မသေခင်လေးမှာ အသံတိတ်ဆုံးမပြီး တရားပြသွားသူ မိန်းကလေး

အသံတိတ်ဆုံးမပြီး တရားပြသွားသူ… တခါက ဆေးရုံတရုံမှာ အမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ် သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုးသနပ်ခါးတွေ အဖွေးသားနဲ့ဆိုတော့ တခြားလူနာတွေ လူနာစောင့်တွေ သူနာပြုဆရာမအငယ်လေးတွေရဲ့ မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော အလုပ်ကနေ ခွင့်ရအောင်လို့ နေမကောင်းတာအကြောင်းပြ ဂယ်ရှာတာလား ဘာလား ညာလားပေါ့ ဆရာဝန်ကြီးတွေက သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့ ငွေရှိလို့လား ဆွေမျိုးလား ဘာလား ညာလားပေါ့ ဟုတ်တော့လည်း ဟုတ်နေတာပဲလေ သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း နှုတ်ခမ်းနီတွေဆိုး အဝတ်အစားအသစ်တွေဝတ်နဲ့ မင်းသမီးက ဟိုတယ်မှာလာတည်းတာကျနေတာပဲ လုံဝအလန်း ဒါ့အပြင် လူနာစောင့်ကမပါတော့ အဝတ်အစားက ကိုယ်တိုင်လျှော်သေးတာ စာအုပ်ဖတ်လိုက် နားကြပ်လေးတပ်ထားလိုက်နဲ့ သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှမသက်ဆိုင်…အေးဆေးပဲ နောက်နှစ်ရက်လောက်မှာ သူသေသွားတော့မှ အဖြေက ရှင်းသွားတော့တယ် ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေတဲ့ တခြားသော သွေးတိုး ဆီးချို နှလုံးတွေပါမကောင်းတော့တဲ့ … Read more

ဘဝမှာအရှက်ရဆုံးနေ့ကိုပြောပါဆိုရင် ဒီနေ့လို့ပြောရမယ် အဘိုးကြီးက ကျွေးသလောက်ငတ်တယ်တဲ့လား

ဘဝမှာ အရှက်ရဆုံးနေ့ကိုပြောပါဆိုရင် ဒီနေ့လို့ပြောရမယ်။“အဘိုးကြီးက ကျွေးသလောက်ငတ်တယ်” တဲ့ မနက်စောစောဆိုရင် ကျုပ်ကဆာပြီ။ ဟိုတုန်းကတော့ ဘဏ်ကိုသွားနိုင်တော့ ပင်စင်လေးကို ကိုယ်တိုင်ထုတ်၊ပိုက်ဆံလေးကိုင်ပြီး စားချင်တာ ဝယ်စားနိုင်သေးတယ်။ ခုတော့ လမ်းမလျှောက်နိုင်တော့တာ ၂ နှစ်ကျော် သွားပြီ။ချော်လဲပြီးကတည်းက မထနိုင်တော့တာ ခုထိပါပဲ။မိုးလင်းရင် ဗိုက်ဆာတယ်။ ဆန်ပြုတ်လေးဖြစ်ဖြစ် သောက်ချင်တယ်။ ပျော့တာလေးတွေပဲ စားချင်တယ်။ ဒါပေမဲ့ သူတို့ကျွေးတာ စားရမယ်။ ချေးများနေလို့မရဘူးလေ။ ကိုယ်က ရှာနိုင် ဖွေနိုင်တော့တာမှ မဟုတ်တာ။ “အဖေ … ရော့ဒီမှာ … စား”ဘာလဲလို့ကြည့်လိုက်တယ်။ မုန့်ဟင်းခါးပဲ။ ပဲကြော်နဲ့ ဘယ်လိုလုပ်ပြီး ဝါးနိုင်မှာလဲ။ မုန့်ဟင်းခါးက အခန့်မသင့်ရင် ဝမ်းသွားမယ်။ အိမ်သာကို ဖင်ဒယဥ့်တိုက်နဲ့ သွားရတဲ့ဒုက္ခက သေးတာမဟုတ်ဘူး။ ဆီးအိုးကို တောင် ဆောင့်အောင့်နေကြတာ။“အဖေ ဘာလို့ မစားတာလဲ”“အဖေ ဗိုက်မဆာလို့ပါကွာ” … Read more

