မိဘကို သင်အော်မိလိုက်တဲ့အချိန်တိုင်း…ဒီစာလေးကို သင်ဖတ်ကြည့်ပါ

ကိုယ်တိုင်က နေမကောင်းနေပေမယ့် သား၂ယောက်ကို ဆေးခန်းပြဖို့အတွက် အကိုက်အခဲပျောက်ဆေးသောက်ပြီး တစ်နေကုန် နှမ်းရိတ်ခဲ့တဲ့ဖခင် (အဖေကို ချစ်သူများ….ဖခင်မေတ္တာဆိုတာ) မနက်၆နာရီ ဆေးခန်းမဖွင့်ခင် ကျနော့်ဆေးခန်းကို သားဖနှစ်ယောက် လာတယ်။ “ဆရာ အစောကြီးလာရတာ အားတော့ နာပါတယ်။ ဒါပေမယ့် ကလေးက အပူကြီးနေလို့ပါ” “ဟုတ် ရပါတယ်။ ကလေးကို ကုတင်ပေါ်တက်ခိုင်းလိုက်ပါ” ထိုလူက၁၃နှစ်အရွယ် သူ့သားကို လသား ကလေးငယ်လို တယုတယ နဲ့ပွေ့ချီပြီး ကုတင်ပေါ်တင်ပေးတယ်။ ကလေးကို ကျနော်စမ်းသပ်ကြည့်တော့ အဆုတ်ကို အအေးပတ်ထားတဲ့ လက္ခဏာ တွေတွေ့ရတယ်။ကလေးအသက်က ၁၃ နှစ်ပါ။ လိုအပ်တဲ့ ဆေးထိုးပေး။သောက်ဆေးတွေ ပေးပြီးတဲ့အခါ”ဆရာ ဆေးဖိုးဘယ်လောက်ကန်တော့ရမလဲ” တကယ်တော့ သောက်ဆေးသုံးရက်စာ ပေးလိုက်တာ။ သောက်ဆေးသုံးရက်စာ ပေးရင် သုံးထောင် တောင်းနေကျ။ ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်ပြေပုံမရပါဘူး။ “နှစ်ထောင်ကျပါတယ်” … Read more

တစ်ကိုယ်လုံးတန်ဖိုးတွေ တွက်ပြတာခေတ်စားလာကြတော့ ကြုံဖူးတာလေး ပြောပြချင်တယ်

တစ်ကိုယ်လုံးတန်ဖိုးတွေ တွက်ပြတာ ခေတ်စားလာတော့ ကြုံဖူးတာလေးပြောပြချင်တယ်…. ဟိုးတစ်​​လောက အန်​ကယ်​တစ်​​ယောက်​ သူ့နာရီချွတ်​ပြီး” ဒီနာရီဘယ်​​လောက်​တန်​မယ်​ထင်​လဲ မှန်းကြည့်​” ဆိုပြီး ကျွန်​​တော့်​ကို​​မေးတယ်​….။ (သူကချမ်းသာ ​အောင်​မြင်​​နေတဲ့ ကုမ္ပဏီပိုင်​ရှင်​တစ်​ဦးပါ) မမှန်းတတ်​ဘူးခင်​ဗျ လို့​ပြောလိုက်တော့ သူက ပြန်​​ပြောတယ်​….။ အ​မေရိကန်​​ဒေါ်လာ ၆သိန်း တန်​တယ်​တဲ့………မြန်​မာ​ငွေနဲ့ဆို သိန်း ၇၈၀၀ ​ကျော်​တန်​တာ​ပေါ့…..။(အမ​လေးဗျ… အံ့သြလို့မပြီး​သေး..) “ဟိုပွဲ ဒီပွဲ အခမ်းအနား​တွေမှာ တစ်​ခါလာလည်း ဒီနာရီ တစ်​ခါလာလည်း ဒီနာရီ ဖြစ်​​နေမှာစိုးလို့…. ​ဒေါ်လာ ၆သိန်း ၇သိန်း တန်​ နာရီချည်း ၅ လုံး​လောက်​ ၀ယ်​ထားတယ်​” ဆို​တော့…..ဟို​က်……ရှားဘား……ကျွန်​​တော်​ ပက်​လက်​လန်​သွားတယ်​…..။ (ကိုယ်​​တွေ တစ်​မျိုးလုံး တစ်​​ဆွေလုံးပိုင်​ဆိုင်​မှုကို​ပေါင်းရင်​​တောင်​ သူ့နာရီဖိုး​မရှိဘူး….) ဒါ​ပေမဲ့…..အခု​တော့ အဲ့ဒီနာရီထဲက တစ်​လုံးပြီး တစ်​လုံးပြန်​​ရောင်း​နေပြီတဲ့….” စီးပွား​ရေးအတွက်​​ငွေလိုလို့လား…..အန်​ကယ်​..” လို့​မေးလိုက်​​တော့…. ” မဟုတ်​ဘူး…..ဆင်းရဲတဲ့ … Read more

ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက်ဆိုတဲ့ စကားပုံအတိုင်းပါပဲ

ရည်းစားတစ်ထောင်၊ လင်ကောင်တစ်ယောက် ဆိုတဲ့ စကားပုံ ကြားဖူးပါတယ်။ အမျိုးသမီးများ ရည်းစားတစ်ထောင်ထားရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အမျိုးသားတစ်ဦးရဲ့ အကြောင်းကို ကောင်းကောင်းမသိသေးခင်မှာ အချစ်ကို ယုံပြီး ဘဝကို မပုံအပ်သင့်ပါဘူး။ အချစ်ဦးဆိုတာ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းထဲမှာ အလွန်လှပသလောက် တကယ်ညားသွားရင် သာယာတာက နည်းပါတယ်။ ဘယ်လိုယောက်ျားမျိုးကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြပါဘူး။ ဒါပေမဲ့ အောက်ပါအကျင့်များငြိစွန်းနေတဲ့ ယောက်ျားများကိုတော့ အိမ်ထောင်ဘက်ရွေးခဲ့ရင် ရှောင်ရှားသင့်ပါတယ်။ ၁။ ကပ်စေးနှဲလွန်းတဲ့ ယောက်ျား အရပ်စကားနဲ့ နှပ်ချေးလို့လည်းခေါ်တာကြားဖူးပါတယ်။ ဒီလိုယောက်ျားမျိုးနဲ့ အတူတူ ဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့်တတ်တာကို တွေ့ရတတ်ပါတယ်။ သူဟာဘယ်လောက်ချမ်းသာတယ်။ ဘယ်လို Brand တွေကို ဝတ်ဆင်တယ် စသည်ဖြင့် သိသိသာသာဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ကြွားတတ်ပေမဲ့ ပိုက်ဆံရှင်းရပြီဆိုရင် … Read more

