သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူတွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅)မျိုး

” သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါး အိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်.. ဒါပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူ တွေခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ… (၁) ပူလောင်ခြင်း … သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင် ခြင်းပါပဲ သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ … Read more

အိမ်မှာမအိပ်ရဲလို့ဆိုပြီး လမ်းမပေါ်ထွက်အိပ်ခဲ့တဲ့ ကလေးလေးရဲ့အဖြစ်က ရင်နာစရာ

အိမ်မှာမအိပ်ရဲလို့ဆိုပြီး လမ်းမပေါ်ထွက်အိပ်ခဲ့တဲ့ ကောင်လေးဧ။် သနားစရာ ဘဝဇာတ်ကြောင်း အိမ်မှာမအိပ်ရဲလို့ဆိုပြီး လမ်းမပေါ်ထွက်အိပ်ခဲ့တဲ့ ကောင်လေးဧ။် သနားစရာ ဘဝဇာတ်ကြောင်း ဗီယက်နမ်နိုင်ငံ Ha Giangပြည်နယ် ကျေးလက်ဒေသတွင် နေထိုင်သော အသက် ၄နှစ်အရွယ် ကောင်လေးသည် ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း မိခင်ကလည်း နောက်အိမ်ထောင်ထပ်ပြုခဲ့ရာ ဦးလေးလက်ထဲတွင် ကြီးပြင်းခဲ့ရသည်။ ဦးလေးဖြစ်သူမှာ သူငယ်ချင်းအပေါင်းအသင်းများနှင့်အတူ နေ့စဉ်နှင့်အမျှ သောက်စားမူးယစ်နေပြီး အိမ်ပြန်ရောက်ချိန်တွင်လည်း ကောင်လေးအား အမြဲလိုလို ဆဲဆူကာ အော်ငေါက်နေသဖြင့် ကလေးလေးခမျာ ကြောက်ရွံ့နေခဲ့သည်။ ထို့ကြောင့် ကောင်လေးသည် တစ်နေ့တွင် ဦးလေးဆူမှာကိုကြောက်ပြီး အိမ်မှာမအိပ်ရဲသဖြင့် ညဖက်အချိန်တွင် အဖွားဖြစ်သူဆီသွားနေရန် လမ်းလျှောက်ထွက်ခဲ့သည်။ သို့သော်လည်း လမ်းတစ်ဝက်မှာတင် ညောင်းလို့ဆိုပြီး လှဲချလိုက်ရာကနေ တစ်ခါတည်းအိပ်ပျော်သွားခဲ့ကာ ဖြတ်သွားဖြတ်လာသူတစ်ဦးမှ မြင်ပြီး ဒေသရှိ ကလေးငယ်စောင့်ရှောက်ရေးဌာနသို့ ခေါ်ဆောင်သွားခဲ့သည်။ ကံကောင်းစွာဖြင့် သားသမီးမရှိသော ဇနီးမောင်နှံနှစ်ဦးမှ … Read more

အဖိုးအိုသုံးယောက်နဲ့ မိန်းမတစ်ယောက်ကပေးတဲ့ ဘဝနေနည်းသင်ခန်းစာ

အဖိုးအိုသုံးယောက်နဲ့ မိန်းမ တခါက မိန်းမတစ်ယောက်ဟာ တစ်ညနေခင်းမှာ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်လိုက်တယ်။ ဆံပင်ဖြူကိုယ်စီနဲ့ အသက်အတော်ကြီးတဲ့ အဖိုးအို သုံးယောက်ဟာ အိမ်ရှေ့က ခုံတန်းလေးပေါ်မှာ ထိုင်နေကြတာကို တွေ့လိုက်ရတယ်။ မိန်းမဟာ သူတို့ကို တစ်ခါမှ မမြင်ဘူးလို့ အခုလိုမေးလိုက်တယ်။ ” ရှင်တို့ ဘယ်သူ့ကို တွေ့ချင်လို့ပါလဲရှင့် ” ” ဒီအိမ်က အိမ်ထောင်ဦးစီး အိမ်ပြန်ရောက်ပြီလား ” လို့ အဖိုးအို တစ်ယောက်က သူ့ကိုမေးလိုက်တယ်။ ” သြော်.. ကျွန်မယောကျာ်းလား။ သူအလုပ်က ပြန်ရောက်မလာသေးဘူးရှင့် ” ” သြော်.. ဟုတ်လား။ ဒါဆိုလည်း နေပါစေလေ ” ” မဟုတ်ဘူးရှင့်။ ရှင်တို့ကို ကြည့်ရတာ အတော်လေး ပင်ပန်းနေပုံ ရတယ်။ လာပါ။ … Read more

