ဒီည ဒီစာကို မဖြစ်မနေ ဖတ်လိုက်ပါ မင်းဘဝအတွက် အရမ်းကောင်းလွန်းလို့ပါ

ဒီည ဒီစာကို မဖြစ်မနေ ဖတ် လိုက်ပါ မင်းဘ၀အတွက် အရမ်းကောင်းလွန်းလို့ပါ… ကောင်းလိုက်တဲ့စကား သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ(၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်ကသင့်ဆီက ၁၀၀တန်တရွက် ခိုးသွားတယ်။ ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့အဲဒီလူကို လိုက်ရှာဖမ်းဖို့ အတွက်သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀)လုံးကို ပုံပြီးသုံးမလား။ ဒါမှမဟုတ်မေ့မေ့ပျောက်ပျောက်နေမလား။အဖြေ ကတော့ ရှင်းပါတယ်။ စိတ်ပြေ လက်ပျောက်ပဲ နေမှာပေါ့။၁၀၀လောက်လျော့သွားတာ အတွက်ဘာကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်နေမလဲ။ ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့တနေ့တာမှာစက္ကန့်ပေါင်း ၈၆, ၄၀၀ ရှိတယ်။ အဲဒီထဲက တစုံတယောက်ကြောင့်စိတ် အနှောင့်အယှက်ဖြစ်ရတဲ့အချိန် တစ်မိနစ်ကျော်ကျော်(စက္ကန့် ၁၀၀လောက်) အတွက်နဲ့ ဘာကြောင့်များစိတ်ဆိုးဒေါသတွေ ထွက်ပြီးကျန်တဲ့ တနေ့တာရဲ့ လက်ကျန်၈၆, ၃၀၀စက္ကန့် လုံးလုံးကိုအဆင်မပြေဖြစ်အောင် လုပ်မလဲ။ ဘဝဟာ ကျယ်ပြန့်ပါတယ်။အသေးအမွှားကိစ္စလေးတွေကြောင့်အနှောင့်အယှက် … Read more

ဒေါ်အောင်ဆန်းစုကြည် လက်မခံလိုက်တဲ့ စာအိတ် ၂ခု

ဒေါ်အောင်ဆန်းစုကြည် လက်မခံလိုက်တဲ့ စာအိတ် ၂ ခု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည်ဆိုသော စာအိတ်နှစ်အိတ်ကို သူမကလက်မခံဘဲ ” ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့ကသာ ဆုံးဖြတ်ရမည်ဆိုကာ” ပြန်ပေးလိုက်သည်ဟု သူမ၏ရှေ့နေတစ်ဦး အပြောအရ သိရသည်။ ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်သို့ ရောက်ရှိနေသည့် ကာကီရောင်စာအိတ်ရှည်နှစ်လုံးအား နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားရုံးတွင် ယနေ့ရုံးချိန်းထွက်လာသော ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူမ၏ရှေ့နေအဖွှဲဝင်တစ်ဦးက ပေးအပ်ရန်ကြိုးစားကြောင်းနှင့် ပါတီရုံးသို့ ရောက်ရှိနေသည့်စာဖြစ်သောကြောင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကသာ ပါတီကိစ္စဆုံးဖြတ်ရမည်ဖြစ်ကြောင်းပြောဆိုသည်ဟု ရှေ့နေဦးခင်မောင်ဇော်က ပြောသည်။ စာနှင့်ပတ်သက်သော အသေးစိတ်ကိုသိရှိခြင်းမရှိဟု ဦးခင်မောင်ဇော်ကပြော သည်။အာဏာသိမ်းစစ်တပ်က အမှုများစွာကပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် အမှုနှစ်ခုအတွက် ရုံးချိန်းထွက်ရသည်။ ပထမအမှုမှာ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဌ ဦးမျိုးအောင် တို့နှင့်အတူ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြစ်သည်။ … Read more

အောက်လမ်းဆရာ ကြောက်တဲ့ ထယ်သွားကပ် မြေကြီးနှင့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း

