ခြေတွေလက်တွေ ထုံကျင်နေခဲ့ရင် မိမိကိုယ်တိုင် အလွယ်တကူကုသနိုင်တဲ့နည်း
အသက် ၈၅နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်ရသောအခါ….
ထိုင်နေတုန်း အသက် ၈၅ နှစ်အရွယ် သနပ်ခါးသည်အဘွားက ကားလာဌားလို့ လိုက်ပို့ပေးလိုက်တဲ့အခါမှာ အရမ်းကို အံသြသွားတဲ့ လူတစ်ယောက်ရဲ့ အဖြစ်ပဲဖြစ်ပါတယ်။ လူတွေဟာ အသက်အရွယ်ကြီးမြင့်လာတဲ့အခါမှာ ရုန်းကန်လှုပ်ရှားဖို့ တော်တော်လေးကို ခက်ခဲပါတယ်။စားရေးသောက်ရေး နေရေးထိုင်ရေးအတွက် တစ်ကိုယ် တည်း ရှာဖွေဖို့ဆိုတာ ပိုခက်ခဲပါတယ်။ ယခုလို ခက်ခဲတဲ့ကြားက အသက် ၈၅ နှစ်အရွယ် အဖွားအိုတစ်ယောက်က ကားငှားခြင်းကို ခံခဲ့ရတဲ့ လူတစ်ယောက်ဟာ လူမှုကွန်ယက်မှာ ယခုကဲ့သို့ မျှဝေခဲ့ပါတယ်။ ကျောက်ဆည် Alpha ဘိလပ်မြေစက်ရုံရှေ့ထိုင်နေတုန်း မန္တလေးဘက်က သနပ်ခါးတုံးရောင်းပြီးပြန်လာတဲ့အသက် ၈၀ ကျော်အဖွားအိုတစ်ယောက် သူ့အိမ်ကိုပြန်ဖို့ ကားကြုံစီးပါရစေ ပိုက်ဆံ ၅၀၀ ပေးပါ့မယ်ဆိုလို့ အိမ်အရောက် လိုက်ပို့ပေးလိုက်တယ်။ ၈၅ နှစ်အရွယ်ထိ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီးအလုပ် လုပ်နေတဲ့အဖွားကို လေးစားသောအားဖြင့် ပိုက်ဆံနဲ့ကန် တော့ပါရစေ ဆိုတော့ … Read more
ဒါကိုသိရင် ကြက်ဥခွံလေးတွေကို လွှင့်ပစ်မိမှာ မဟုတ်တော့ပါဘူး
ဒါကိုသိရင် ကြက်ဥခွံလေးတွေကို လွှင့်ပစ်မိမှာ မဟုတ်တော့ဘူး ကြက်ဥခွံတွေကို ပြန်ပြီး အသုံးပြုနိုင်တဲ့နည်း(12)မျိုး ကြက်ဥခွံတွေကို ပြန်ပြီး အသုံးပြုနိုင်တဲ့နည်း(12)မျိုး ကြက်ဥဆိုတာ အာဟာရဓါတ်တွေ ပြည့်ဝနေတဲ့ အစားအစာတစ်ခုဆိုတာ လူတိုင်းသိကြမှာပါ။ ကြက်ဥစားပြီးရင် ကြက်ဥအခွံတွေကို လွှင့်ပြစ်လိုက်ကြပါလိမ့်မယ် ဒီအချက်လေးတွေကို ဖတ်ကြည့်ပြီးရင်တော့ ကြက်ဥခွံတွေ လွှင့်ပစ်ခဲ့တာ ငါတော်တော်မိုက်မဲပါလား ဆိုတဲ့ အတွေးမျိုးတွေးမိမှာ အမှန်ပါဘဲ။ ဒါကြောင့်မို့ အသုံးဝင်တဲ့ကြက်ဥအခွံတွေကို ဘယ်လိုအသုံးချကြမလဲ ဆိုတာ ဖတ်ကြည့်ရအောင် (၁) ခရမ်းချဉ်ပင်တွေကို သန်စွမ်းစေတယ် ဟုတ်ပါတယ်။ ခရမ်းချဉ်ပင်တွေကို ကြက်ဥခွံတွေက အကျိုးပြုပါတယ်။ကြက်ဥခွံတွေကို ခြေမွပြီးတော့ ခရမ်းချဉ်ပင်ရဲ့ အမြစ်အနီးတွင်းတူးပြီး ထည့်လိုက်ရပါမယ် ကြက်ဥခွံဟာ ကယ်ဆီယမ် ကြွယ်ဝတဲ့အတွက် ခရမ်းချဉ်သီးပင်တွေ လိုအပ်တဲ့ ကယ်ဆီယမ်ဓါတ်ကို ပေါပေါများများရရှိစေမှာဖြစ်ပါတယ် (၂) သန့်ရှင်းရေးမှာ အသုံးပြုနိုင်ပါတယ် ကြက်ဥခွံကို အော်ဂဲနစ် သန့်ရှင်းရေးသမားလို့ … Read more