အဖွားမရေးခဲ့တဲ့ ဓါတ်တိုင်က စာရွက်တစ်ရွက်ကြောင့် လူတွေကို ဒုက္ခမရောက်စေချင်ဘူးကွယ်

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက် ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။ မသေမသပ်လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။ “ကျွန်မလမ်းသွားရင်း ငွေ ၅၀၀၀ကျပျောက်သွားလို့ပါ။တစ်ယောက်ယောက်များတွေ့ခဲ့ရင်ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။ ကျွန်မက မျက်စိလည်းကောင်းကောင်း မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်” ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။ အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။ အနားကိုကျွန်တော်ရောက်သွားမှအဖွားက “ဘယ်သူလဲ”လို့မေးတယ်။ “ကျွန်တော် အဖွားကျပျောက်သွားတဲ့ ပိုက်ဆံ၅၀၀၀ကို ကောက်ရထားလို့လာပြန်ပေးတာပါ”လို့ပြောလိုက်တယ်။ ကျွန်တော့်စကားကိုကြားတာနဲ့အဖွားကမျက်ရည်ကျပါတယ်။ “မင်းနဲ့ဆိုရင် အဖွားကို ပိုက်ဆံ ၅၀၀၀လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။ အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။စာလည်းမရေးတတ်ပါဘူး။အဲ့လိုရေးပေးမယ့် သားသမီးတွေလည်းအနားမှာ မရှိပါဘူးကွယ်”တဲ့။ အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။အဖွားက ပါးစပ်က တတွတ်တွတ်နဲ့ဆုတွေအများကြီးပေးတယ်။ ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင်ခုလိုမှာလိုက်ပါသေးတယ်။ “သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်ကစာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။အဖွားမရေးတဲ့စာကြောင့် လူတွေကိုဒုက္ခမရောက်စေချင်ဘူး” … Read more

ကျွန်တော်တို့ အိတ်ကပ်ထဲက (၈၆,၄၀၀)လေးကို ဘယ်လိုသုံးကြမလဲ

ကျွန်တော်တို့ အိတ်ကပ်ထဲက (၈၆,၄၀၀)လေးကို ဘယ်လိုသုံးကြမလဲ သင့် ပိုက်ဆံအိတ်ထဲမှာ ငွေ ရှစ်သောင်းခြောက်ထောင့်လေးရာ (၈၆, ၄၀၀) ရှိတယ်။ လူတစ်ယောက်က သင့်ဆီက ၁၀၀တန်တစ်ရွက် ခိုးသွားတယ်… ဒါဆိုရင် သင် စိတ်ဆိုးမာန်ဆိုးနဲ့ အဲဒီလူကို လိုက်ရှာဖမ်းဖို့အတွက် သင့်ကျန်တဲ့ပိုက်ဆံ (၈၆, ၃၀၀) လုံးကို ပုံပြီးသုံးမလား? ဒါမှမဟုတ် မေ့မေ့ပျောက်ပျောက်နေမလား? အဖြေကတော့ ရှင်းပါတယ် စိတ်ပြေလက်ပျောက်ပဲ နေမှာပေါ့ ၁၀၀လောက်လျော့သွားတာ အတွက် ဘာကြောင့် မအိပ်နိုင် မစားနိုင်ဖြစ်နေမလဲ? ဟုတ်ပြီ၊ ဒါဆို သင်တို့ ကျွန်ုပ်တို့ရဲ့တနေ့တာမှာ စက္ကန့်ပေါင်း ၈၆, ၄၀၀ရှိတယ် အဲဒီထဲက တစုံတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အချိန် တစ်မိနစ်ကျော်ကျော် (စက္ကန့် ၁၀၀လောက်) အတွက်နဲ့ ဘာကြောင့်များ စိတ်ဆိုးဒေါသတွေ ထွက်ပြီးကျန်တဲ့ တစ်နေ့တာရဲ့လက်ကျန် … Read more

