌ရဲ့ ခက်ခက်ခဲခဲ မွေးလာရတဲ့ တပည့်ရဟန်းလေးတွေ နှစ်ပါးလုံး လူထွက်ပြီး မိန်းမရသွားကြပြီကွဲ့ “မှန်ပါ့ဘုရား” အဲဒါက ထားပါ ဘယ်သူမှ တစ်သက်လုံး ဝတ်ပါ့မယ်ဆိုပြီး စာချုပ်နဲ့ စာတမ်းနဲ့ ဝတ်ကြတာ မဟုတ်လေတော့ နှမျောပေမဲ့ နားလည်ပေးလို့ရပါတယ် ဘဝင်မကျတာက သူတို့ရတဲ့မိန်းမတွေပဲ၊ လူထွက်တစ်‌ယောက်က တစ်ခုလပ်မနဲ့ရသကွ၊ နောက်တစ်ယောက် ကျပြန်တော့လည်း မုဆိုးမနဲ့ ရသတဲ့ကွာ ဒို့ဘုန်းကြီး လူထွက်တွေများ ညားလိုက်တိုင်း သူများအကျန် ဂျို (ချို)ကျိုးနားရွက်ပဲ့တွေ ချည်းပါလားကွာ” “မှန်ပါ ဒါဟာ …ကာလဝိပါက် နောက်ပိုးတက်တာပါဘုရား ရှင်းရှင်းပြောရရင် ဝဋ်လိုက်တာပေါ့ဘုရာ့” “ဟေ..ဘာဆိုင်လို့တုန်း အဆန်းပါလား ကပ္ပိယကြီးရဲ့ လင်းစမ်းပါဦး” “ဘုန်းကြီးပဲ စဉ်းစားကြည့်လေ ဘုန်းကြီးဘဝတုန်းက ဦးဦးဖျားဖျား ဘုဉ်းပေးပြီး မကုန်လို့ကျန်တာရယ် မစားချင်လို့ကျန်တာရယ် စားကြွင်းစားကျန်ရယ်ပဲ သူများတွေကို … Read more

ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကုဋေရှစ်ဆယ် သူဌေးသားကဗျာရဲ့ လိုအပ်ချက်တစ်ခု….

“ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ် ”နင်ကဘာသနားတာလဲ” ”နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်… သူက ဘာမဟုတ်တာလုပ်လို့လဲ”ဆရာမ မျက်လုံးပြူးပြီးကြည့်တယ် ဘာမှမပြောသေးဘူး ”သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်… လူတွေက ကျေးဇူးတရားနားမလည်ကြဘူးနော်” ”သူကပညာမှမတတ်တာ” ”ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ” ”အဲ့ဒါ” ”သားကတော့ အဲ့ဒီလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ သူတို့လည်းပညာမဲ့လောက်တယ်… ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်” ‘ဘာ” ”သားမေးပါရစေ အဲ့ဒိကဗျာကသေဋ္ဌးသားကို အကောင်းပြောတာလား မကောင်းပြောတာလား” ”ဟို မကောင်းပြောတာလေသားရဲ့””ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့” ”ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ” ”နှလုံးသားမဲ့တာကျတော့ရော စာနာစိတ်မဲ့တာကျတော့ရော မြေနိမ့်ရာလှံစိုက်တာကျတော့ရော ကူညီရကောင်းမှန်းမသိတာကျတော့ရော” ”ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား” ”ဆရာမ ဒီမှာကြည့်” ”နင် နင် ရိုင်းလှချည်လား” ”သားဘာရိုင်းလို့လဲ” … Read more

မိန်းမတွေရဲ့စိတ်ကိုနားမလည်တဲ့ယောက်ျားလေးများဖတ်ဖို့

မိန်းမတွေရဲ့စိတ်ကိုနားမလည်တဲ့ယောက်ျားလေးများဖတ်ဖို့ (ရှယ်ပေးကြပါနော်) မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။ လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝကဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။ မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲ အဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်းသူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။ လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီးဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက်အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လိုကျိုးနွံစွာပြုစုကြပါလိမ့်မယ်။ သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့ သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။ အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲသူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေမွေးဖွားပေးပါလိမ့်မယ်။ နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက်နေ့မအိပ်ညမအိပ် ပိုးမွေးသလိုကျွေးမွေးစောင့်ရှောက်ပေးပါလိမ့်မယ်။ သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန်မရှိတော့လို့သူများမိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ။ … Read more