လေယာဉ်စီးနေစဉ်မှာ AIRPLANE MODE လုပ်ခိုင်းထားတဲ့ အဓိကအကြောင်းအရင်း

လေယာဉ်စီးတဲ့အခါ အရေးကြီးလုပ်ရမယ့်အရာတစ်ခုကတော့ ဖုန်းကို Flight Mode ချထားဖို့ပါပဲ ။ မချထားရင်ဘာတွေဖြစ်လာမလဲ ၊ ချထားခြင်း နဲ့ မချထားခြင်းဘာကွာလဲဆိုတာကို အခု ပြောပြသွားပါမယ် ။ ဖုန်း Flight Mode မချထားတဲ့အတွက် လေယာဉ်ပျက်ကျသွားမှာတော့မဟုတ်ပါဘူး ။ ဒါပေမယ့် လေယာဉ်မောင်းခန်းရဲ့ ထိန်းချုပ်စနစ်တွေကို ဖုန်းလှိုင်းကအနှောက်အယှက်ပေးနေတဲ့အတွက် မြေပြင်နဲ့ဆက်သွယ်ရေး ချွတ်ယွင်းသွားနိုင်ပါတယ်။မြေပြင်နဲ့ ဆက်သွယ်ရေး ချို့ယွင်းတဲ့အခါမှာ သတင်းပို့ချက်တွေကိုအချိန်မှီလက်မခံနိုင်တော့အခါ ပျက်ဆီးမှုအကြီးအကျယ်ဖြစ်လာနိုင်ချေရှိပါတယ် ။ ထို့အပြင် ဖုန်းသံတွေဆိုတာ ပိုင်းလော့တွေကို အတော်လေး စိတ်ညစ်စေတဲ့ အရာတွေပါ ။ လေယာဉ်ပေါ်ရောက်နေတုန်းဖုန်းမြည်တဲ့အခါ ဘယ်လောက်ပဲကောင်းတဲ့ သီချင်းသံဖြစ်နေပါစေ ၊ ပိုင်းလော့တွေရဲ့နားထဲမှာတော့ ဖုန်းတစ်လုံးကို စပီကာအကျယ်ကြီးဖွင့်ထားသလို ဆူဆူညံညံကြားရမှာဖြစ်ပါတယ် ။ ပိုင်းလော့တွေ စိတ်တွေ ရှုပ်သွားခဲ့ရင် ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်လာမှာမဟုတ်တော့ပါဘူး ဒါကြောင့် လေယာဉ်စီးနင်းလိုက်ပါတဲ့အခါ … Read more

လေယာဉ်ကွင်းတွင် သွားကြိုလျှင် ပန်းစီးလေးဖြင့် ကြိုဆိုကြသည်ဟု ကြားဖူးသောကြောင့်

လေယာဉ်ကွင်းတွင် သွားကြိုလျှင် ပန်းစီးလေးဖြင့် ကြိုဆိုကြသည်ဟု ကြားဖူးသောကြောင့် မနက်စာစားမည့်ပိုက်ဆံလေးဖြင့် ပန်းစီးဝယ်ကာ သားဖြစ်သူကို လေယာဉ်ကွင်းတွင် သွားကြိုခဲ့သည့်မိခင် သားသမီးတို့၏ အဝေးတွင် နေထိုင်ရချိန်တွင် မိဘတို့သည် အချိန်နှင့်အမျှ သားသမီးတို့ကို လွမ်းဆွတ်နေတတ်ကြပေသည်။ အသက်မည်မျှပင် ကြီးနေပါစေ မိဘတို့ဟာ သားသမီးတို့ကို ကလေးဟုသာ ထင်မြင်ပြီး စိတ်ပူနေတတ်ကြပေသည်။ ယခုတွင်လည်း မိခင်တစ်ဦးသည် သားဖြစ်သူမှ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ပြီး ၃နှစ်ကြာပြီးနောက် ပြန်လာတော့မည်ဟု သတင်းကြားခဲ့သည်။ထို့ကြောင့် မိခင်ဖြစ်သူဟာ ရွာမှနေပြီး ဟန်နွိုင်းမြို့ လေယာဉ်ကွင်းအထိသွားကာ သားလေးကို သွားကြိုခဲ့ပါတယ်။ လေယာဉ်ကွင်းသို့သွားကြိုလျှင်လည်း လူအများဟာ ပန်းစီးလေးဖြင့် သွားကြိုကြသည်ဟု ကြားဖူးသောကြောင့် လက်ထဲတွင်ရှိသော ငွေကြေးလေးဖြင့် ပန်းစီးလေးဝယ်ယူခဲ့ကာ သားကို လေယာဉ်ကွင်း၌ သွားကြိုခဲ့ပါတယ်။ မိဘတို့၏ သားသမီးအေပေါ်တွင် ထားရှိသော ချစ်ခြင်းမေတ္တာသည် ဘယ်အရာနှင့်မျှ နှိုင်းယှဉ်၍ … Read more