ငါမသေခင် မြန်မာပြည်မှာ ဒီလိုတရားသူကြီးမျိုး မြင်ဖူးချင်လိုက်တာ…

ငါမသေခင် မြန်မာပြည်မှာ ဒီလိုတရားသူကြီးမျိုးမြင်ဖူးချင်လိုက်တာ (ဆုသာတောင်းရတာပါ မထင်) 😢😢😢ကြေကွဲစရာ😢😢😢 (၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦး။စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။ အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။ ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။ ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို တရားသူကြီးက မေးတော့တယ်။ တရားသူကြီး။ ။ မင်းတကယ်ပဲ တစ်ခုခုခိုးခဲ့တာလား ကလေး။ ။ ပေါင်မုန်နဲ့ ဒိန်ခဲပါ တရားသူကြီး။ ။ ဘာလို့ခိုးတာလဲ ကလေး။ ။ ကျွန်တော်လိုအပ်လို့ပါ တရားသူကြီး။ ။ ဒါဆိုလည်း ဝယ်လိုက်ရောပေါ့ ကလေး။ ။ ပိုက်ဆံမှ မရှိတာ တရားသူကြီး။ ။အိမ်ကနေ မတောင်းဘူးလား ကလေး။ ။ … Read more

အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်ရာ ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးမိသောအခါ

ဘဏ်မန်နေဂျာကို ဘောင်းဘီချွတ်ခိုင်းပြီး ပါးပါးလေးပုတ်ပြီး ပညာပြသွားတဲ့ အဘွားအို အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်သည်။ ငွေပမာဏ က အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးသည်။ “အဘွား အဲ့လောက်ငွေအများကြီး ဘယ်လိုရှာလာတာလဲ” “ဩော်..လောင်းကစားလုပ်လို့ နိုင်လာတာပါ” “အာ..မဖြစ်နိုင်ပါဘူး..လူတစ်ယောက်က အမြဲကံကောင်းပါ့မလား” “မယုံရင် မင်းနဲ့ငါနဲ့လောင်းမလား…တနင်္လာနေ့ ဘဏ်ဖွင့်ချိန် ရောက်ရင် မင်းဖင်မှာ tattoo ထိုးပြီးသားဖြစ်နေရမယ်” “အာ..ဘာလို့ tattoo ထိုးရမလဲ..လောင်းမယ်ဗျာ ဘာကြေးလဲ” “ဒေါ်လာ ၅၀၀ ကြေးလောင်းမယ်” “ရတယ် စိန်လိုက်…” တနင်္လာနေ့ မနက်စောစော အဖွားအို ဘဏ်သို့ရောက်လာသည်။ မြို့မျက်နှာဖုံး လူကြီး ၂ ယောက်ခန့်လည်း ပါလာသည်။ “ကဲ..မန်နေဂျာ မင်းဖင်မှာ တက်တူးထိုးထားတယ်မဟုတ်လား” “ဘာမှ မထိုးထားဘူး ဒီမှာကြည့်” မန်နေဂျာက ဘောင်းဘီကို ချွတ်ပြရင်းပြောသည်။ထိုစဉ် အဖွားအိုနှင့် အတူပါလာသည့် လူတစ်ဦး … Read more

သင်သိရင် ပုဇွန်စားဖို့တောင် လက်တွန့်သွားမယ့် ပုဇွန်ဖမ်းနည်းအကြောင်း

ပုဇွန်ထုပ်ကြိုက်သူများ သတိထားကြပါ။ ပိုးသတ်ဆေးတွေ သုံးပြီး ပုဇွန်ထုပ်ဖမ်းနေကြတာတဲ့ မယုံမရှိကြပါနဲ့၊ မြန်မာတနိုင်ငံလုံးနီးပါး တနိုင်တပိုင် မြစ်ချောင်းထဲမှာ ပိုးသတ်ဆေးသုံးပြီး ပုဇွန်ဖမ်း နေကြတာပုံပါ စိုက်ပျို:ရေးသုံး ရွက်ဖျန်းပိုးသတ်ဆေး ကို ရေ သဲ တို့ဖြင့် စပ်ဖျော်ပြီး ပုဇွန်ရှိရာ ပွက်ရာ ရေထဲ ချလိုက်ပါတယ် နာရီဝက် ၁နာရီ စောင့်ပါ။ ပုဇွန် ထုပ်လေးတွေ ပုဇွန်ထုပ်ကြီးတွေ ရေပေါ် ပေါလော ပေါ်လာပါလေရောမသေမရှင် ဖြစ်တဲ့ အချိန် ရေပုံး လေးထဲထည့်ပြီး နီးစပ်ရာ ဈေးမှာ ရောင်းကြ ဝယ်သူကလဲ လတ်လတ်ဆတ်ဆတ် ရတယ်ဆိုပြီး နေ့ချင်း ချက်စား၊ ပိုးသတ်ဆေးကြွင်းတွေက ဗိုက်ထဲရောက်နဲ့ ဒီလူတွေမှ ကင်ဆာ မဖြစ်ရင် ဘယ်သူတွေ ဖြစ်တော့မလဲဗျာ။ အပင်တောင်မှ ဆေးဖျန်းပြီး တပတ်နေမှ ခူးဆွတ်ခွင့် … Read more

