ညအိပ်ရင် ဘယ်ဘက်စောင်းပြီး အိပ်ဖြစ်အောင်အိပ်ပါ

သင်ညအိပ်ရင် ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သက်နေလို့ပါပဲ။အကယ်၍ သင့်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။ သင့်ဆီမှာ နှလုံးပြဿနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် ရင်ပူခြင်းမှသက်သာသွားစေနိုင်ပါတယ်။ … Read more

ဝါတွင်းကာလ အိမ်ပြောင်းအိမ်ရွေ့လုပ်နေကြသူများသိစေရန်အတွက်…

ဒကာတစ်ယောက်က အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ စတဲ့အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကိုတွေ့ရပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘုရားဟောထားတာရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလားစသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရားစသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ပတ်သက်တဲ့ အရိုးစွဲနေတဲ့အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆအမှားတွေဟာကြာတော့ ဘုရားပဲဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာမပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ … Read more

“၀ဋ်လည်တတ်တယ်” အချိန်(၁)မိနစ်စာလေးပေးပြီး ဖတ်ကြည့်စေချင်ပါတယ်

ရော့… အမေ၊ဒီမှာပိုက်ဆံတစ်သိန်း။ သူ့မြေးလေးနဲ့ကစားနေရာက အမေမော့ကြည့်လာတယ်။ ဘာအတွက်လဲဆိုတဲ့ မေးခွန်းမျိုးနဲ့မျက်လုံးတွေနဲ့။ ဘာလုပ်ဖို့လဲသမီး။ အမေအိမ်ကိုခဏခဏမလာပါနဲ့၊ သမီးကသူများအိမ်မှာလာနေရတာ၊ ယောက္ခမတွေအမြင်ကြည်အောင်နေရတယ်။ သမီးရယ်အမေကပိုက်ဆံ လာတောင်းတာမှမဟုတ်တာ အမေ့မြေးလေးနဲ့လဲ သမီးကတစ်လနေလို့ အိမ်တစ်ခေါက်မရောက်ဘူး။အမေ့မြေးလေးကိုလွမ်းလို့ လာတာပါသမီးရယ်။ သမီးအဖေကတားပါတယ်၊ အမေလည်းနှစ်ပတ်လောက်နေမှ တစ်ခါလာတာလေ သမီးအဖေကလဲသူ့သမီးနဲ့ သူ့မြေးလေးကိုတွေ့ချင်နေတာ ဒါပေမယ့်သူမလိုက်ချင်လို့ သမီးကိုလာလည်ဖို့လဲပြောလိုက်ပါတယ်ကွယ်။ သမီးသိပါတယ်၊ အမေတို့ဆီကိုလဲ သမီးနှစ်လတစ်ခါလောက်လာတာပဲ။ ပိုက်ဆံလဲလာလာပေးနေတာပဲကို၊ ခုအမေပြန်ပါတော့၊ သမီးယောက်ကျားပြန်လာတော့မယ်။ အမေ့ကိုမြင်ရင် သူအမောမပြေပဲနေမယ်။ အင်းပါသမီးရယ်၊ အမေနောက်မလာတော့ပါဘူး။ သမီးတော့လာလည်ပါနော်၊ အမေသွားတော့မယ်။ ဖွားသွားတော့မယ်မြေး လိမ်လိမ်မာမာနေနော်။ မျက်ရည်တွေဝဲလျက် အသံတုန်တုန်လေးနဲ့ပြောလိုက်ပါတယ်။ ဖြောင်း ဖြောင်း ဖြောင်း ။ လက်ခုပ်သံကြားရာ လှည့်ကြည့်မိလိုက်ပါတယ်။ ရှစ်နှစ်အရွယ်ကလေး ကျမသမီးလေး၊ ပြုံးရယ်ပီးလက်ခုပ်တီးနေတာပေါ့။ ဘာတွေသဘောကျပီး လက်ခုပ်တီးတာလဲသမီးလေး။ မေမေအိုင်တင်အရမ်းကောင်းတာပဲ။ ဇာတ်လမ်းတွေထဲက မင်းတမီးကြနေရာပဲ။ မျက်နှာတွေပြောနေတာတွေကအရမ်းမိုက်ရို့။ ဖွားရောပဲမျက်ရည်လေးတွေဝဲနေတာ … Read more