စပါးကြီးသည်းခြေနှင့် ဝက်ဝံသည်းခြေအသုံးပြုပုံ အသုံးပြုနည်း

ဗဟုသုတအလို့ငှါ စပါးကြီးသည်းခြေနှင့်ဝက်ဝံသည်းခြေအသုံးပြုပုံများအားတင်ပြအပ်ပါသည်။ (စပါးကြီးသည်းခြေ) စပါးကြီးသည်းခြေသည် သဘာဝအားဖြင့် အလွန်ထူးဆန်းသော ဆေးတမျိုးဖြစ်သည်။ သက်မဲ့ပင်ဖြစ်နေသော်လည်း ညှို့ဓာတ်နှင့်ဆွဲအားသည် အပြည့်အဝပါရှိနေသည်။ ဉာဏ်ရှိသလောက်လိုသလိုသုံးနိုင်သော ဣစ္ဆာသယဆေးတလက်လည်း ဖြစ်သည်။ ဗဟုသုတဖြစ်စေရန် တတ်သိ၊မှတ်မိသမျှ ဆေးပန်းသုံးဟန်ကို ဖော်ပြပါသည်။ (1)မေးခိုင်လျှင်လျှာမှာပွတ်ပေးပါ။ (2)မေးရွှဲလျှင်လိမ်း၍လက်နှင့်တည့်ပေးပါ။ (3)လေငန်းဖြတ်လျှင် တော‌‌ရှောက်မြစ်နှင့်သွေးလိမ်းပါ။ (4)ဆီးချိုဖြစ်လျှင် ဆီးခုံကိုလိမ်းပါ။ (5)ဆီးကျောက်တည်လျှင် ရေစိမ်သောက်ပါ။ (6)မျက်စိနာလျှင် ကွင်းပေးပါ။ (7)ဗိုက်နာလျှင်လိမ်း၍ ချက်အောက်ကိုဆွဲချပါ။ (8)ကိုယ်ပူလျှင် ရေစိမ်သောက်ပါ။ (9)သူငယ်နာအတွက် လျှာနဲ့လျက်ပါ။ (10)လေးဘက်နာဖြစ်လျှင် ဆေးပန်းဥနှင့်လိမ်းပါ။ (11)ကိုယ်ဖောကိုယ်ရောင်ဖြစ်လျှင် ယူကလစ်ခေါက်နှင့်သွေးလိမ်းပါ။ (12)အဆစ်အမြစ်ကိုက်လျှင် ရှောက်ရည်နှင့်စုတ်ပေါက်ပါ။ (13)ဇက်ကြောထိုး၊ဇက်ကြောတက်လျှင် ကွမ်းရွက်ရည်ဖြင့် ရေ။လိမ်းပါ။ (14)ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် စပါးကြီးသည်းခြေညှို့ကြိုးကို ချက်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားပါ။ (15)သူခိုးခြေရာကို စပါးကြီးသည်းခြေ ညှို့ကြိုးနဲ့ထောက် အပေါ်မှငှက်ပျောရွက်နု(ကျီးမနားငှက်ပျောရွက်)နှင့် အုပ်ထားပါ။ခိုးလျှင်တစ်နာရီအတွင်း ၊သုံးနာရီအတွင်း မဖြစ်မနေပြန်လာလိမ့်မည်။(လူမသိအောင်လုပ်ရပါမည်။) (16)ဈေးရောင်းကောင်းလိုသော် … Read more

သင့်လက်ဖဝါးမှာ ငါးရုပ်လက္ခဏာပါရင် သင်သိန်းသောင်းချီပိုင်ဆိုင်နိုင်ပြီ

သင့်လက်ဖဝါးမှာ ငါးရုပ် လက္ခဏာပါရင် သင် သိန်းသောင်းချီပိုင်ဆိုင်နိုင်ပြီ သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်က ငါးရုပ်။ကျွန်ုပ်သည် လက္ခဏာပညာကို အသက် ၁၃ နှစ်ထဲက လေ့လာလိုက်စားခဲ့သည်။သင်ယူခဲ့သော ပညာရပ်များကိုလဲ အပြင်တွင် လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှလက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ။ လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅% လောက်မီးမောင်းထိုးပြထားသလိုပါပဲ။ ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ ငါးရုပ်နဲ့ပတ် သက်၍တင်ပြပေးသွားမယ်။ လက်ဝါးပြင်ရဲ့လက်သူကြွယ်အောက် မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့ မှား တတ်တဲ့ ငါးရုပ်သင်္ကေတတခုပါတတ်တယ်။ သေချာကြည့်ရင်တော့ကွဲပါတယ်။ အောင်မြင်ရေးလမ်းကြောင်းက ဖြောင့်မတ်တယ်။ ငါးရုပ်ကတော့အချွန်အတက်လေးတွေပါတယ်။ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင် ထင်ရှားသလို အောင်မြင်ရေးလမ်း ကြောင်းထက်ပိုကောင်းတတ်တယ်။လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကို ပြောင်းလဲသွားတဲ့အထိ ငါးရုပ်က ပေးစွမ်းနိုင်ပါတယ်။တနင်္ဂနွေ ဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်။ ထူးခြားသွားတာက အမွေတွေထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာ မိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကို ရုတ်တရက် … Read more

