အရမ်းကိုထိမိလွန်းတဲ့ မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ…

ယောက်ျားတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင် သူ့ကိုပြုစုတဲ့သူက သူ့မိန်းမပဲဖြစ်လိမ့်မယ် မိန်းမတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင်သူ့ကိုပြုစုတဲ့သူက သူမရဲ့ အမေဖြစ်နေဖို့များတယ် 😔ယောက်ျား လေဖြတ်သွားရင်မိန်းမက ရူးမတတ်ဖစ်နေပီးပြုစုလိမ့်မယ် 😏မိန်းမလေဖြတ်သွားရင်ယောက်ကျားကို မြင်တောင်မမြင်ရတော့ဘူး ဒါကြောင့် မိန်းမတစ်ယောက် ကျန်းမာဖို့ အရမ်းအရေးကြီးတယ် သိပ်လဲကြောက်ဖို့ကောင်းတဲ့ လက်တွေ့ဘဝတစ်ခုပဲ 🙇ဆေးရုံထဲမှာ လူကြီးအဖိုးကြီးတွေကို တွန်းလှဲတွန်းပေးတာများသောအားဖြင့် အဖွားကြီးတွေဖြစ်လိမ့်မယ် ဒါပေမဲ့ အဖွားကြီးတွေကို တွန်းလှဲတွန်းပေးတာများသောအားဖြင့် သမီး ဒါမှမဟုတ်nurse တွေဖြစ်လိမ့်မယ် လက်တွေ့ဘဝဟာ တစ်ခါတလေ လက်မခံနိုင်ချင်စရာကောင်းလောက်အောင်ကို ရက်စက်လွန်းတယ် ဒါကြောင့်မိန်းမတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ ဒီလောကကြီးမှာ မိမိသာလျှင် တန်ဖိုးအရှိဆုံးပါ #မိန်းမသားတစ်ယောက်ရဲ့ရင်ဖွင့်သံ Credit Original Writer Unicode Version ယောကျ်ားတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင် သူ့ကိုပြုစုတဲ့သူက သူ့မိန်းမပဲဖြစ်လိမ့်မယ် မိန်းမတစ်ယောက် အိပ်ယာထဲဖျားပီးလဲနေရင်သူ့ကိုပြုစုတဲ့သူက သူမရဲ့ အမေဖြစ်နေဖို့များတယ် … Read more

သားမိုက်ရဲ့အိမ်ပြန်ချိန်(အရမ်းကောင်းတဲ့ စာလေးပါ)

ဧည့်ကြိုဌာနရှေ့တွင် အဘိုးအို တစ်ယောက်က လာရပ်လိုက်ပြီး “မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။ “မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား” “ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ” “သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်” ဧည့်ခန်းကြီး က ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား “ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး “ဦးရှင့် … မစ္စတာ တာနာနဲ့ တွေ့လို့ရပါပြီ။ ၂၄ ထပ်က ရုံးခန်းကို ဓာတ်လှေကားနဲ့ တက်လာခဲ့ပါတဲ့” သားဖြစ်သူ ရုံးခန်း ကိုရောက်တော့ … Read more

အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ

အမျိုးသမီးတစ်ယောက်ဟာ မိသားစုဝမ်းရေးအတွက် မနက်တိုင်း ဘိန်းမုန့် ဖုတ်ရောင်းပါတယ်။ မိသားစုဝင်တွေ လည်း နံနက်စာအဖြစ် ဘိန်းမုန့်ပဲ စားကြပါတယ်။ နောက်ပြီး မနက်တိုင်း မနက်တိုင်းမှာ ဘိန်းမုန့် တစ်ချပ် အပိုဖုတ်ထားပေးပြီး ပြတင်းပေါက်မှာ တင်ထားပေးပါတယ်။ သူမ အလုပ်မအားလပ်တဲ့အချိန်ရောက်လာရင် သူ့ဘာသာယူသွားနိုင်အောင်လို့ပေါ့။ သူမ သတိထားမိတာက ထိုအဖိုးကြီး မုန့်လာယူတိုင်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလေးတစ်ခွန်းတောင်မပြောဘဲ မုန့်ယူပြီးပြန်ထွက်သွားတိုင်းအောက်ပါအတိုင်းရေရွတ်ပြောပြောသွားတယ်။ ” အကုသိုလ်ပြုရင် ဒုက္ခရောက်ပါစေ၊ ကုသိုလ်ပြုရင် ကောင်းကျိုးခံစားရပါစေ ” နေ့တိုင်း နေ့တိုင်း အဖိုးကြီးမုန့်လာယူတဲ့အခါ အဲ့ဒီလို ပဲ ရွတ်ရွတ်သွားတဲ့ အတွက် မုန့်ကျွေးရတဲ့ မိန်းမကြီးလည်း ဒေါကန်လာတာပေါ့။ ” ဟင်း . . ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်လုံးတောင်မပြောဘဲ ဒီစကားတွေပဲ ထပ်ခါထပ်ခါ ရွတ်နေတယ်။ ဒါ ဘာအဓိပ္ပါယ်လဲ … Read more

