လူသိနည်းလှတဲ့ လှေကားအဆံတပ်ဆင်ခြင်းအကြောင်း သိကောင်းစရာ
လူသိနည်းလှတဲ့လှေကားအဆံ တပ်ဆင်ခြင်း သိကောင်းစရာမျှဝေပါတယ်။ ရှေ့ထုံးလည်းမပယ်နဲ့ ဈေးသုံးလဲမကြွယ်နဲ့စကားမျိုးလိုပါပဲ။ အိမ်တစ်အိမ်ဆောက်ရာတွင်း အဓိကအရေးကြီးတာ အိမ်လှေကား ပြုလုပ်ခြင်းပါပဲ။ ရှေးကျမ်းဆရာတို့သည် စုံ မ နှစ်ခုလုံး တပ်ကောင်း၏ဟုဆိုသည် လက်သမား ကျမ်းဆရာတို့က မကိုသာ တပ်စေပါတယ်။ လက်သမား ဆရာကြီးများမှာ စုံတပ်သည်လည်း ရှိတယ် ။မ တပ်သည်လည်း ရှိပါတယ်။အဘယ်ကြောင့်ဆိုသော် ပထမအထစ်မှ [လာဘံ ၊သုခံ ၊မရဏံ ၊လာဘ သု ခ မရဏ]တွက်ယူကာ မရဏံ မရဏ ကို ရှောင်ပါတယ်။ ပထမထစ်က လာဘဒုတိယထစ္က သုခတတိယထစ်ကမရဏ လာဘက လာတ်လာဘ ပေါများခြင်း။ သုခက ကြွယ်ဝချမ်းသာခြင်း။မရဏက ဆုတ်ယုတ်ပျက်စီးခြင်းနဲ့ ကြုံတွေ့ရလိမ့်မယ်တဲ့ ။ လာဘက ၁ထစ် ၊ ၄ ထစ်၊ ၇ ထစ် … Read more
စားဝတ်နေရေး ခက်ခဲလွန်းလို့ ကလေးတွေကို လမ်းမှာတွေ့တဲ့လူတွေအား မွေးစားဖို့လိုက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့(ရုပ်သံ)
ဒီလိုကာလတွေမှာတော့ ပြည်သူတွေ ခမျာ အခြေအနေဆိုးတွေကို ဆက်တိုက် ကြုံနေရတာကြောင့် ​တော်တော်များများ ခက်ခဲနေကြသူတွေကြီးပါပဲ ။ အခြေခံလူတန်းစားနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ပြည်သူတွေ ဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ် ။ တစ်ချို့ဆို အရမ်း ဒုက္ခရောက်ပြီး ထမင်းတောင် နပ်မမှန်ကြတော့တဲ့ အခြေအနေတွေမှာ ကြံမိကြံရာ ​မလုပ်သင့်တာတွေကို ပြုလုပ်လာကြပါတယ် ။ အခုလည်း တွံတေးမြို့နယ်က အမျိုးသမီးတစ်ဦးက စားစရာမရှိတာကြောင့် သူမရဲ့ ကလေးတွေကို လမ်းကသူတွေကို လိုက်ပေးပစ်နေတယ်ဆိုတဲ့ ဗီဒီယိုလေးတစ်ခု တွေ့ရပါတယ် ။ ဒီအကြောင်းကို သိသွားတဲ့ အနီးဝန်းကျင်က ပြည်သူတွေက မကြည့်ရက်တာကြောင့် အလှူငွေတွေ တတ်နိုင်သလောက် လှူဒါန်းပေးရင်း ကူညီလိုက်ကြတယ်လို့လည်း သိရပါတယ် ။ ဗီဒီယိုထဲမှာ သူမရဲ့ ပြောပြချက်အရ ကလေးတွေကို ခုလို လိုက်ပေးရတာလည်း … Read more
ကလေးငယ်တွေကိုဒီလိုပုံစံထိုင်နေတာမျိုးတွေ့ရင်တားပါ…
ကိုယ်နဲ့တစ်ညစာပျော်ဖို့ခေါ်လာတဲ့ အပျော်မယ်လေးကို လမ်းဘေးကသူတောင်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါ…
ဘားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့…. အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့…. အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး… မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရော… အဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ..ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့….. ဟာ….အဲ့ဒါဆိုလည်း ရော့ကွာ..ငါ့ ဆေးလိပ်ဗူး. .တော်တော့.. ပိုက်ဆံတော့ မရှိတော့ဘူး… ဆိုပြီး ဆေးလိပ်ဗူး လှမ်းပေးတော့.. ကျွန်တော် … Read more
ငွေ(၆)သိန်းအတွက် တစ်နှစ်လုံးစာကျွန်ခံခဲ့ရတဲ့ ကလေး(၂)ယောက်ရဲ့ သနားစရာအဖြစ်
ကလေး၂ယောက် ပြင်ဦးလွင် ကြက်ခြံတစ်ခုကနေ ထွက်ပြေးလာလို့ လားရှိုးရောက်လာတယ်။ ဒါကလည်း လူမျိုးချင်းတူတဲ့ ပြင်ဦးလွင်က အသိတစ်ယောက် အချိတ်အဆက်နဲ့ ရောက်လာခြင်းဖြစ်တယ်။ ၂ယောက်လုံး အသက်က၁၂ ၁၃၀န်းကျင်လောက်ဖြစ်မယ်။ ဇာတိက တန့်ယန်းမြို့နယ်ထဲကရွာမှာ။ ဗမာစကား မတတ် ဘာမတတ်နဲ့ လားရှိုးရောက်လာတော့ သွားကြိုဖြစ်တယ်။ နောက်တစ်ရက်တော့ သူတို့ရဲ့ နေရပ်ဇာတိကို ပြန်ပို့ပေးတယ်။ပြသနာက ဘာလဲဆိုတော့ကလေးသူငယ်ခိုင်းစားခြင်းပဲ။ မိဘတွေကိုယ်တိုင်က သူတို့သားသမီးတွေကို တရုတ်အလုပ်ခွင်ထဲပို့တယ်။ တစ်နှစ်စာလုံးး လုပ်လခစာတွေ ကြိုထုတ်ပစ်တယ်။ ဒီကလေး ၂ယောက်ဆို ၁ ယောက်ကို ၁နှစ်ပတ်လုံး ၆သိန်းရတယ်ပြောတယ်။ သူတို့လခကတော့ မိဘတွေက ထုတ်ယူသွားတယ်။ လခ ကြိုထုတ်ထားတော့ ဟိုကလည်း ကလေးတွေကို စပယ်ရှယ်ခိုင်းးတယ်။ မလုပ်နိုင်တဲ့ အဆုံး ကလေးတွေ ထွက်ပြေးလာတယ်။ဒီကိစ္စမျိုး ကျွန်တော်ဆီရောက်လာတာ ၃ခါထက်မနည်းတော့ဘူး။ အချို့ကိုတော့ အိမ်ပြန်ပို့တယ်။ အချို့ကလေးတွေကိုတော့ … Read more
ပုဂံရာဇဝင်ထဲက ပျောက်ဆုံးနေသောယာဉ်ပျံ(သို့)အလောင်းစည်သူမင်းကြီးရဲ့ ဖောင်စင်္ကြာ
ပုဂံ မင်းဆက်များထဲတွင် အလောင်းစည်သူမင်းသည် အလွန်ဘုန်း ကြီးသော မင်းဖြစ်ပါတယ်။အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ ခမာနဲ့ထိုင်းတို့က အလောင်းစည်သူမင်းကို နတ်ဘုရားတစ်ပါးလို့တင်စားကြပါတယ်။ အလောင်းစည်သူ မင်းကြီးဟာ တိုင်ခန်း လှည့်လည်တဲ့ အခါမှာ ဖောင်စကြာ ဆိုသည့် ယာဉ်ပျံကို အသုံးပြုကာ လှည့်လည်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့အလောင်းစည်သူမင်းနတ်ရွာစံပြီးနောက်မှာတော့ ထို ဖောင် စကြာဆိုတဲ့ ယာဉ်ပျံ အကြောင်းကိုရေးသားထားခြင်းကို မတွေ့ရှိတော့ပါဘူး။ ထို ဖောင်စကြာ ဆိုသည့် ယာဉ်ပျံမှာ အဘယ်သို့ ရောက်ရှိသွားပါသနည်း ? အလောင်းစည်သူမင်း၏ သာသနာမှာ ဘုန်းကံကြောင့် ရရှိခဲ့သောဖောင်စကြာ ယာဉ်ပျံမှာ အလောင်းစည်သူမင်း နတ်ရွာ စံချိန်မှာ ရုတ်တရက် ပျောက်ကွယ်သွားခြင်းလား ? ထို အလောင်းစည်သူမင်း၏ ဘဝ နေဝင်ချိန်မှာ အံသြဖွယ်ကောင်းလှသည်။ မိမိ၏သားအရင်းဖြစ်သော နရသူမင်း၏ ခေါင်းအုံးနှင့်ဖိသတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ … Read more