ဆင်းရဲလို့ ပန်းရောင်းနေရရှာပေမယ့် သူများပိုက်ဆံ အလကားမလိုချင်ဘူးတဲ့ဗျာ…

လူ ရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး အတွက် ရုန်းကန်ကြရပါတယ် တချို့ကတော့ ဒါကို လက်ကြော မတင်းတာမို့ မလုပ်ချင်ကြဘဲ အချောင်စား အချောင်နေချင်ကြပါတယ် ဒါပေမဲ့ တချို့ကတော့ အသက်သာငယ်ပေမဲ့ မိဘကို ကူညီပြီး စားဝတ်နေရေးအတွက် ကိုယ်တတ်နိုင်တဲ့ အလုပ်လေး နဲ့ ငွေရှာပေးနေတဲ့ ကလေးလေးတွေ အများကြီး ရှိပါတယ် .. ဒီလိုကလေးလေးတွေထဲမှာ အင်မတန် မျက်နှာချိုပြီး သနပ်ခါးတွေအပြည့်လူးထားတဲ့ သူများပိုက်ဆံ အလကားမလိုချင်တဲ့ ပန်းရောင်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးက လေးစားစရာပါ… ဒီအကြောင်းလေးကိုတော့ လူမှုကွန်ရက်သုံးစွဲ သူတစ်ဦးက ဓာတ်ပုံလေးတွေနဲ့ အတူ အောက်က စာလေးကို ခုလို မျှဝေခဲ့ပါတယ် နေ့ လယ်က ကုသိုလ်တော် ဘုရားမှာတွေ့ခဲ့တဲ့ချာတိတ် စတွေ့တွေ့ချင်း သူကကျနော်တို့ကိုပန်းလာရောင်းတယ်ဗျ ကျနော်တို့လဲပန်းမဝယ်ဘူးဆိုတော့ သနပ်ခါးလိမ်းပေးရမလားတဲ့မုန့်ဖိုးပေးချင်သလောက်ပေး ခဲ့ပါတဲ့ … Read more

တစ်ချို့ဘဝတွေက တစ်ကယ်အခက်တွေ့နေလို့ အကူညီတောင်းနေရရှာတာပါ…

မနေ့က Capital မှာဈေးဝယ်တော့ အသက်(၆၀)ဝန်းကျင်အန်တီးကြီးတစ်ယောက်က ကိုယ်တွေနောက်လိုက်လာပြီးသမီးလေးတို့တဲ့ ငွေသားနဲ့ရှင်းမှာလား card နဲ့ရှင်းမှာလားဆိုပြီးမေးတယ် ဘာလို့လဲအန်တီဆိုတော့ အန်တီ့သားကဝန်ထမ်းလခစားလေးပါတဲ့ တစ်သိန်းကျော်လေးရတာပါတဲ့ သမီးလေးတို့card နဲ့ရှင်းမယ်ဆိုရင် အန်တီ card လေးနဲ့ယူရှင်းပြီး အန်တီ့ကိုငွေသားလေးပေးပါလားဆိုပြီးအကူညီတောင်းရှာတယ် အန်တီအရေးကြီးလို့ပါတဲ့ ကိုယ်တွေလဲ card နဲ့ရှင်းမို့ပဲအစက အန်တီ့ကိုကြည့်ပြီးသနားတာနဲ့ ဟုတ်ကဲ့အန်တီ ကူညီပါ့မယ်ဆိုပြီး cash လေးလဲပေးခဲ့ဖြစ်တယ်… အန်တီကနောက်ကလိုက်ပေးပါ့မယ်တဲ့ သမီးတို့အားမနာနဲ့အေးဆေးဝယ်နော်ဆိုပြီး အနောက်ကတောက်လျောက်လိုက်ပေးရှာတယ်… ကူညီတာတကယ်ကျေးဇူးနော်သမီးတို့ဆိုတာကိုပဲ ထပ်တလဲလဲကျေးဇူးတွေတင်နေတာ… အန်တီကဝန်ထမ်းအိမ်ယာမှာနေတာတဲ့ အန်တီအိမ်လဲလိုက်လည်ကြပါလားဆိုပြီးခေါ်ရှာတယ်… တကယ်စိတ်မကောင်းဘူး ကိုယ့်ပိုက်ဆံကိုယ်သုံးဖို့လေးတောင် သူ့ခဗျာမှာ လူအများကြီးထဲ အကူညီလိုက်တောင်းနေရရှာတယ်… အစ်မက နောက်လသမီးတို့ဈေးဝယ်တဲ့အခါ အန်တီ့ကိုအကြောင်းကြားပေးပါ့မယ်ဆိုပြီး ဖုန်းနံပါတ်လေးယူခဲ့တယ်… ပြောချင်တာကလေ အဲ့လိုအကူအညီတကယ်လိုအပ်တဲ့လူတွေနဲ့တွေ့တဲ့အခါ အလုပ်ရှုပ်တယ်ဆိုပြီး မသိချင်ယောင်ဆောင်တာမျိုးတွေမလုပ်ကြပါနဲ့နော် တစ်ချို့ဘဝတွေက တစ်ကယ်အခက်တွေ့နေလို့အကူညီတောင်းနေရရှာတာပါ အဆင်ပြေတယ်ဆိုရင် တော့ကူညီပေးလိုက်ကြပါရှင့်…။ credit @ မူရင်းတင်သူသို့ Unicode Version … Read more