ကိုယ့်တန်ဖိုးကို ကိုယ်ကိုတိုင်နားလည်ဖို့လိုတယ်….

တစ်ခါတုန်းက မြစ်ဘေးက သစ်ပင် တစ်ပင်မှာ ငှက်သားအမိ နှစ်ကောင် နေထိုင်ပါတယ်။ တစ်နေ့ တော့ ငှက်ငယ်ကလေးဟာ သစ်ပင်တစ်ပင်မှ တစ်ပင် ကူးလူး ပျံသန်းနေရင်း အတွေးတစ်ခု ပေါ်လာတာနဲ့ သူ့အမေကို မေးလိုက်တယ်။ ” မေမေရယ် သစ်ပင်တွေကလည်း အနိမ့်အမြင့် မတူကြဘူးနော်.. သားတို့ဘေးက ကောင်းပေ့၊ မြင့်ပေ့ ဆိုတဲ့ သစ်ပင်ကိုလည်း ဟိုကျီးမဲ မိသားစုက ကြီးစိုးထား တယ်နော် အားငယ်လိုက်တာ မေမေရယ် ” တဲ့။ဒါနဲ့ ငှက်မကြီးလည်း သူ့သား စကားကို သဘော သိပ်မတွေ့တာနဲ့.. ” လာလိုက်ခဲ့ ” ဆိုပြီး ခပ်မြင့်မြင့်ကို ပျံတက်သွားပါတယ် ။ ဒီလိုနဲ့ မြေပြင်နဲ့ အတန်အသင့် အမြင့်ကို ရောက်တဲ့ အခါ သူ့ … Read more

ကိုယ်နဲ့တစ်ညစာပျော်ဖို့ခေါ်လာတဲ့ အပျော်မယ်လေးကို လမ်းဘေးကသူဖုန်းစားကိုပေးပြီး ပျော်ခိုင်းလိုက်သောအခါ…

ဘားတခုထဲကနေ အရက်တွေ အရမ်းကိုမူးနေတဲ့ လူတစ်ယောက် အရက်တစ်လုံး နဲ့ ညည့်ဌက်ကလေးတစ်ယောက် ဆွဲပြီး ထွက်လာသတဲ့…. အဲ့ဒီမှာပဲ ဘားအရှေ့မှာ တောင်းရမ်း စားသောက်နေတဲ့ သူတောင်းစား တစ်ယောက်က ဗိုက်အရမ်းဆာနေတဲ့အတွက်ကြောင့် သူ့ကို အစားစားဖို့ ငွေစကြေးစ အနည်းငယ်လောက် စွန့်ကြဲဖို့ အမူးသမားကို တောင်းရမ်းပါတော့သတဲ့…. အဲ့ဒီမှာပဲ အမူးသမားကလည်း ငါ့မှာ ပိုက်ဆံတော့ မကျန်တော့ဘူး… မင်း သောက်ချင်ရင်တော့ ရော့..ငါ့ အရက် သာ သောက်လိုက်တော့လို့ အရက်ပုလင်း လှမ်းပေးရော… အဲ့ဒီမယ် သူတောင်းစားက (ကျွန်တော် အရက် မသောက်တတ်ပါဘူးခင်ဗျ ..ထမင်းစားဖို့ ငွေသာလိုတာပါ) လို့ ပြန်ပြောသတဲ့….. ဟာ….အဲ့ဒါဆိုလည်း ရော့ကွာ..ငါ့ ဆေးလိပ်ဗူး. .တော်တော့.. ပိုက်ဆံတော့ မရှိတော့ဘူး… ဆိုပြီး ဆေးလိပ်ဗူး လှမ်းပေးတော့.. ကျွန်တော် … Read more