ချောမောလှပတဲ့ ဘဏ်မန်နေဂျာမိန်းကလေးကို ချစ်ကြိုက်မိသွားတဲ့ အသက်၇၀အရွယ် ဘီလျံနာသူဋ္ဌေးကြီးရဲ့အဖြစ်
ချောမောလှပတဲ့ ဘဏ်မန်နေဂျာမိန်းကလေးကို ချစ်ကြိုက်မိသောကြောင့် ပိုက်ဆံများကုန်သွားခဲ့သည့် အသက်၇၀အရွယ် ဘီလျံနာသူဋ္ဌေးကြီး အသက်၇၀အရွယ်ရှိနေပြီဖြစ်တဲ့ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ်မှ ဘီလျံနာအဖိုးအိုတစ်ဦးဟာ သူ၏ဇနီးသည်သေဆုံးသွားခဲ့သောကြောင့် တစ်ယောက်တည်းအထီးကျန်နေခဲ့ပါတယ်။ ထို့ကြောင့် ဘဝ၏ကူဖော်လောင်ဖက်တစ်ဦးကို ရှာဖွေနေခဲ့ချိန်တွင် လိုင်းပေါ်မှတစ်ဆင့် အသက်၃၅နှစ်အရွယ် ဘဏ်မန်နေဂျာ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ရပါတယ်။ ထို့နောက်စကားများပြောကြည့်ပြီး ၃ ရက်အကြာတွင် ချစ်သူရည်းစားများဖြစ်သွားခဲ့ကြပါတယ်။ ရည်းစားဖြစ်ပြီး မကြာမီအချိန်မှာဘဲ အမျိုးသမီးဟာ ကားလုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်အတွက်ဟုဆိုကာ VND နှစ်ဘီလီယံကို တောင်းခံခဲ့ပါတယ်။ သူဋ္ဌေးကြီးဟာလည်း အမျိုးသမီးကို ယုံကြည်ကာ ထုတ်ပေးခဲ့မိပါတယ်။ နောက်ပိုင်းတွင် ကောင်မလေးဟာ အမျိုးမျိုးအကြောင်းပြပြီး များပြားလှသောငွေကြေးများကို အမြဲတောင်းခံနေခဲ့ပါတယ်။ ကြာလာသောအခါ ကောင်မလေးဟာ အဆက်အသွယ်ဖြတ်ပြီး အဖိုးအိုကိုထားသွားခဲ့ပါတယ်။ အဖိုးအိုဟာ ရဲများကို အကူအညီတောင်းထားပြီး ရဲများဟာလည်း စုံစမ်းမှုများကို လုပ်ဆောင်ပေးနေတယ်ဟု သိရပါတယ်။ Unicode Version အသက်ရဝအရွယ်ရှိနေပြီဖြစ်တဲ့ … Read more
ကလေးထိန်း အိမ်အကူ အမျိုးသမီးတစ်ယောက်ရဲ့ ရက်စက်တဲ့လုပ်ရပ်…
အရွယ်မရောက်သေးတဲ့ ကလေးတွေကို လူတစ်စိမ်းနဲ့ ထိန်းခိုင်းခဲ့ဖို့ဆိုတာ မိဘတွေအတ်ွကတော့ တော်တော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။ ကိုယ်က အလုပ်မအားလို့ ကလေးကလည်း မထိန်းနိုင်၊ အလုပ်ကလည်း ပျက်မရဆိုရင် သူသူငါငါ အိမ်ဖော်ငှားတတ်ကြပါတယ်…။စေတနာပါတဲ့ အိမ်ဖော်မျိုး၊ တကယ်ကောင်းတဲ့ အိမ်ရှင်မျိုး နှစ်ယောက်ထပ်တူကျဖို့ဆိုတာ တကယ့်ကို မလွယ်ပါဘူ…။ အင်ဒိုနီးရှားလင်မယားနှစ်ယောက်ရဲ့ အဖြစ်ကလည်း ဒါကို သက်သေပြနေပါတယ်။ အလုပ်မအားတဲ့ အဆုံး ဂျူဆိုတဲ့ အမျိုးသမီးကို နို့မပြတ်သေးတဲ့ ကလေးနဲ့ သမီးအကြီးဖြစ်သူကို ထိန်းဖို့အတွက် ငှားလိုက်ပါတယ် ။ စစချင်း သုံးလလောက်မှာ ဘာပြဿနာမှမရှိပေမဲ့ တစ်ရက်မှာတော့ သူတို့လင်မယားနှစ်ယောက် ပြန်ရောက်လာလို့ကလေးထိန်းဖို့ လုပ်လိုက်ချိန် အစောကြီးအိပ်အိပ်သွားပါတယ်။ နို့ဘူးတိုက်ရင်လည်း လုံးဝမသောက်ဘူးဆိုပြီး အတင်းငြင်းနေတာကို တွေ့ချိန်မှာတော့ အမေဖြစ်သူက သံသယဝင်လာပါတော့တယ်…။သူငယ်ချင်း တစ်ယောက်က နို့ဘူးထဲ အိပ်ဆေးထည့်တိုက်နေပြီလို့ သတိပေးလိုက်ချိန်မှာ ရှော့ခ်ရသွားပါပြီ။မသင်္ကာပေမဲ့ … Read more
မိန်းမရဲ့ဆေးတွေ အမြဲခိုးခိုးသောက်နေတဲ့ ယောက်ျားရဲ့ စိတ်မကောင်းစရာ အဖြစ်
“​မောင်​​ရေ လာပါဦး။ ဒီမှာ သား​လေးက ​​ကျွန်​မ​သောက်​​နေကျ အမျိုးသမီးအား​ဆေး​တွေ သူ ​သောက်​မယ်​ချည်းလုပ်​​နေတယ်​။ ​ပြောလို့လည်းမရဘူး” ကိုသာ​အေးက သူ့မိန်းမကို အသာ​နေဆိုသည့်​သ​ဘောဖြင့်​ လက်​ကာပြလိုက်​ပြီး သားဖြစ်​သူကို “သားသား” “ဂျာဂျာ့” “အဲတာ ​မေ​မေ့​​ဆေး​တွေ​လေသားရဲ့” “​မေကြီးက တူတစ်​​ယောက်​တည်း ​တောက်​​နေတယ်​။ တားတားရဲ ​တောက်​ချင်​တာ​ပေါ့ရို့” “အဲဒီ​ဆေးက ​ယောင်္ကျား​တွေ​သောက်​လို့မရဘူးသားရဲ့” “တောက်​မိရင်​ ဘာဖြစ်​ရဲ” “​သောက်​မိသွားရင်​ ​ဟောဒီက သားသား​ရွှေပန်း​လေး တဖြည်းဖြည်း ​သေးသွားပြီး အပ်​ချည်​မျှင်​​လောက်​ပဲ ရှိ​တော့မှာ” ကိုသာ​အေးက သားငယ်​​ရွှေပန်း​လေးကို လက်​နဲ့တို့ပြီး​ပြောလိုက်​​တော့ သားဖြစ်​သူ မျက်​လုံးပြူးသွားတယ်​…။ “ဟင်​ ဂယ်​ဂျီးယား” “တကယ်​​ပေါ့ သားသားရဲ့” “အာ့ဆို ​တောက်​​တော့ဝူး ​ရော့” သားငယ်​က ​ကြောက်​​ကြောက်​ရွံ့ရွံ့ဖြင့်​ သူ့လက်​ထဲက​ဆေးပုလင်းကို ကိုသာ​အေးထံ ​ပေးလိုက်​သည်​။ ကိုသာ​အေးက သားငယ်​ထံမှ​ဆေးပုလင်းကိုယူပြီး အောင်​နိုင်​သူတစ်​​ယောက်​၏ အပြုံးမျိုးဖြင့်​ … Read more
“ဖုတ်”ဝင်တယ်ဆိုပြီးသေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…
“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…! အမေဆာလို့ပါ သားရယ်တဲ့လား …….တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေ သူတစ်ပါးကို လုပ်ခွင့်ပေးသည် ဖြစ်စေ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီး ထိုက်ပါတယ်.။ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။) ဒီအနေအထားက သားသမီးတွေငြိုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးက​ကောင်းတုန်း။ အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာ​တော့ သားသမီးတွေ ​စေတနာပျက်လာ ပြီလေ။လူကြီး လူမမာဆိုပြီး ​ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။ ကျွေးတုန်းက … Read more