အိုလာရင်သားသမီးတွေ ပစ်ပယ်တာခံရတာပါပဲဆိုတဲ့ ဆိုက်ကားဆရာအဘိုးအိုပြောတဲ့ ရင်နင့်ဖွယ် အဖြစ်
အိုလာရင်သားသမီးတွေ ပြစ်ပယ်တာခံရတာပါပဲ ဆိုတဲ့ အသက်၇၇နှစ်အရွယ် ဆိုက်ကားဆရာ အဘိုးအိုရဲ့ အဖြစ် ကျနော်ကားပေါ်ကဆင်းဆင်းချင်ပဲဆိုက်ကားဆရာတချို့ရောက်လာတယ်။သန်မြန်တဲ့လူတွေမို့အတင်တိုးဝှေ့ပြီးသူ့ထက်ငါဦးအောင်မေးကြတယ် အကိုဘယ်သွားမှာလဲဘယ်ပို့ပေးရမလဲပေါ့။ ကျနော့်မှာလဲပစ္စည်းကများများစားစားသယ်စရာပါမလာတော့ ကျနော်ဆိုက်ကားမငှားတော့ဘူးအကိုတို့လို့ပြောလိုက်တယ်ကိုလဲမြို့သားမဟုတ်တော့တော်ယုံအထုပ်နဲ့တော်ယုံခရီဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်။ အဲ့လိုနဲ့ဆိုက်ကားဆရာတွေလူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ် ငါ့တူလေးဘယ်ကိုသွားမှာလဲဦးလေးဆိုက်ကနဲ့လိုက်ပို့ပါရစေတဲ့ မေးလိုက်တဲ့ပုံကလဲတခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျ တခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလားဘာညာမေးတယ် အခုအဖိုးအိုကတော့ ဦးလေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့။ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ်။ တခြားဆိုက်ကားဆရာတွေကတောင်နောက်ကတီးတိုဝေဖန်သံကြားလိုက်မိပါတယ် ဒီကောင်အရူးစိတ်မမှန်ဘူးဆိုပဲ အဲ့လိုနဲ့ကျနော်တို့ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ်။ ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလားဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမ အငယ်ဆုံးသားကတော့ မှန်လုံကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့မဟုတ်ပါဘူးသူတို့အိမ်ထောင်တွေနဲ့ပါ။ သူတို့ကတာဝန်ကျရာနယ်တွေမှာပါ တဲ့ဒါဆိုဦးလေးတို့အဖိုးအဖွား၂ယောက်ထဲနေတာပေါ့နော် ဆိုတော့မဟုတ်ပါဘူးဦးလေးတယောက်ထဲနေတာပါ ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ်နေချင်တာပေါ့ငါ့တူရယ်နေလဲနေပြီးပါပြီ။ မိဘတွေအိုလာရင်သားသမီးတွေကပယ်ထားကြတာတစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့ကျနော်အရမ်းစိတ်မကောင်းဖြစ်သွားတယ် ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှမနဲအသံထွက်မေးလိုက်ရတယ်။ ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ် မယုံနိုင်သလိုအံ့သြတဲ့အကြည့်တွေနဲ့ကျနော်ကိုပြောတယ် ၅၀၀ … Read more
အာရုံကြောအားနည်းခြင်း ဦးခေါင်းအရည်ပြားကျိန်းနေခြင်းများနှင့် ဦးခေါင်းနှင့်ပတ်သက်သော ရောဂါသည်များအတွက်
အာရုံကြောအားနည်းခြင်း ဦးခေါင်းအရည်ပြားကျိန်းနေခြင်းများနှင့် ဦးခေါင်းနှင့်ပတ်သက်သော ရောဂါများအတွက် ကျွန်တော်လွန်ခဲ့သော ၂နှစ်ကျော်က ဦးခေါင်းတွင်ဆံပင်ကိုရှပ်ထိရုံနဲ့ ခေါင်းညာဘက်အပေါ်ဦး ရေပြားသည် ကျိန်းနေပါသည်။ သေချာစွာပွတ်ကြည်ရင်လည်း ကျိန်းနေပါသည်။ ဆရာဝန်များနှင့်ပြသော်လည်းမပျောက်ပါ။ နောက်ဆုံး ဦးနှောက်နှင့်အာရုံကြောအထူးကုဆီ ရောက်ခဲ့ပြီး တစ်နှစ်နီးပါး ဆေးသောက်ခဲ့ရပါသည်။ နောက်ပိုင်း နားအတွင်းပိုင်း နှင့် မျက်စိပါအောင့်လာပါသည်။ တစ်လကို ဆေးဘိုးသိန်းချီကုန်သော်လည်းမထူးခြားပါ။ သက်သာ ပျောက်ကင်းသွားသောဆေးနည်းမှာငွေနည်းနည်းနှင့် အချိန်ပေးရသောဆေးဖြစ်နေပါသည်။ ဆေးနည်းမှာ ခြေနှစ်ချောင်းဆန့်သော အင်တုံလိုအပ်ပါသည်။ ထိုအင်အုံထဲသို့ရေကျက်အေးနွေးနွေးကို (ခံနိုင်သောအပူရှိန်) ခြေမျက်စိမြုတ်တဲ့ထိထည့်ပါ။ ပြီးပါက ဆားကြမ်းကို ခြေနှစ်ဘက်တင်နိုင်အောင် ထည့်ပါ။ ဆားကို ၁ ပိသာခွဲ ၂ ပိသာခန့်ထည့်ရပါမည် ။ ပြီးပါက ခြေနှစ်ချောင်းကို ဆားပေါ်တင်ထားပြီး ဆား ရေစိမ်ထားပေးပါ။ အချိန်၁နာရီခန့် ထားရပါမည်။ ထိုဆားရေစိမ်းခြင်းအား ၅ရက်ဆက်လုပ်ပြီး ၃ရက်နား ပြီးဆက်လုပ်ပါ။ သုံးကြိမ်လောက်လုပ်ပြီး … Read more
(၁၁)နှစ်ပြည့်မယ့် မွေးနေ့လေးမှာ အမေက နေမကောင်းဖြစ် နေတာကြောင့် ဒီနှစ်မှာတော့ ကိတ်မခွဲပါနဲ့တော့သားရယ်ဆိုလို့ မုန့်ဖက်ထုပ်ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ်