ဝက်သားဒုတ်ထိုး ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်သွားဗျို့

ဝက်သားဒုတ်ထိုး ကြိုက်သူတွေ ဖတ်ဖြစ်အောင်ဖတ်သွားဗျို့ ဆရာဝန်ညီလေးတစ်ယောက်ရဲ့ဆေးခန်းကိုလာပြတာ အသက် ၂၀ ကျော်ကောင်ကလေး၊ သူ့စအိုကနေ ( intestinal fluke လို့ခေါ်တဲ့ )အကောင်အရှင်လေးတွေ ထွက်ထွက်နေတာ ပေါ်လိုက်ပျောက်လိုက်နဲ့ ၃-၄ နှစ်လောက်ရှိပြီတဲ့…။ သတိထားမိတာတော့ အဲဒီမတိုင်ခင် ဝက်သားတုတ်ထိုးတွေ အတော်စားဖြစ်တယ်လို့ပြောတယ်။ အဲဒီအကောင်လေးတွေသာ အသည်းထဲမှာတွယ်ကပ်မိရင် အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးတော့မှာ။ ဒီလပိုင်း/နှစ်ပိုင်းတွေမှာ ဆေးရုံမှာလည်းမကြာခဏတွေ့လာရတာတွေက အသက် ၃၀ ဝန်းကျင်လူနာတွေ အစာအိမ်ကင်ဆာ အူမကြီးကင်ဆာတွေနဲ့၊ တစ်ချို့ဆိုရင် ခွဲလို့မရနိုင်တော့တဲ့အခြေအနေမို့ အသက် ၃၀ ကျော်လေးမှာပဲ သေမင်းရက်ချိန်းကို ထိုင်စောင့်နေရတဲ့ဘဝတွေကိုဖြစ်လို့။ အဲဒီလိုလူနာတွေကို တွေ့ရ မြင်ရ ကြားရတိုင်း လမ်းဘေးမှာ မကျက်တကျက်ပြုတ်တွေထိုင်စားနေတဲ့ တုတ်ထိုးဆိုင်တွေ ၊ မကျက်တကျက်ကင်တဲ့အပြင် မီးခိုးငွေ့တွေ ညှော်ငွေ့တွေပါရိုက်ထားတဲ့ အကင်ဆိုင်တွေနဲ့ တစ်ခါတလေ ခေါင်းထဲ ဗိုက်ထဲက … Read more

မိန်းကလေးတွေသတိပေးချင်လို့ ကိုယ်ချစ်လည်းမရှာနဲ့ သူချစ်လည်းမရှာပါနဲ့ လူစိတ်ရှိတဲ့လူကိုပဲရှာကြပါ(ဖြစ်ရပ်မှန်)