ဖတ်မိသူတိုင်း မျက်ရည်ကျပြီး အသိတရားကောင်းတစ်ခု တိုးသွားစေတဲ့

ဖတ်မိသူတိုင်း မျက်ရည်ကျပြီး အသိတရားကောင်းတစ်ခု တိုးသွားစေတဲ့… သားရေ.. ဒီကနေ့ ဘာနေ့လဲကွယ့်” သားဖြစ်သူက “တနင်္ဂနွေနေ့ လေ အမေ ရဲ့.. ကျွန်တော် ရုံးပိတ် လို့ အိ မ်မှာ ရှိနေတာ မမြင်ဖူးလား။” လို့ နည်းနည်း ကသိကအောင့်နဲ့ ပြန်ဖြေလိုက်တယ်။ “အော်.. အေးကွယ်.. ငါ့သား ဒါ့ကြောင့် ဒီနေ့ အိမ် မှာ ရှိနေတာကိုး။ အမေ က သား ကိုတွေ့လို့ မေးကြည့် တာပါ။” ဆိုပြီး အမေအိုက ပြန်ဖြေရှာပါတယ်။ သိပ်မကြာခင် အမေ အိုက “သား ရေ.. ဒီနေ့ ဘာနေ့လဲ။” လို့ မေ့ပြီးတော့ ထပ်မေးမိပြန်တယ်။ “ဟာ.. အမေ ကလဲ။ ခုနကတင် ပြောပြီးပြီ … Read more

မြင်နေကျမြွေပုံစံတွေနဲ့မတူဘဲ ထူးဆန်းပြီးအကောင်အလွန်ကြီးတဲ့ အဆိပ်ပြင်း တောကြီးမြွေဟောက်ကို ထိပ်တိုက်တွေ့လိုက်ရတဲ့ ပြည်သူတစ်ဦး

မြင်နေကျ မြွေပုံစံတွေနဲ့ မတူဘဲ ထူးဆန်းပြီး အကောင်အလွန်ကြီးတဲ့ အဆိပ်ပြင်းတောကြီးမြွေဟောက်ကို ထိပ်တိုက်တွေ့လိုက်ရတဲ့ ပြည်သူတစ်ဦးရဲ့ ဖြစ်ရပ် ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်တိုင်း အလွယ်တကူ မြင်တွေ့နေရတဲ့ ပုံမှန် တိရစ္ဆာန်တွေများစွာ ရှိသလို တစ်ခါမှတောင် မမြင်ဖူး တဲ့ ထူးဆန်းလွန်းတဲ့ အကောင်တွေလည်း များစွာရှိပါတယ် ။ အထူးသဖြင့် ဒီလို ထူးထူးဆန်းဆန်း တိရစ္ဆာန်တွေကို တောတောင်တွေ နယ်ဘက်တွေထဲမှာအများဆုံးတွေ့ကြရပါတယ် ။ အခုလည်း ကျောက်ဆည်ဘက်မှာ နေတဲ့ ပြည်သူတစ်ဦးက သူရဲ့ အိမ်အနီးနား ပတ်ဝန်းကျင်မှာရှိတဲ့ သစ်ပင်တစ်ပင် အပေါ်မှာ ထူးဆန်းလွန်းတဲ့ မြွေကြီး နှစ်ကောင်ကို တွေ့ခဲ့တာကြောင့် ဗဟုသုတ အနေနဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်မှာ ဖော်ပြထားတာ တွေ့ရပါတယ် ။ မြွေ က မြင်နေကျပုံစံမျိုးမဟုတ်ဘဲ အကောင်လည်း … Read more