လူတွေရဲ့လောဘကို အသုံးချပြီး ပညာသားပါပါ သင်ခန်းစာပေးသွားတဲ့ သူဖုန်းစား

တစ်နေ့က ဈေးထဲ မှာ သူတောင်းစား တစ်ယောက် တောင်းစားနေတာ တွေ့မိတယ်။ သူတောင်းနေပုံက ထူးခြားနေတယ်။ အစ်ကိုကြီး အစ်မကြီးတို့ရယ် သနားကြပါနော်.. ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ။ သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ် တစ်အုပ်နဲ့ မှတ်နေတယ်။ ဒါပေမယ့် လူ တော်တော်များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။ သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အဆ ၁၀၀၀ … Read more

“အပ်”ပျောက်ရင်”ဆင်”နဲ့ရှာပါ

“အပ်”ပျောက်ရင်”ဆင်”နဲ့ရှာပါ ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ဖူးပါတယ်…”အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား”ဆိုတဲ့ အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့အမြင်မှန်ရသွားခဲ့ရပါတော့တယ် (အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့ဝေါဟာရ စကားလေးဟာ အင်မတန်မှလေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်…တစ်ကယ်တော့”အပ်”ဆိုတာက လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့ အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်ပါဘူး ပညာရှိတွေပြောတဲ့”အပ်”ကတော့လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိမှာ ပြောစရာကိစ္စရှိလာတဲ့အခါ ပြော”အပ်” မပြော”အပ် သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ သွား”အပ် မသွား”အပ်” နေစရာကိစ္စများနဲ့ကြုံတဲ့အခါ နေ”အပ်”မနေ”အပ် မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို”အပ်” မလို”အပ်” အစရှိတဲ့လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာတွေပါ တစ်ခါတရံ မိမိတို့မှာ လုပ်အပ်မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ် အဲဒီလိုအခက်အခဲကြုံလာရင် … Read more

ကျနော့်ဆီမှာ ငွေသိန်း(၁)ထောင် ချေးထားတဲ့အမျိုးသမီး ပြီးခဲ့တဲ့လကပဲ ဆုံးသွားတယ်…

ကျနော့် ဆီမှာ ငွေသိန်း( ၁) ထောင် ချေးထားတဲ့ အမျိုးသမီး ပီးခဲ့တဲ့ လက Covid နဲ့ သေသွားတယ် 😭 ကျနော်လေ ပုထုစဉ် ပီပီ ကိုယ့်ငွေတွက် စိတ်ပူသွားမိတယ်😞 ပြန်လည်း တွေးပါတယ် အော် သူ့ခမျာ သေသွားရှာ ပီပဲပေါ့ 😔☹️ ဒီမနက် သူ့အမျိုးသားက သူ့သားလေးနဲ့ ကျနော့် အိမ်ကို ရောက်လာပီးတော့😔 သူတို့နေတဲ့ အလုံက condo ကို သိန်း ၉၀၀ နဲ့ ဖြတ်ယူပေးပါတဲ့ ကျန်ငွေ သိန်း ၁၀၀ ကို ငွေသားယူပါတဲ့😭😭 စာချုပ်ပါတခါတည်း ချုပ်ပေးသွားတယ်☹️☹️ ပြန်ခါနီး ပြောသွားတဲ့ စကားလေးက #သူ့မိန်းမသံသရာမှာမကျွတ်လွတ်မှာသူအရမ်းစိုးရိမ်လို့ပါတဲ့ 😭😭 #ကတိသစ္စာတွေတည်မြဲလိုက်တာဗျာ……။❤️❤️ Credit-U soe Unicode … Read more