၀ါးကို မှိုမတက်၊ပိုးမထိုးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများ

ဝါးကို မိုမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ ရစေရန်အလိုငှာ လက်လမ်းမှီသလောက် နည်းလမ်းများကို ဝေမျှ ပေးလိုက်ပါတယ်။ (၁) Boric Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်း အများအခေါ်အဝေါ် (လက်ချားအမူန့်) Boric powder လက်ချားအမှုန့် နဲ့ Borax acid လက်ချားအက်ဆစ်ကို ၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ၀ါးများကို မိုမတက် ပိုးမထိုးအောင် ကာကွယ်နိုင်ပါတယ်။ ၀ါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည် ၀ါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည် … Read more

အဖေ့အကောင့်လေး အရင်လို မီးမစိမ်းတော့ပါဘူး

အဖေ့ အကောင့်လေး မီးမစိမ်းတော့ပါ အဖေ Facebook ဆိုတာကို စ သုံးတော့ကျွန်တော့် အကောင့်ကို စပြီးadd တာအဖေ့နာမည်နဲ့ အဖေ့အကောင့်ကို မြင်တော့ လန့်သွားတယ်။ ငါ့ အဖပေါလား..အံမယ် အဖေက အင်တာနက်တောင် သုံးတတ်လို့ … အဖေက ကျွန်တော့် အကောင့်ကို add ပြီး ကျွန်တော့် ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။ သူက မောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာ ကျွန်တော်ကတော့ အဖေ့အကောင့်ကို လက်ခံပြီးမှ စဉ်းစားတယ် ငါ ပေါက်ကရတွေ လျှောက်တင်လို့အဖေမြင်ရင် အဆူခံရမလားဆိုပြီး သူက ကျွန်တော် အချစ်အကြောင်းတွေ ​​လျှောက်ရင်လဲ ဖတ်တာပဲ ပြီးရင် အမေ့ကို ပြန်တိုင်သလိုလိုနဲ့ မင်း … Read more

ရုတ်တရက် ကြားလိုက်ရတာတော့ “ရည်းစားထားတာ ယူဖို့လား”ဆိုတာ နှာခေါင်းရှုံ့ချင်စရာပါပဲ

ကိုယ်တိုင်ဝတ်မဲ့ အကျီင်္တစ်ထည်၊ လုံချည်တစ်ထည်၊ ဖိနပ်တစ်ရံကိုတောင် သေသေချာချာ ရွေးကြချယ်ကြ၊ ကိုယ်နဲ့ လိုက်မလိုက်၊ တော်မတော်၊ သင့်မသင့်၊ ဈေးနှုန်းအနေအထား၊ ဝတ်ရမဲ့အချိန်အခါ အများကြီး တွက်ချက်ပြီးမှ ဝယ်ကြတာ မဟုတ်လား ..။ တစ်ဘဝလုံး မဟုတ်တောင် ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ် (အထူးသဖြင့်) ကိုယ် မွေးပေးလိုက်ရမဲ့ သားသမီးတွေရဲ့ ဖခင်ဖြစ်မဲ့သူကို ဖိနပ်တစ်ရံ ရွေးသလောက်၊ လုံချည်တစ်ထည်ရွေးသလောက် ရွေးခဲ့ကြရဲ့လား .. ဒါဟာလဲ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာနဲ့ သတ်မှတ်ချက်တွေကြောင့် ဖြစ်ကြရတာ .. “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” တို့ “လင်စံရွေး လင်ခွေးနဲ့ညား” တို့ “အလံမရှိတဲ့ရထား၊ တံခွန်မရှိတဲ့ရထား၊ လင်မရှိတဲ့ မယား မတင့်တယ်ဘူး” …… စတဲ့ အရင့်အရင်ခေတ်တွေကတော့ ခေတ်နဲ့ လျော်ညီခဲ့ဖူးလောက်တဲ့ ဆိုရိုးစကားတွေကို … Read more