ကျွန်မသူငယ်ချင်းက နှလုံးရောဂါ ရှိတယ် ကလေးယူမရဘူးလို့ ဆရာဝန်မှာထားတယ် သူ့ယောက်ကျားက ကလေးလိုချင်တယ် ကလေးယူပေးလို့ ခနခနပြောတယ်။ သူ ကိုယ်ဝန်ရှိနေပြီး ကျွန်မနဲ့ပြောပြလာတယ် ကျွန်မကမယုံဘူးမယုံဘူး နင်ငါရှေ့မာဆီးစစ်ပြဆိုပြီး သူကစစ်ပြပေးတယ်။ကျွန်မကပျော်လေပျော်တယ် စိတ်လေပူတယ် သူက ကျန်းမာရေးမကောင်းဘူး ဆရာဝန်လေကလေးယူရင်အသက်အန္တရာယ်ရှိတယ်လို့မှာထားတယ် ကျွန်မစိတ်ပူနေမိတယ်။ကိုယ်ဝန်ရှိနေတဲ့အကြောင်းသူယောကျာ်းနဲ့ သူပြောပြတယ် သူယောကျာ်းပျော်မယ်လို့ထင်ထားတယ် ဘယ်ဟုတ်မလဲ ဖျက်ချဖို့ပြောလာတယ်။နင်ပဲလိုချင်တယ် ငါရတော့မှ ဖျက်ချဖို့ဆိုတာ မလုပ်ပေးနိုင်ဘူးတဲ့ ကိုယ်ဝန်ရပြီးတယ်နောက်ပိုင်း သူယောကျာ်း သူ့ကိုနည်းနည်းလေးမှ ဂရုမစိုက်တော့ဘူး အိမ်မှာမနေဘူး သူကနှလုံးရောဂါရှိတယ်လေ စိတ်ဓာတ်ကျတယ် စားမဝင်အိပ်မပျော်တော့ဘူး။ကျွန်မက အားပေးစကားပြောတယ် သူ့နဲ့အဖော်နေပေးတယ်။ နောက်တစ်နေ့မှာ သူယောကျာ်းအမေအိမ်ပြန်သွားတယ် သူကဆံပင်ဖျောင့်ချင်တယ် လမ်းမလျှောက်တလျှောက်နိုင်တဲ့ ကျွန်မ အိမ်ကိုရောက်လာတယ်။အဲဒီနေ့က ကျွန်မနားအရမ်းနာနေတယ် နောက်နေ့မှသွားလို့မရဘူးလား သူကဒီနေ့ပဲဖျောင့်ချင်တယ် ကျွန်မက သူအမိန့်အတိုင်းပဲ ခေါ်ဇာမြို့မှာ ဆံပင်သွားဖျောင့်တယ်။ ဆံပင်ဖျောင့်နေတဲ့အချိန်က သူ့ယောက်ကျား ဖုန်းဝင်လာတယ် ကျွန်မပဲကိုင်တယ် သူဆံပင်ဖျောင့်နေတယ်လို့ခနနေပြီးတော့မယ် … Read more

ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ…

ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း ၂ ပတ်ဆက်တိုက်ထီကံထူး အကျိုးပေးတဲ့ ကင်းလိပ်ချောအမြှီးနှစ်ခွ ဘတ် ၂ သိန်းဈေးပေါက် အကျိုးပေးကင်းလိပ်ချောတစ်ကောင်ကို ၂လ ၃လကြာမွေးထားတဲ့ ဖစ်ချဘွန်ခရိုင်က ပန်းရံဆရာ အလုပ်ကောင်း ဇနီးဖြစ်သူထီကံထူး ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ချဘွန်ခရိုင်မှာနေထိုင်တဲ့ ပန်းရံဆရာတယောက်ဟာ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကိုတွေ့ရှိခဲ့လို့ ဖမ်းယူပြီး သူ့ရဲ့အိမ်မှာမွေးထားခဲ့ပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွကို၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း၂ ပတ်ဆက်တိုက်ထီကံထူးခဲ့တယ်လို့ဆိုပါတယ်။ သူဖမ်းလာတုန်းကတော့ ကင်းလိပ်ချောဟာ ပြောင်လက်နေတဲ့အနက်ရောင်တကောင်ဆိုပေမယ့် ယခုအခါမှာရွှေဝါရောင်သန်းလာတာကြောင့် အကျိုးပေးမယ့်ကင်းလိပ်ချောတစ်ကောင်လို့ သူယုံကြည်ထားပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကို အွန်လိုင်းပေါ်မှာ ဘတ် ၂ သိန်းဈေးပေါက်နေတာဖြစ်ပါတယ်…။ Ref: ช่องวันนิวส์ Photo : ช่องวันนิวส์ … Read more