မိုးကတဖွဲဖွဲနဲ့ လမ်းဘေး ဓာတ်မီးတိုင်အောက်က ကြက်သီးထလောက်စရာ အဖြစ်

မနေ့ညက..သခင်မြပန်းခြံကနေ ဌာနလမ်းကို အောက်ကြည်မြင့်တိုင် လမ်း အတိုင်းလမ်းလျှောက်ပြန်တယ်။ ည ၁ နာရီလောက်၊ မိုးက ဖွဲဖွဲရွာနေတယ်။ ကျွန်တော်လည်း ထီးလေးဆောင်းပြီးခပ်သုတ်သုတ်ပြန်တာပေါ့။ ဂျမခါနာ အကျော်ရောက်တော့လမ်းမီးက နီကျင်ကျင်နဲ့။ မီးတိုင်ကို အကျော်မှာကျွန်တော့်နောက်ကနေ အရိပ်တစ်ခုကပ်လိုက်လာတာတွေ့လိုက်တယ်။ အရိပ်က…လူက ကလေးကိုယ်လုံး၊ခေါင်းကြီးက အကြီးကြီးပဲ။ ကျွန်တော်စဉ်းစားတယ်။ ခေါင်းဒီလောက် အကြီးကြီးကိုထိန်းလျှောက်နိုင်တဲ့ ကလေး ဆိုတာလူဖြစ်နိုင်ပါ့မလား။ ကြက်သီးတွေ ထလာတယ်။ လမ်းမမှာ ကားတစ်စီးတစ်လေများတွေ့မလားဆိုတော့လည်း လုံးဝရှင်းလို့။ ကျွန်တော် ခြေလှမ်းကို သွက်သွက်လျှောက်တယ်။ နောက် ခြေသံက ကပ်ပါလာတုန်းပဲ။ လမ်းမီး တစ်တိုင်ကျော်တိုင်း အဲ့ဒီခေါင်းကြီး ကိုယ်သေး ကလေးသူရဲအရိပ်ကို ကိုယ့်ရှေ့ ကတ္တရာလမ်းပေါ်မြင်နေရတယ်။ လှည့်လည်း မကြည့်ရဲတာနဲ့ အသားကုန်လျှောက်လိုက်တာ..ဌာနလမ်းရှေ့ ချန်ဘာဘီ မှတ်တိုင်ရောက်တော့ ထမင်းကြော်ဆိုင်လေး ဖွင့်ထားတာ သွားတွေ့တယ်။ လူလည်း ချွေးတွေပြန်ပြီးတော်တော်မောနေပြီ။ ထမင်းဆိုင် … Read more

လမ်းဘေးမှာဆိုပေမယ့် လေးစားစရာကောင်းတဲ့ အကိုတစ်ယောက်ရဲ့ မေတ္တာကိုတွေ့ခဲ့ရတယ်

လမ်းဘေးမှာ တောင်းလို့ရသမျှကို ညီမလေးအတွက်ပဲ ဦးစားပေးခဲ့တဲ့ အစ်ကိုတစ်ယောက်ရဲ့ မေတ္တာ ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ မောင်နှမ နှစ်ယောက်ရဲ့ ကြီးမားတဲ့သံယောဇဉ် အကြောင်းလေးပဲ ဖြစ်ပါတယ်။ အကိုဖြစ်သူရဲ့ ညီမလေးအပေါ်မှာ ထားရှိတဲ့ မေတ္တာတွေကို တွေ့မြင်ရတဲ့ မြင်ကွင်းအကြောင်းလေးပဲ ဖြစ်ပါတယ်။ အကိုက သူချစ်ရတဲ့ ညီမလေးအတွက် စွန့်လွှတ်အနစ်နာခံပြီး ရှာဖွေကျွေးမွေးနေတာပဲ ဖြစ်ပါတယ်။ မိဘမဲ့ လမ်းဘေးမှာ တောင်းစားနေရတဲ့ မောင်နှမ နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြပြီး အကိုဖြစ်သူကလည်း ညီမလေးအပေါ် အရမ်းဂရုစိုက် ကာကွယ်ပေးပါတယ်။ သူတောင်းလို့ရသမျှတွေကို သူအရင်မစားပဲ သူချစ်ရတဲ့လညီမလေးကို အရင်ကျွေးပြီး ကျန်တဲ့အခါမှသာ သူစားတာပါ။ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာတဲ့ကလေးငယ်တစ်ဦးဟာ လမ်းပေါ်မှာ အများပြည်သူတွေထံ တောင်းစားနေတာကို တွေ့ရခြင်းဟာ အဆန်းမဟုတ်တော့ပါဘူး။ လမ်းပေါ်မှာ အဆိုပါကလေးငယ်များစွာကိုနေရာတိုင်းမှာတွေ့နိုင်ပြီး ကလေးအချို့ဟာသူတို့အားငွေများပေးဖို့အတင်းအကျပ်ဖိအားပေးပြီး လူအများကိုနှောက်ယှက်ခြင်းကြောင့် … Read more

ဘယ်သူမှ အဖြေမရှာနိုင်သေးတဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့အံ့ဖွယ်ထူးခြား ဖြစ်ရပ်