ကြွက်တွေတကယ်ပြေးလို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ကြွက်ပြေးစေတဲ့နည်းလမ်းကောင်း

ကြွက်တွေ တကယ်ပြေးလို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ‘ကြွက်တွေပေါနေရင် ကြွက်ပြေးသော ဒါဏ်ကြေလိမ်းဆေး ကြွက်တွေ တကယ်ပြေးလို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ‘ကြွက်တွေပေါနေရင် ကြွက်ပြေးသော ဒါဏ်ကြေလိမ်းဆေး ကြွက်ပြေးသော လင်ဇီးဒါဏ်ကြေလိမ်းဆေး ကြွက်တွေက ပေါလိုက်တာ့ ပေါတာမှ စာအုပ်တွေကိုက် အဝတ်တွေကိုက့် ညကျတော့ တစ်ဝုန်းဝုန်းနှင့်လိုက်တမ်းပြေးတမ်းကစားကြ့ ကျိန်းမရအောင်ဖြစ့် တစ်ကောင်နှင့်တစ်ကောင်လှမ်းအော်ကြ့ တစ်ခါတလေများဆို ပြေးရင်းလွှားရင်းခြင်ထောင်အမိုးပေါ်ဒိုင်ဘင်ထိုးချ့ လွန်တာမှအတော်လွန့်အဲ့ဒါနှင့်ကလေးတွေက ထောင်ချောက်ထောင်မယ်လျှောက်တယ့် မလုပ်နှင့် ဆေးကျွေးမယ်ဆိုတယ့်လုံးဝမလုပ်နှင့်ပေါ့…. အဲ့ဒါနှင့်တစ်နေ့ကျတော လက်မောင်းအောင့်လို့လင်ဇီးဒါဏ်ကြေဆေးလိမ်းတယ့် ပူလိုက်တာ့.. အခိုးကလည်း မွှန်ပြီးမျက်ရည်ကျတယ့် လူတောင်အနံ့ခိုးရတာနှင့်မျက်ရည်ကျရတယ် ဟိုအကောင်တွေ(ကြွက်)ဆိုဘယ်လိုနေမလဲမသိ့ သူတို့နှာခေါင်းကရှေ့ရောက်နေတာဆိုတော့ ပိုပြီးအနံ့ရမှာပဲဆိုပြီးစမ်းကြည့်မယ်ပေါ့ ဆိုတော့ကျောင်းသားသုံးယောက်ခေါ် ကြွက်လာလမ်း လျှောက်လမ်းတွေ လင်ဇီးတွေ ထူထူသုတ်ပြီးအသာနေလိုက်တာ့ ည(၁၀)နာရီလောက်ကျတော့ သောင်းကျန်းဖို့လာနေကြအချိန်အတိုင်း ကြွက်တစ်အုပ်ရောက်လာပါရော့ ရှေ့ဆုံးကအကောင်က သုတ်ထားတဲ့လင်းဇီးနှင့်နဖူးတွေ့ဒူးတွေ့တွေ့ပြီးကြမ်းပြင်ပေါ်ပြုတ်ကျ့ သူ့ပါးစပ်ကအော်ချင်တာအော်ပြီး ထွက်ပြေးအဲ့ဒီလိုနှင့်နှစ်ကောင်သုံးကောင်လောက်ဖြစ်ရော နောက်ကကြွက်တစ်အုပ်ရှေ့ဆက်မတက်ပဲ အသိုက်ပါပြောင်းတယ်ထင်ပါရဲ့ ခုဆိုကြွက်တွေလာမသောင်းကျန်းတာသုံးရက်ရှိပြီ ကျေးဇူးပါလင်ဇီ်းရေ့ သူ့အသက်မသေပဲ … Read more