အောက် လမ်း ဆရာ ကြောက် တဲ့ ထယ်သွား ကပ် မြေကြီးနှ င့် ဘုရားဂုဏ်တော်အစွမ်း အံ့မခန်း “အောင့် တယ်…အောင့်တယ်”ဟူ၍အော်နေသော မောင်ကျော်မိုး ၏ အော်နေသောအသံ သည် စူးနစ်စွာထွက်ပေါ်လာ၏။ မောင်ကျော်မိုး၏ ဖခင်နှင့် အကိုဖြစ်သူတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြသည်။မောင်ကျော်မိုး ၏အော်သံမှာလည်းပို၍ကျယ်လာပြီး အော်သံစိပ်လာသဖြင့် အိမ်နီးချင်းများမှအားလုံးဝိုင်းအုံလာကြသဖြင့် သူတို့အိမ်တွင်လူများပြည့်ကျပ်သွားသည်။ တစ်ယောက်ကပြေးခေါ်သဖြင့်ဗိန္နောဆေးဆရာကြီး ဦးဖြူသီးရောက်လာပြီး တိုင်းရင်းဆေးများတိုက်ကြွေးသော်လည်း အအောင့်ကမပျောက်သဖြင့် မြို့ဆေးရုံသို့ပို့ရန်အကြံပေးကြလေသည်။ထိုအချိန်မှာပင် ရွာဦးကျောင်းဆရာတော်ဦးသုတဆွမ်းခံကြွလာ၏ အိမ်ထဲသို့ဝင်လိုက်သည်နှင့် မောင်ကျော်မိုး မချိမဆန့်အော်လိုက်သော အသံများက ဆီးကြိုလျက်ရှိသည်။ ထို့ကြောင့် သပိတ်ချပြီး လူနာထံကြွသွား၏။ အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့် အကျိုးအကြောင်းမေးလေ၏“မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း”ဟုမေးလေသည် မည်သူမှဦးဆောင်၍ဖြေသူမရှိ မောင်ကျော်မိုး၏ဖခင်မှ ဗိုက်အောင့်တာပါဘုရားဟုဖြေးဖြေးလေးပြန်လျှောက်၏ ဆရာတော်မှ“ရောဂါကြောင့်လား မတည့်စာ စားမိလို့လား” ထိုအမေးကို မည်သူမှဖြေသံမကြား သူတို့မျက်နှာများမှာ ကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်။ထိုအချိန်မှာပင် မောင်ကျော်မိုး၏အကိုဖြစ်သူမှ ရဲဝံ့စွာ … Read more

အမေ့ကို သားသမီးတွေက ပစ်သွားလို့ ဒီလိုတောင်းစားနေရတာပါတဲ့လားနော်

အမေ့ကို သားသမီးတွေက ပစ်သွားလို့ ဒီလိုတောင်းစားနေရတာပါတဲ့??? လူလောက ကမ္ဘာလောက မိဘကိုဒီလိုနဲမပြစ်ထားတင်ပါ ??????????????မိဘကိုတန်ဖိုးထာပါ မျှဝေးပေးလိုက်ကြပါ။ဒီအမေအို က သားသမီးတွေရဲ့ စွန့်ပစ်ခြင်း ခံရပြီး ဈေးထဲမှာ တောင်းစားနေရတဲ့ အဘွားအိုပါ…( ကျော်သွားခြင်းမပြုလိုက်နဲ့ ) အဆုံးထိဖတ်ပေးစေချင်တယ် ၊၊အမေဆိုတာ … ……ဘဝမှာ အရာရာတိုင်းတွေထက် ကိုယ့်အပေါ်အကောင်းမြင်သူနာလည်မူအရှိဆုံးသူ အနစ်နာအခံနိုင်ဆုံးသူဟာ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ အမေပါပဲ” အမေ အသက်ကြီးလှပြီ ” ငယ်ငယ်ကလိုခင်ဗျားရှေ့မှာ မားမားမတ်မတ် အမေရပ်တည်မပေးနိုင်တော့ဘူး ၊၊ခြေတွေလည်း ” ကျင် ” နေရှာလောက်ပြီခါးတွေကှိုင်းလို့ ……နားတွေလည်း ထိုင်းနေလောက်ပြီအမေကို တကယ်ချစ်ရင် ပစ်မထားပါနဲ့ အမေကို အမေလိုသိပါစေ ၊ပြန်မပြောနဲ့ ” ညီလေး ” ခံမပြောနဲ့ ” ညီမလေး “အမေဆိုတာ မင်းဘဝမှာ အကောင်းဆုံးသူတစ်ယောက်ပါ … Read more