ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ
ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ တနေ့မှာတော့ လယ်သမား အဖိုးကြီး တစ်ယောက်က ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်တဲ့။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။ ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ။– တစ်သိန်းပါတဲ့။ ဘဏ်အရာရှိက ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်တဲ့။ အဲဒီငွေက ဘာအတွက် သုံးမှာလဲ။ မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ။ ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ။ အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ။ အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်း တစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့် … Read more
လမ်းဘေးခွေး(၃၀၀) ကျော်ရဲ့အရှင်သခင် ဦးလေးကြီးရဲ့ ၁၄နှစ်တာကောင်းမှု
လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး ရက်မပျက်ပဲ တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေခဲ့သူ မုံရွာမြို့ ရဲ့ နေရာအနှံ့က လမ်းဘေးခွေး အကောင် (၃၀၀) ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ (၅) သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံလိုက်လံ ကျွေးမွေး၊ တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီး ဆိုတဲ့ လေးစားဖွယ်ရာ ဦးလေး တစ်ဦးရှိပါတယ်။ သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ရက်တွေမှာဆို သူရဲ့ တပည့်ကို ကျွေးခိုင်းတာဖြစ်ပြီး … Read more
မိန်းကလေးများ မှတ်သားလိုက်နာသင့်တဲ့ မိန်းမမြတ်အင်္ဂါ ၉ပါး
မိန်းကလေးများ မှတ်သားလိုက်နာသင့်တဲ့ မိန်းမမြတ် အင်္ဂါ (၉) ပါး လောကကြီးမှာ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ခွဲခြားသိမြင်နိုင်တဲ့ စွမ်းအင်ကို ပိုင်ဆိုင်တဲ့လူဆိုတာ ရှားပါတယ်။ မိန်းမတွေ မှိုလိုပေါတဲ့ လောကကြီးမှာလည်း မိန်းမမြတ်ဆိုတာ ရွှေလိုရှားပါးလွန်းပါတယ်။ ဘယ်လိုမိန်းမမျိုးကို မိန်းမမြတ်လို့ ခေါ်တာလဲဆိုတာ ခွဲခြားသိမြင်နိုင်ဖို့ မိန်းမမြတ်အင်္ဂါ (၉)ပါးကို ဖော်ပြလိုက်ပါတယ်။ ၁။ ကိုယ့်အားကိုယ်ကိုးတတ်တယ် မိန်းမမြတ်ဆိုတာ ကိုယ့်ဘဝကို ကိုယ်တိုင်အကောင်အထည်ဖော်ပြီး အိပ်မက်တွေကို အမိအရဆုပ်ကိုင်တတ်သူများ ဖြစ်ပါတယ်။. ၂။ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တယ် မိန်းမမြတ်ဆိုတာ လောကဓံရှစ်ပါးကို ကြံ့ကြံ့ခံပြီး ဘဝပင်လယ်ထဲမှာ အားမလျော့ဘဲ ဆက်လှော်နေသူမျာြး ဖစ်ပါတယ်။ ကိုယ့်ခံစားချက်ကို အများသူငှာသိအောင် ပေါက်ကွဲနေမယ့်အစား မိမိကိုယ်ကို ဖြေသိမ့်နိုင်သူများဖြစ်ပါတယ်။ ၃။ အတင်းမပြောဘူး။ မိန်းမအများစုဟာ အတင်းပြောလေ့ရှိကြပေမယ့် မိန်းမမြတ်တွေကတော့ အတင်းမပြောပါဘူး။ … Read more
ဒီစာကိုဖတ်ပြီး အံ့သြလွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်သွားနိုင်တယ်
ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။ ထိုသည်မှာ မြန်မာနိုင်ငံ ပင်။ ထိုစကားကို ပြောခဲ့သူမှာ အိန္ဒိ ယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ ၏ ၀ိပဿနာ တရားတော် များ ကို ကမ္ဘာသို့ ဖြန့်ဝေလျက်ရှိသော ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။ အရောင်းအ၀ယ် ကုန်သည် အလုပ်ဖြင့် ကမ္ဘာအနှံ့ ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ နေပြည့်တော်တွင် အခြေချ နေထိုင်ခဲ့သည်။ ထိုချိန်က အထက် မြန်မာပြည်သည် မြန်မာဘုရင် ၏ လက် ထဲမှာသာ ရှိသေး သောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင် မြန်မာတိုင်း စာရိတ္တသတ္တိ အပြည့်ရှိနေချိန် … Read more
ဧရာဝတီမြေပဲဆီစက်ပိုင်သူဌေး ကိုယ်တိုင်ရေးထားတဲ့ မြန်မာပြည်က ပဲဆီများအခြေအနေ…
ဧရာဝတီမြေပဲဆီစက်ပိုင် သူဌေး ကိုယ်တိုင်ရေးထားတဲ့ မြန်မာပြည်က ပဲဆီများ အခြေအနေ ရေးသင့်ပြီထင်လို့ရေး လိုက်ရပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံရဲ့စားသုံးဆီလောက ထဲကိုဓာတုအနံ့ မြေပဲဆီ၊ နှမ်းဆီရောက်တာ 2012/13 ခုနှစ်ကတည်းကပါ။ တရုတ်နိုင်ငံသားလူငယ်တယောက်ဘာသာပြန်နဲ့အတူ အိမ်ရောက်လာပြီးနမူနာ ပုလင်းလေးတွေပြပြီး ရှင်းပြပါတယ်။ကျနော့်အနေနဲ့ဒါသည်စားသုံးသူကိုလိမ်လည်တာဘဲဖြစ်တယ်မလုပ်သင့်ဘူး လို့ပြောပြပါတယ်။ နောက်ဓာတုအနံ့ဖြစ်လို့ဆိုးကျိုးတွေဖြစ်လာနိုင်တယ်၊ အနံ့ကပြင်းလွန်းတယ်၊လို့ပြောပြပါတယ် ၊သူ့ကတော့နမူနာ ပုလင်းငယ်၎ပုလင်း ထားပြီးပြန်သွားခဲ့ပါတယ်။ ကျနော်လည်း FDA မှတာဝန်ရှိ သူတဦးကိုပြောပြပြီးနမူနာ ပုလင်းငယ်များကို FDA ရန်ကုန်ရုံးခွဲကိုပို့ပေးခဲ့ပါတယ်။ ခုတော့ဓာတုအနံ့မြေပဲဆီ အတုနှမ်းဆီအတုက တနိုင်ငံလုံး ပြန့်လို့နေပါပြီ၊ စားသုံးသူရေးရာမှာ ကျနော်စတင်ပါသည့် 2014 ခုနှစ်ကတည်းက အစည်းအဝေးတက်တိုင်း ဒီဓာတုအနံ့ရဲ့ဈေးကွက်ကို လွှမ်းမိုးမှုကတဖြေးဖြေးကြီး လာပါပြီ၊အချိန်မီတားဆီးပေးဖို့ ပြောရင်းနဲ့ကို 2016/17 မှာ ဈေးကွက်ရဲ့ 80ဖြစ်သွားပါပြီ။ မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက်မှာစားအုန်းဆီ၊နေကြာဆီ၊ ပဲပုတ်ဆီတွေပြန်ကြော်ဆီတွေကိုဓာတု အနံ့ပေးမြေပဲဆီအတုနှမ်းဆီ အတုလုပ်ရောင်းနေတာကို မတားမြစ်နိုင်တာကစပြီး တိုင်းပြည်ရဲ့အခြေခံလယ်ယာ ဆီထွက်သီးနှံစိုက်ပျိုး … Read more
အိမ်တစ်အိမ်မှာ အမြဲလာဘ်ပွင့် အိမ်အေးချမ်းနေအောင် ဒါတွေလုပ်ပါ
အိမ်တစ်အိမ်မှာ အမြဲလာဘ်ပွင့် အိမ်အေးချမ်းနေအောင် ဒါတွေ လုပ်ပါ 1 ၊ ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်းကပ်ပါ 2 ၊ ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ 3 ၊ အလွန် ကံညံ့လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ ည 12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများလူ့ပြည်သို့လှည့်လည် ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ် 4 ၊ အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ … Read more
သားသမီးကံ မကောင်းလို့ အိုမင်းတဲ့အချိန်မှာ ဒုက္ခတွေ့နေရတဲ့ မိခင်အိုကြီးလို့ ပြောရမှာပါပဲ
နေအိမ်အပြင်ဖက်မှာ သားသမီးတွေက မကျွေးမွေးလို့ အိပ်စက်နေခဲ့ရတဲ့ အဘွားအို မိဘတွေကိုပြန်ပြီး ကျွေးမွေးစောင့်ရှောက်ရမှာကို ကြောက်ကြတဲ့ သားသမီးတွေရှိကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း အဘွားအိုတစ်ဦးဟာ နေအိမ်အပြင်ဖက် ဝါးနဲ့ပြုလုပ်ထားတဲ့ ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့ရပါတယ် ။ ခေါင်းအုံးမှာလည်း အဆင်ပြေတဲ့ဟာနဲ့အသုံးပြုခဲ့ပြီး ၊ ခန္ဓာအောက်ပိုင်းကို ပိတ်စလေးနဲ့ အုပ်ထားကာ ထီးလေးနဲ့မိုးထားခဲ့တာကို တွေ့ရှိရမှာပါ ။အဘွားအိုဟာ ထပြီး လမ်းလျှောက်နိုင်ပုံလည်းမရပါဘူး ။ ဒါကြောင့် နေအိမ်အပြင်ဖက်မှာ အိပ်စက်ပြီးနေထိုင်နေခြင်းက ပတ်ဝန်းကျင်က စွန့်ကျဲပေးကမ်းတဲ့ စားစရာတွေကိုသာ မှီခိုအားထားနေရပုံပါ ။ အဘွားအိုရဲ့အဖြစ်ကို လူအတော်အများက သနားဂရုဏာတက်ခဲ့ကြပြီး မိခင်တစ်ယောက်ကိုကျွေးမွေးဖို့က သားသမီးတွေအနေနဲ့ အရမ်းကိုခက်ခဲနေတာလားဆိုပြီးလူအများက စိတ်ဆိုးဒေါသထွက်ကာ မေးခွန်းထုတ်ခဲ့ကြပါတယ် ။ သားသမီးကံ မကောင်းလို့ အိုမင်းတဲ့အချိန်မှာ ဒုက္ခတွေ့နေရတဲ့ မိခင်အိုကြီးလို့ ပြောရမှာပါပဲ…။ Unicode Version နေအိမ်အပြင်ဖက်မှာ … Read more
မြန်မာ့သမိုင်းရာဇဝင်ထဲက သခွားသီးစားလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဘုရင်နှစ်ပါး အကြောင်း
မြန်မာ့ သမိုင်းရာဇဝင်ထဲက သခွားသီးစားလို့ ဒုက္ခရောက်ခဲ့ရတဲ့ ဘုရင်နှစ်ပါး အကြောင်း ဒီတစ်ခါတော့ မြန်မာ့ သမိုင်းထဲက သခွားသီး စားလို့ ဒုက္ခများ ခဲ့တဲ့ ဘုရင် နှစ်ပါး အကြောင်းကို ဗဟုသုတ အဖြစ်ပြောပြချင်ပါတယ်။ တစ်ပါး ကတော့ ပုဂံခေတ် က သိန်းခိုမင်း (သက္ကရာဇ် ၂၆၃ မွ ၂၇၉ ခုနှစ် ) ဖြစ်ပါတယ်။တ စ်နေ့ သိန်းခိုမင်း ဟာ အမဲလိုက်ရင်း နောက်လိုက်နောက်ပါ များနဲ့ လူချင်း ကြဲသြားခဲ့ ပါတယ်။မောလည်းမော ရေ လည်း အလွန် ငတ်လှ ချိန်မှာ လူသူ မတွေ့ရတဲ့ သခွားခင်း တစ်ခင်းကိုတွေ့ပါတယ်။ ဝမ်းသာ အားရနဲ့ သခွားခင်း ထဲဝင် ကာ သခွားသီး များကို … Read more
သင်္ကန်းကိုတော့ ကြည်ညိုတယ် လူကိုတော့ မကြည်ညိုဘူးဆိုသူများအတွက်ပါတဲ့
ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှ လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်းများ
ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှ လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်းများ ဟင်းချက်တိုင်းမှာ မရှိမဖြစ်လိုအပ်ပြီးတော့ မီးဖိုချောင်တိုင်းမှာ အမြဲရှိတဲ့ ကြက်သွန်ဖြူတွေမှာ ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးနီးပါးသိထားပြီးဖြစ်မှာပါ။ ဒါပေမယ့် လူအများစု သေချာမသိသေးတဲ့ နောက်ထပ်တစ်ချက်ကတော့ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံတွေရဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ရုရှားလူမျိုးတွေဟာဆိုရင် ကြက်သွန်ဖြူအခွံတွေကို ဘယ်တော့မှလွှင့်ပစ်ခြင်းမရှိဘဲ အမြဲသိမ်းဆည်းထားကာ ကျန်းမာရေးအတွက် ပြန်လည်အသုံးပြုလေ့ရှိပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေ ဖယ်ရှားပစ်ဖို့၊ သွေးလေလည်ပတ်အားကောင်းစေဖို့အတွက် ကြက်သွန်ဖြူအခွံက ဘယ်လိုအထောက်အကူပြုနိုင်မလဲဆိုတာ အခုပဲဖော်ပြပေးလိုက်ရပါတယ်။ ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားပေးခြင်း ကြက်သွန်ဖြူအခွံတွေကို ထောင်းပြီးလို့ ရလာတဲ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နဲ့ ရေမွှေကာ စစ်လိုက်ပါ။ အအေးခံပြီးတော့ သောက်သုံးပေးခြင်းဟာခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ တစ်ခါသောက်တစ်ဇွန်းကို တစ်နေ့လျှင် သုံးကြိမ်အနေနဲ့ တစ်လသောက်သုံးပေးပါ။ ပြီးရင်တော့ ဆယ်ရက်နားပေးပါ။ အအေးမိဖျားနာခြင်းတွေကို ကာကွယ်ပေးခြင်း ကြက်သွန်ဖြူခွံတွေကို လက်တစ်ဆုပ်စာ အပြည့်ယူလိုက်ပြီးတော့ … Read more