မနေ့က ကားနားလာပြီး ကလေးငယ်ငယ်တစ်ယောက် “ငုံးဥပြုတ်ဝယ်ပါဦး”လာရောင်းလို့ ဝယ်လိုက်မိသောအခါ…

မနေ့က ကားနားလာပြီး ကလေးငယ်ငယ်တစ်ယောက် “ငုံးဥပြုတ်ဝယ်ပါဦး”လာရောင်းလို့ ဝယ်လိုက်မိသောအခါ မနေ့က အမြန်လမ်းပေါ်အတက် အခွန်ကောက်တဲ့နေရာမှာ ကလေးငယ်ငယ်တစ်ယောက် ကားနားလာပြီး ငုံးဥပြုတ်ဝယ်ပါဦး လာရောင်းတယ်။ ကားတွေလည်းရှားတော့ အလုပ်လုပ်တဲ့ကလေးကို အားပေးတဲ့အနေနဲ့ ဝယ်ပေးဖို့လုပ်တယ်။ ဘယ်လောက်လဲဆိုတော့ သုံးထုပ်ငါးရာတဲ့။ အမယ် ဘယ်ဆိုးလို့လဲ အရောင်းပါးနေပေမယ့် ဈေးမှန်ပဲရောင်းတယ်ဟလို့ စိတ်ထဲက ချီးကျူးမိတယ်။ⒶⓂ︎Ⓣ သားတစ်ထောင်ဖိုးပေးဆိုတော့ သူ့ထဲကနေ ငါးရာဖိုးရောင်းပြီး နောက်မှာရပ်နေတဲ့ သူ့သူငယ်ချင်းလှမ်းခေါ်ပြီး မင်းထဲက ငါးရာဖိုးပေးလိုက်လေတဲ့။ အိုးမိုင်ဂေါ့ ဒီကောင်တကယ့်လူတော်လူကောင်းပဲလို့ စိတ်ထဲက ထပ်ချီးကျူးမိပြန်တယ်။ တခါတခါ ပညာတွေသင် ကျင့်ဝတ်တွေသင်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ အမူအကျင့်ကောင်းလေးတွေကို ခုလိုမထင်မှတ်တဲ့ အရွယ်တောင်မရောက်သေးတဲ့ ကလေးတွေဆီမှာတွေ့ရတာ အံ့အားသင့်ရပါတယ်။ ကိုယ်လည်းသူ့ကိုမှီအောင် ကြိုးစားရဦးမယ်။ပြန်လည်မျှဝေပါသည်။ credit to original writer #Htunhtun Htunhtun Unicode Version … Read more

၂၁ရာစု မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

ကျမချစ်သူကို ပြောခဲ့ဖူးတယ် ။ နောက် ၂နှစ်လောက်နေရင် ငါလက်ထပ်ဖြစ်လိမ့်မယ် ။ ဒါပေမယ့် ငါလက်ထပ်တဲ့သူက နင်ဟုတ်ချင်မှ ဟုတ်လိမ့် မယ် ။ နောက် ၂နှစ်လောက်နေရင် အဆင်ပြေတဲ့သူကို ငါ လက်ထပ်သွားမှာပဲလို့….။ ကြားကြားချင်းတော့ သူစိတ်ဆိုးတယ် ။ နောက်တော့ သူ လက်ခံသွားတယ် ။ ကျမဆိုလိုတာက မိန်းမတစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ …. အချစ်က အဓိကမကျတော့ဘူး | ကိုယ်ချစ်တဲ့သူဆိုရင် တော့ ပိုကောင်းတာပေါ့ ။ ဒီလူကို တစ်သက်လုံးအားကိုးရတော့မှာ တစ်သက်တာ မှီခိုရတော့မှာမဟုတ်လား ။ အချစ်က ထမင်းမကျွေးဘူး ။ ကိုယ် ထမင်းအငတ်ခံနိုင် တယ်ထား ကိုယ့်ရင်သွေးလေးတွေကို ပြည့်စုံအောင် ဖန်တီးဖြည့်စွမ်းချင်တယ် ။ ကိုယ့်ကလေးကို သူများထက် အောက်မကျစေချင်ဘူး … Read more