ယနေ့မြန်မာပြည် တကယ်ဖြစ်နေတာ ဖတ်ကြည့်လိုက်တော့

သွေးထွက်အောင်မှန်နေတဲ့ နိမိတ်တဘောင်နှင့် ယနေ့ မြန်မာပြည် “ကုန်းဘောင်ခေတ်ကတည်းက ပေါ်ခဲ့တဲ့ နာမည်ကျော် တဘောင်တစ်ခုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်” (၁) ဟင်္သာမင်း အင်းကို ဆင်းမည်။ (၂) ထိုဟင်္သာကို မုဆိုး လေးနဲ့ခွင်းမည်။ (၃) မုဆိုးကို ထီးရိုးရိုက်လိမ့်မည်။ (၄) ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။(၅) သံခမောက်ဆောင်း လေးယောက်ပေါ်လိမ့်မည်။ (၆) ဧရာဝတီ ခမ်းလိမ့်မည်။ (၇)လက်ပံလည်း ရှားလိမ့်မည်။ (၈)ကြက်မတွန်လို့ မိုးလင်းမည်။ (၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့် (၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ။ ။ (၁) ဟင်္သာမင်း အင်းကိုဆင်းမည် -ဟံသာဝတီမွန်တို့ အင်းဝကို သိမ်းပိုက်လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို … Read more

ပန်းရောင်းနေတဲ့ ကောင်လေးက လူမှုကူညီရေးကားနောက်ကို ပြေးလိုက်လာလို့ မေးကြည့်လိုက်တဲ့အခါ

ပန်းရောင်းနေတဲ့ ကောင်လေးက လူမှုကူညီရေးကားနောက်ကို ပြေးလိုက်လာလို့ မေးကြည့်လိုက်တဲ့အခါ ဒီနေ့ဗျာ ကျွန်တော်တို့အရေးပေါ်ကားသွားတာကို ကလေး‌က ပန်းရောင်းနေရင်း မြင်တယ် ပန်းရောင်းပြီးတာနဲ့ ကားနောက်ကို ‌ပြေးလိုက်တယ် တစ်ကိုယ်လုံးလဲ ရွံ့တွေပေလို့..ဘာလို့‌ပြေးလိုက်တာလဲလို့ မေးလိုက်တော့ အကိုတို့နဲ့သားလိုက်ချင်တယ်..သား အကိုတို့လိုသူများတွေကိုလိုက်လှူချင်လို့တဲ့ ဘာ‌ပြောလို့‌ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်ဗျာ။ အသက်ငယ်ပေမယ့် သူတစ်ပါးကို…ကူညီချင်စိတ်ရှိတဲ့ ညီ ပညာတတ်ကြီးဖြစ်ပါစေကွာ။ ညီလေး ပန်းလဲ အများကြီးရောင်းကောင်းပါစေ‌။ ညီလေးဖြစ်ချင်တဲ့ အကိုတို့လို ..သူတစ်ပါးကိုဒုက္ခရောက်နေတာကို ကူညီ‌ပေးနိုင်ခွင့်ရရှိပါစေညီလေးရေ။ မိဘ ပြည်သူများလဲ သီပေါမြို့ထဲမှာ ကလေးငယ်ကို မြင်ရင် သူလိုက်ရောင်းနေတဲ့ ပန်းလေးကို အားပေးကြပါနော် အဖိုးအဖွားနဲ့ညီအမနှစ်ယောက်ကို ရှာကျွေးနေတဲ့ ကလေးလေးပါ Credit to original writer Unicode Version ပန်းရောင်းနေတဲ့ ကောင်လေးက လူမှုကူညီရေးကားနောက်ကို ပြေးလိုက်လာလို့ မေးကြည့်လိုက်တဲ့အခါ ဒီနေ့ဗျာ ကျွန်တော်တို့အရေးပေါ်ကားသွားတာကို … Read more