နေမကောင်းဖြစ်နေတဲ့ မိခင် ဖြစ်သူအတွက် မုန့်ဖက်ထုပ် ရောင်းပြီး ရှာကျွေးနေတဲ့ (၁၁)နှစ်အရွယ် ကလေးငယ် လက်ရှိမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေအမျိုးမျိုးကြောင့် ပြည်သူတွေမှာ စားဝတ်နေရေးအပြင် အသက်ရှင်သန်ဖို့ အတွက်တောင် အတော် လေး ရုန်းကန် နေကြရတာ ဖြစ်ပါတယ်။ ကို ဗစ် ကပ်ရောဂါဆိုးကြောင့် အများ ပြည်သူတွေမှာ ကူးစက် ရောဂါ ရင်ဆိုင်ခံစားနေကြရတဲ့အချိန် မိသားစု စားဝတ်နေရေးအတွက် မဖြစ်မနေ စီးပွားရှာ လုပ်ကိုင် စားသောက်နေကြ ရတာတွေလည်း ရှိကြ ပါတယ်။ အခု တစ်ခါမှာလည်း ကပ်ရောဂါ အန္တရာယ်တွေ ကြားက (၁၁)နှစ်အရွယ် ကလေးငယ် လေးဟာ မိခင် ဖြစ်သူ မကောင်းတဲ့ အ တွက် အ ရွယ်လေးနဲ့ မ လိုက် အောင် … Read more
ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ
ပန်းရံဆရာလင်မယား ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂လ ၃လအကြာ မွေးထားလိုက်မိသောအခါ… ကင်းလိပ်ချောအမြှီးနှစ်ခွကို ၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း ၂ ပတ်ဆက်တိုက်ထီကံထူး အကျိုးပေးတဲ့ ကင်းလိပ်ချောအမြှီးနှစ်ခွ ဘတ် ၂ သိန်းဈေးပေါက် အကျိုးပေးကင်းလိပ်ချောတစ်ကောင်ကို ၂လ ၃လကြာမွေးထားတဲ့ ဖစ်ချဘွန်ခရိုင်က ပန်းရံဆရာ အလုပ်ကောင်း ဇနီးဖြစ်သူထီကံထူး ထိုင်းနိုင်ငံမြောက်ပိုင်း ဖစ်ချဘွန်ခရိုင်မှာနေထိုင်တဲ့ ပန်းရံဆရာတယောက်ဟာ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကိုတွေ့ရှိခဲ့လို့ ဖမ်းယူပြီး သူ့ရဲ့အိမ်မှာမွေးထားခဲ့ပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွကို၂ လ ၃ လအကြာမွေးထားတဲ့နောက်မှာ သူ့ရဲ့ပန်းရံအလုပ်တွေဆက်တိုက်ဝင်လာနေသလို ဇနီးဖြစ်သူကလည်း၂ ပတ်ဆက်တိုက်ထီကံထူးခဲ့တယ်လို့ဆိုပါတယ်။ သူဖမ်းလာတုန်းကတော့ ကင်းလိပ်ချောဟာ ပြောင်လက်နေတဲ့အနက်ရောင်တကောင်ဆိုပေမယ့် ယခုအခါမှာရွှေဝါရောင်သန်းလာတာကြောင့် အကျိုးပေးမယ့်ကင်းလိပ်ချောတစ်ကောင်လို့ သူယုံကြည်ထားပါတယ်။ ကင်းလိပ်ချောအမြှီးနှစ်ခွတစ်ကောင်ကို အွန်လိုင်းပေါ်မှာ ဘတ် ၂ သိန်းဈေးပေါက်နေတာဖြစ်ပါတယ်…။ Ref: ช่องวันนิวส์ Photo : ช่องวันนิวส์ … Read more
အမှိုက်ကောက်သမားဘဝမှ မြေပိုင်ရှင် သူဌေးကြီးဖြစ်လာသူ တစ်ယောက်အကြောင်း