မျက်ရည်တွေဝဲနေတဲ့ အသက်(၇၀)ကျော်အဖိုးအိုနဲ့ ဘတ်စ်ကားပေါ်က ဖြစ်ရပ်

ဒီနေ့ ဂုဏ် သိက္ခာနဲ့မေတ္တာတရား ကိုလဲလှယ်ခဲ့တယ်.. Busကားပေါ် ကျွန်မ တက်သွားတော့ လက်ထဲမှာပိုက်ဆံ၂ထောင် ပါလာတယ် …. ။ အလုပ်မှာထမင်းစားမှာက1800 ကားခက၂၀၀..ကွက်တိ ။ကားပေါ်မှာရှေ့ဆုံးခုံမှာနေရာရတယ် … .။ အဲ့ဒီမှာ..ချောင်လေးမှာကုတ်ကုတ်လေးနဲ့..မျက်ရည်တွေဝဲနေတဲ့. အသက်(၇၀)ကျော်ခန့် ရှိတဲ့အရမ်းဆင်းရဲချို့တဲ့ပုံရတဲ့အဘိုးတစ်ယောက်ကို သွားတွေ့တယ် … ။ ကိုယ့်ေ ဘးမှာထိုင်နေတဲ့သူတွေ ကိုဝေ့ဝဲကြည့်လိုက်တော့အသက်ခပ် လတ်လတ်ပိုင်းတွေအများကြီး.. သူတို့ကို အာ့အဘိုးအိုကြီးကိုမမြင်ကြဘူးလားဆိုတဲ့အကြည့်မျိုးနဲ့ အားမနာတမ်းကြည့်ပလိုက်မိတယ်။ တချို့ဆိုအဲ့အဘိုးအိုခြေထောက်တွေတောင်တက်နင်းကြတယ်။ဘေးနားကအန်တီကြီးကိုမေးကြည့်တော့ အဲ့တာ သူတောင်းစားကြီးလေ ဘယ်သူကသူ့ကိုခုံပေးမှာလဲရွံဖို့လဲကောင်းတာကိုးတဲ့… ကျွန်မ မစဉ်စားတော့ပဲချက်ခြင်းထပြီး ပါလာတဲ့ပိုက်ဆံ၂ထောင်လုံးပေးပြီး.. “ဘဘ လာ သမီးခုံလာထိုင်ဆိုပြီးတွဲခေါ်ပေးလိုက်တယ်.. ။ စိတ်ထဲမှာလဲ ငါ့အဖေအမေသာဆိုရင်ဆိုတဲ့အတွေးတွေ နဲ့မျက်ရည်တောင်ဝဲတယ်။ ကားခ၂၀၀မရှိလို့ပါဆိုပြီးပြော စီးလာတယ်။ကားပေါ်မှာအသိတွေလဲပါကောင်းပါနိုင်တယ်… ဒါမယ့်မရှက်ပါဘူး..အခုစာရေးနေတဲ့အချိန် ကျွန်မဖျားနေတယ်လေ …. အစာလွန်ပြီးဗိုက်တွေအောင့်လို့…ဘာဖြစ်ဖြစ်ကျေနပ်မိတယ်…။ မူရင်း shinnkhyant Unicode Version ဒီနေ့ ဂုဏ် … Read more

အလှဆုံးတိုက်အိမ်ပိုင်ရှင်သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ကြေကွဲစွာနဲ့ဘဝနေဝင်ချိန်ကို စောင့်မျှော်နေရတဲ့ဖြစ်ရပ်

အလှဆုံးတိုက်အိမ်ပိုင်ရှင် သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ကြေကွဲစွာနဲ့ ဘဝနေဝင်ချိန် ကို စောင့်မျှော်နေရတဲ့ ဖြစ်ရပ်… နင်လားဟဲ့ လောကဓံ…အဲဒီအဖွားနာမည်က ဒေါ်ဝိုင်း လို့ခေါ်တယ်။ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က သူ့အိမ်ဟာ ကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ ပထမဆုံးသော တိုက်အိမ်ပဲ..မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးကလူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကိုကျွန်တော်မှတ်မိနေသေးတယ်။ သူ့မှာ မောင်မိုးနဲ့ မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်..စီးပွားရေးလေးက အတန်ငယ်ပြေလည်တော့ သားနဲ့သမီးကို အရမ်းအလိုလိုက်တာ..ယောက်ျားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး..သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ် သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာ ကမ်းကုန်တယ်ပြောရမယ်။ အမေက အလိုလိုက် အဖေက လူအေးဆိုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ..မိဘကို ငယ်ပါနဲ့နှုင်းပြီးဆဲတယ်ဆိုတာကတော့ မနက်တိုင်းကြားရလို့ ရိုးနေပြီ။ … Read more