လက်ရှိ အချိန်ထိ အဖြေမရှာနိုင်သေးတဲ့ မဟာဗောဓိမြိုင် ဆရာတော်ကြီးရဲ့ အံ့ဖွယ်ထူးခြားတဲ့ ဖြစ်ရပ် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့ အနီးရှိ လူသူနှင့် မနီးသည့် သုဝဏ္ဏသျှံ တောင်ပေါ်တွင် သီတင်းသုံးစဉ်က ကြုံတွေ့ခဲ့ရသည့် ထူးခြားသည့် ဖြစ်ရပ်ကို ထုတ်ဖော်၊ ရေးသား၍ ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်နှင့် ပညာဂုဏ် တို့ကို ပူဇော်သွားမှာ ဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီးသည် သီတင်းသုံးရာ သုဝဏ္ဏသျှံ တောင်ပေါ်မှ ပလောင်တိုင်းရင်းသားရွာ အထိ နေ့စဉ်နေ့တိုင်း အချိန်မှန် ဆွမ်းခံ ကြွတော်မူပါတယ်။ ကျောင်းမှ ပုံမှန် နံနက် (၁၀:၃၀)နာရီတွင် ဆွမ်းခံ ကြွတော်မူပြီး နံနက် (၁၁:၀၀)နာရီတွင် ကျောင်းသို့ ပြန်ရောက်တော် မူပါတယ်။ ထို သုဝဏ္ဏသျှံ တောင်ပေါ်မှ ပလောင်ရွာအထိ … Read more

“နောက်တခါပေးရင် ရဲတွေကနေ တဆင့်မပေးပါနဲ့ သူတို့က တဝက်ဖြတ်ယူထားပါတယ်”တဲ့

ဆင်းရဲသားတယောက်က နေ့စဉ် မိုးပျံဘောလုံးထဲမှာ စာတကြောင်း ရေးပြီး လွှတ်တင်လေ့ရှိတယ်။ သူရေးတဲ့ စာကြောင်းက …”အိုး … ဘုရားသခင် ! ကျနော့်ကို ငွေ ၅၀၀၀၀ လောက် ပို့ပေးပါ” တဲ့။ သူလွှတ်တင်လိုက်တဲ့ ဘောလုံးက ရဲစခန်းကနေ ဖြတ်ပြီး ပျံတော့ ရဲတွေက ဖမ်းပြီးကြည့်လိုက်တယ်။ အထဲမှာ ရေးထားတဲ့စာကို ဖတ်ပြီး လှောင်ကြပါလေရော။ တရက်တော့ ရဲသားတွေက အဲ့မိုးပျံ ဘောလုံးက စာကိုဖတ်ရင်း အတွေးတခု ဝင်လာတယ်။ ငါတို့ရဲတွေ ပေါင်းပြီး ရသလောက် ကူညီမယ်ပေါ့။ အားလုံးစုလိုက်တာ ၂၅၀၀၀ ရတယ်အစောကဆင်းရဲသားကို သွားပေးလိုက်တယ်…။ ထုံးစံအတိုင်း နောက်နေ့မှာ မိုးပျံဘောလုံးက ရဲစခန်းကနေ ဖြတ်ပြီးပျံတော့ ရဲတွေက ဖမ်းပြီး ကြည့်တယ်။ ဒီတခါ စာက နည်းနည်း … Read more

စမူဆာသည်အဘိုးကြီးက ကုမ္ပဏီ မန်နေဂျာကြီးကိုပေးလိုက်တဲ့ စီးပွားရှာနည်းသင်ခန်းစာ

စမူဆာသည်အဘိုးကြီး အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင် ရှိတယ်။ စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက်အလွန်များတယ်။ စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီး တစ်ခုရှိတယ်။ နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီ ဝန်ထမ်းတွေဟာ အဲဒီ ဆိုင်မှာ လာစား လေ့ ရှိကြတယ်။ တစ်ရက် နေ့လည်စာစားချိန်မှာတော့ ကုမ္ပဏီ မန်နေဂျာ ကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။ အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ် မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။ မန်နေဂျာ က ဆိုင်ရှင် အဘိုးကြီး ကို စမေးလိုက်တယ်။ “ဦးလေး… ဒီလောက် … Read more

ပုရွက်ဆိတ် အမဲအကောင်၁၀၀နဲ့ အနီ အကောင်၁၀၀ကို ဖန်ပုလင်း တစ်ခုထဲကို ထည့်လှုပ်လိုက်တဲ့အခါ

ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး ဒါပေမယ့် ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေကို စားပွဲပေါ် လွှတ်ပေးလိုက်တာနဲ့ သည်ကောင်တွေ တကောင်နဲ့ တကောင် တိုက်ခိုက် သတ်ဖြတ်ကြတော့တာပါပဲ၊ ပုရွက်ဆိတ်အနီကောင်တွေ က အမဲ ကောင်တွေ ကို ရန်သူလို့ ထင်သွား တဲ့ အချိန်မှာပုရွက်ဆိတ်အမဲကောင်တွေကလည်း … Read more