အမှိုက်ကောက်သမားဘဝမှ မြေပိုင်ရှင် မန္တလေး သူဌေးကြီးဖြစ်လာသူတစ်ယောက်အကြောင်း ရေးသားသူ – ရန်နောင်ထွန်း ( Popular News Journal)လွန်ခဲ့သော နှစ် ၃ဝ ခန့်က မန္တလေး မြို့ ထွန်တုံးကျူးကျော် ရပ် ကွက်အတွင်း နေထိုင်ကာ ကျောင်းမနေ ခဲ့ရဘဲ ပလတ်စတစ်များလိုက်လံကောက် ယူ၍ အသက်မွေး ဝမ်းကျောင်းခဲ့ရသူတစ်ဦးရှိခဲ့ဖူး၏။ သူ့အမည်က မောင်ထွန်းနိုင်။မိဘများက ချမ်းသာခဲ့သော်လည်း ကံ ဇာတ်ဆရာ၏လှည့်ဖျားမှုကြောင့် မန္တလေး မြို့၏ အထင်အရ ၁၇ လမ်း ဦးကျားကြီး မီးလောင်မှုတွင် မိသားစုလိုက် ဆင်းရဲ တွင်းနက်ခဲ့ရသည်။ မွေးချင်း ၉ ယောက်အနက် ပဉ္စမ မြောက် သားတစ်ဦးဖြစ်သော မောင်ထွန်း နိုင်သည် မိသားစု ဆင်းရဲမှု ဒဏ်ကြောင့် အတန်းပညာကို လုံးဝနီးပါးသင်ကြားခြင်း မပြုခဲ့ရသော်လည်းအသက် … Read more
ကလေးထိန်းပေးမည့်သူမရှိ၍ ကိုယ်တိုင်ကျောပိုးပြီး ဘိလပ်မြေအိတ်များထမ်းခဲ့သော ဖခင်တစ်ဦးရဲ့အဖြစ်
ကလေးလေးတစ်ယောက် အနားရောက်လာပီး ကိုကြီးအမှိုက်ပစ်အုံးမလားတဲ့ မပစ်တော့ဘူးလို့ပြောလိုက်သောအခါ
မိဘအတွက် ဆန်ဝယ်ပေးချင်လို့  ရပ်ကွက်ထဲက အမှိုက်တွေကို စက်ဘီးလေးနဲ့ သယ်ပေးနေတဲ့ ကလေးငယ် သူငယ်ချင်းနဲ့အအေးဆိုင်ထိုင်နေတုန်း ကလေးလေးတစ်ယောက်ရောက်လာပီး ကိုကြီး အမှိုက်ပစ်အုံးမလားတဲ့ မပစ်တော့ဘူးလို့ပြောလိုက်တော့ သားက အိမ်အတွက် ဆန်လေးဝယ်ချင်လို့တဲ့…။ ကျွန်တော်တို့ သူငယ်ချင်းနဲ့အအေးဆိုင်ထိုင်နေတုန်း ကလေးလေးတစ်ယောက်ရောက်လာပီး ကိုကြီး အမှိုက်ပစ်အုံးမလားတဲ့ မပစ်တော့ဘူးလို့ပြောလိုက်တော့ သားက အိမ်အတွက် ဆန်လေးဝယ်ချင်လို့တဲ့ အဲ့တာနဲ့ ကျွန်တော်ကလည်း ညီလေးထိုင်ပါအူံးလို့ပြောပီး ကျွန်တော်က မေးလိုက်တယ်….ညီလေး ဘာစားပြီးပြီလဲ မေးတော့ သားက အသုပ်စားလိုက်တယ်တဲ့ အဲ့တာနဲ့ ကျွန်တော်ကလည်း ထပ်စားချင်သေးလဲမေးတော့ မစားတော့ပါဘူးဆိုပီး ကျွန်တော် ကလေးအတွက် မိုင်လိုတစ်ခွက် မှာပေးပီး သူအကြောင်းတွေကိုမေးတော့ အဖေနဲ့အမေက ချောင်းထဲက ဘူးခွံပုလင်းတွေကောက်တာတဲ့ ဒီနေ့ကမရလို့ သားက အမှိုက်လိုက်သွန်ပီး အိမ်အတွက်ဆန်ဝယ်ပေးမလို့ဆိုပီးထွက်လာတာ သူစီးတဲ့စက်ဘီးလေးကလည်း ဘီးကပေါက်နေပီး ချိန်းကပြတ်နေတယ် ကျွန်တော်ကလည်း စက်ဘီးဆိုင်ကိုသွားပီး … Read more