သိန်း ၁ဝဝပိုင်ဆိုင်သူက ဘာမှမလုပ်ရဘဲ ၆၃သိန်းပဲ ပိုင်ဆိုင်တော့တဲ့အဖြစ်…

ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ်။ ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။ (ဗဟိုဘဏ်က ထုတ်ပြန်တဲ့ ဈေးနှုန်းနဲ့ ဘယ်မှာမှ ဝယ်မရ / ရောင်းမရပါ) ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။ ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်းလောက်သာ ထည့်တွက်မယ်ဆိုရင် ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။ တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ … Read more

ညကြီးအချိန်မတော် လင်မယားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေကြည့်လိုက်တဲ့အခါ

ညကြီး အချိန်မတော် လင်မယား နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေ ကြည့်လိုက်တဲ့အခါ… သနားစရာ ယောကျ်ားရဲ့အဖြစ်…. အရမ်းကိုယ်ချင်းစာ သနားမိရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပါ… အလုပ်ကပြန်လာ ပုံရပါတယ်….. ယောကျ်ားကို ကြည့်လိုက်တော့ နောက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ကြည့်တယ်… ကျတော်တို့လဲ ဒီလူ သိပ်ရိုးပုံ မရဘူး ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းပြီး တားလိုက်တယ်… “စိတ်မကောင်းပါဘူးဗျာ ဆိုင်ကယ် Tool box လေးဖွင့်ပြပါ ရှာပါရစေဆိုတော့”ဖွင့်ပြတယ် … ပုဆိုးစလေးနဲ့ပတ်ထားတဲ့အထုပ်လေးဖွင့်ကြည့်မယ်လုပ်တော့ အတင်းပြန်ဆွဲလုတယ်… ကိုယ်တွေလဲ ဘာရမလဲ မူးယစ်ဆေးဝါးဖြစ်မယ်ဆိုပြီး ပြန်ဆွဲယူပြီးဖြည်ကြည့်လိုက်တော့မှ တစ်သောင်းတန်လေးတွေကျစ်နေအောင်လိပ်ထားတာ ဥပဒေနဲ့မလွတ်ကင်းတာဘာမှမပါရှာပါဘူး …. ဘာလို့မျက်စိမျက်နှာပျက်နေလဲဆိုပြီး စဉ်းစားနေတုန်း နောက်ကပါလာတဲ့သူ့မိန်းမက အဲ့ပိုက်ဆံက ဘာလုပ်တာလဲပေးဆိုပြီး… အိတ်ထဲ ဆောင့်ကြီးအောင့်ကြီးနဲ့ နဂါးမျက်စောင်းလို ယောကျ်ားဖြစ်သူကို … Read more

လူတွေနှင့်သူတို့၏ စိတ်ကူးယဉ် သူငယ်ချင်းများအကြောင်း

လူ နှင့် သူ၏ စိတ်ကူးယဉ် သူငယ်ချင်းများ အကြောင်း မွေးကတည်းက မျက်စိ မမြင်ရတဲ့သူဟာ အိပ်မက် လုံးဝ မမက်ပါဖူး။ သူဟာ အစကတည်းက Visual Input မရှိတဲ့ အတွက် အိပ်မက်ဆိုတဲ့ Brain ထဲမှာ Virtual Reality Stimulation ဆန်ဆန်တွေ မဖြစ်ပါဘူး။ထိုနည်းတူစွာ မွေးကတည်းက နားမကြားတဲ့ စွံ့အနာမကြားတဲ့သူဟာ အများသူငါဖြစ်တဲ့ သရဲပူးခြင်း – သစ္ဆေပူးခြင်း – နတ်ပူးခြင်း – နဂါးပူးခြင်း အစရှိတဲ့ သာမာန် Normal ထက်လွန်ကဲတဲ့ Paranormal ကိစ္စတွေ လုံးဝ ဖြစ်မလာပါ။ ဆိုလိုတာက အများ ယုံကြည်တဲ့ ဘာပူး ညာပူး ဘာတွေ ညာတွေ ရှိတယ်ဆိုတာ စွံအ နားမကြားတဲ့သူအတွက် … Read more