ကလေးတွေကို ဆုံးမတဲ့အခါ ဖခင်တိုင်း ဖျောက်ရမယ့် အကျင့် (၇)ခု
သားသမီး အုပ်ချုပ်ပုံနဲ့ ပတ်သက်ပြီး အဖေတွေ ဖျောက်ရမယ့် အကျင့် (၇) မျိုး ၁ – တအားအော်ခြင်း စိတ်ဆိုးဒေါသထွက် တဲ့ အခါမျိုး၊ ပြောချင်တဲ့ အဓိက အချက်ကို အာရုံစိုက်စေ ချင်လွန်း တာမျိုး ရှိတဲ့အခါ အဖေတွေက သားသမီးတွေကို အော်တတ် ပါတယ်။ ဒါပေမဲ့ အော်ဟစ်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို မပြေပျောက်စေ ပါဘူး။ကိုယ်ပြောမယ့် အဓိကအချက်ကို ကလေးက ပို အာရုံစိုက် သွားမယ်လို့ ထင်မြင်တာ ကလည်း မှားပါတယ်။ သင်အော်ဟစ်နေ တဲ့ အချိန်မှာ ကလေးရဲ့စိတ်ထဲ ကြောက်စိတ် တစ်ခုပဲ ရှိပါတယ်။ ဘာအတွေးမှ သူ့ခေါင်းထဲမှာ အလုပ်မလုပ် နိုင်ပါဘူး။ သားသမီးတွေကိုမှ မဟုတ်ဘဲ မိသားစုဝင်တွေနဲ့ ပတ်သက်တဲ့ အခါ အော်ဟစ်ခြင်းဟာ … Read more
သင် ဒီစာလေးဖတ်ပြီးရင် မင်းကွတ်သီး အခွံကို ဘယ်တော့မှ လွှင့်ပစ်တော့မှာမဟုတ်ဘူး
မင်းကွတ်သီးက အသုံးဝင်သလို မင်းကွတ်သီးရဲ့ အခွံကလည်း များစွာ အသုံးဝင်လှပါတယ်။ အများစုက မင်းကွတ်သီး အခွံကို ကျန်းမာရေးအတွက် ဆေးဝါးအဖြစ် အသုံးပြုကြပါတယ်။ ဝမ်းပျက် ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီး အခွံကို တစ်ည ရေစိမ်ပြီး ထို အရည်အား သောက်သုံးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။ မင်းကွတ်သီးအခွံကို ပါးပါးလှီးပြီး အခြောက်ခံကာ လက်ဖက်ခြောက်အဖြစ် အသုံးပြုရင်လည်း ဆီးရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်များ၊ အရေပြားရောဂါများအတွက်လည်း မင်းကွတ်သီးအခွံကို လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ မင်းကွတ်သီးရဲ့ အခွံကို ဘယ်လိုနေရာတွေမှာ အကျိုးရှိအောင် အသုံးချရမလဲ ဆိုတာ သိရှိပြီး မင်းကွတ်သီး စားဖြစ်တဲ့အခါ အခွံတွေကို လွှင့်ပစ်စရာ မလိုတော့ဘူးပေါ့။ မင်းကွတ်သီးအခွံကို နေ့လှန်း၍ သိမ်းထားပြီးနောက် … Read more
ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါဟူသော စကား (၃)ခွန်းရဲ့ အဓိပ္ပါယ်
ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါဟူသော စကား (၃) ခွန်းရဲ့ အဓိပ္ပါယ် (၁) ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ ။ ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။ ဘယ်တော့မှ မစားမိပါစေနဲ့။ အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်။ ထမင်းအေးဆိုတာကတော့ မင်းကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ ။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ်။ စားတတ်အောင် ကြိုးစားပါနော်။ (၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ ။ ဘယ်တော့မှ ခူးမစားပါနဲ့။ ကြွေသီးစားပါ ဆိုတာ မင်းကို ချစ်လို့ … Read more
ယောကျာ်း တစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး
ယောကျာ်း တစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး … Read more
ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်ခဲ့သည့် အိမ်ထောင်ရေး စီးပွားရေး၊ လူမှုရေး အတိုက်အခိုက်ကင်းစေလိုလျှင်
ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်ခဲ့သောအိမ်ထောင်ရေး စီးပွားရေး၊ လူမှုရေး အတိုက်အခိုက်ကင်းလိုလျှင်။ ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့်သော အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်။ ဤ အစွမ်းထက်သော ကျောက်ခဲကျင့်စဉ်သည် သီးသန့် ချီးမြှင့်ခဲ့သော ကျင့်စဉ်ထူးဖြစ်သည်။ လူသိနည်း ၍ ရှားပါးသော ကျင့်စဉ် ဖြစ်သည်။အထူးသဖြင့် ဤကျင့်စဉ်မှာ လွယ်ကူပြီး ထိရောက်မှု့ရှိသည်။ ထူးခြားပြီး လွယ်ကူသည့်ကျင့်စဉ်ဖြစ်သဖြင့် အခြားအခြားသော ကျင့်စဉ်များကဲ့သို့ ဂါထာမန္တန်များ ရွတ်ဖတ်ရခြင်း ပုတီးစိပ်ရခြင်း မွေးနံ အညွန့်အခက် အရွက်ပန်းများ ဘုရားအား ဆက်ကပ်လှုဒါန်းရခြင်း အုန်း ငှက်ပျော လက်ဖတ် ကွမ်းယာ အလင်းတိုင် အချိုရည် ပန်း စသည်တို့ ဆက်ကပ်ရခြင်းတို့မပါရှိပါ။ ရိုးရိုး ရှင်းရှင်းဖြစ်ပြီး လွယ်ကူသည့် အကျိုးပေးမြန်ဆန်သော စရဏ ကျင့်စဉ် ဖြစ်သည်။ ဤ အစွမ်းထက်သောကျောက်ခဲကျင့်စဉ်ကို ကျင့်မည့် (၈)ရက်သားသမီးများ … Read more
အိမ်မှာထားရင် အိမ်ကိုခိုက်တတ်ပြီး အိမ်သားတွေကို ကံဆိုးစေလို့ မထားသင့်တဲ့ပစ္စည်းများ
အိမ်မှာထားရင်အိမ်ကိုခိုက်တက်ပြီး အိမ်သားတွေကံဆိုးစေလို့မထားသင့်တဲ့ပစ္စည်းများ သင့်အိမ်ထဲကိုယူလာတဲ့ ပစ္စည်းတွေက သင့်အတွက်ကံဆိုးခြင်းတွေဖြစ်စေနိုင်တယ်ဆိုတာ သင်အမြဲတမ်းသတိထားသင့်ပါတယ်။ တချို့သောပစ္စည်းတွေက အိမ်ထဲကိုကံဆိုးခြင်းတွေယူလာနိုင်ပြီး အိမ်သားတွေကို သေဆုံးစေတဲ့အထိခိုက်တတ်ပါတယ်။ အခုဖော်ပြမယ့်အရာတွေက သင့်အိမ်မှာသိမ်းမထားသင့်တဲ့ ကံဆိုးစေတဲ့အရာတွေမို့လို့ ဒါတွေကို အမြန်ဆုံးရှင်းလင်းပစ်သင့်ပါတယ်။ (၁) ကျိုးပဲ့နေတဲ့နာရီနဲ့ မှန်အကွဲများ အိမ်အတွင်းမှာ ကျိုးပဲ့နေတဲ့နာရီနဲ့ အက်ရာထင်နေတဲ့မှန်၊ မှန်အကွဲတွေမထားသင့်ပါဘူး။ ဒီလိုကျိုးပဲ့ကွဲအက်နေတဲ့အရာတွေအိမ်ထဲမှာ ရှိနေတဲ့အခါ သင့်ရဲ့ဘဝမှာအဆင်မပြေမှုတွေကို ပိုပြီးကြုံရတတ်ပါတယ်။ (၂) ပိုးစုန်းကြူး ပိုးစုန်းကြူးလေးတွေက ချစ်စရာလေးတွေမို့ ဖမ်းပြီးဖန်ဗူးလေးတွေထဲထည့်ထားတာမျိုး မလုပ်မိပါစေနဲ့။ ပိုးစုန်းကြူးလေးတွေကို ဖန်ဗူးထဲထည့်ပြီးအိမ်ထဲထားထားခြင်းက သင့်ကိုကံဆိုးစေနိုင်ပါတယ်။ (၃) ပန်းအခြောက်များ အိမ်ထဲမှာ အလှထားတဲ့ပန်းအိုးတွေထဲက ပန်းတွေညှိုးသွားတဲ့အခါ ချက်ချင်းပန်းအသစ်လဲပေးပါ။ ပန်းအညိုးတွေကို မလဲပစ်ဘဲထားထားခြင်းက သင်နဲ့သင့်အိမ်သားတွေဆီကံဆိုးခြင်းတွေဖြစ်လာစေပါတယ်။ (၄) အိမ်ထဲမှာထီးကိုဖွင့်ပြီးထားခြင်း မိုးရွာထဲကနေအိမ်ပြန်ရောက်လာတဲ့အခါ ထီးကိုအိမ်အပြင်ဖက်မှာ၊ ဝရန်တာမှာဖွင့်ပြီးအခြောက်ခံပါ။ ထီးကိုအိမ်ထဲမှာဖွင့်ပြီးထားထားခြင်းက ကံဆိုးခြင်းကိုဖြစ်စေတတ်ပါတယ်။ (၅) ပျက်စီးခြင်း၊သေဆုံးခြင်းနဲ့ပတ်သက်တဲ့ရုပ်ပုံများ အိမ်ထဲမှာထားဖို့ပန်းချီကားတွေ၊ ရုပ်ပုံကားချပ်တွေဝယ်တဲ့အခါ … Read more
မိဘတွေ စိန်စီနေလို့ရတဲ့ ကျေးဇူးတရား နေ့ ၊ရက် ၊လ ၊နှစ် များ
မိဘတွေ စိန်စီနေလို့ရတဲ့ ကျေးဇူးတရား နေ့ ၊ရက် ၊လ ၊နှစ် များ ထမင်း တစ်နပ် = 700 ks ထမင်း သုံးနပ် = 2100 ks = 1 day တစ်နှစ် = 365 days တစ်နှစ်စာ = 365 days 2100 ks = 7,66500 ks ၂၂နှစ် = 7,66500 ks × 22 yrs =168,63000 ks ကျွန်တော်တို့အသက် ၂၂ နှစ်ထိဆိုရင် မိဘတွေ ( အခမဲ့ နဲ့ အဝစား ) ကျွေးခဲ့တဲ့ပမာဏက ၁၆၈ သိန်းကျော်တယ်နော် … Read more
နောင်တချိန် ငါ့သမီးလေးကို ပြောပြရမယ် (သမီးရှိတဲ့ မိဘများ ဖတ်ဖြစ်အောင် ဖတ်သွားပါ)
တချိန် ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ တချိန် သမီးလေး သိဖို့”ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….😃 ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး…. သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ ခပ်လွယ်လွယ်တွေးလိုက်တာတွေ သိပ်များနေပြီလားလို့လည်းတွေးမိပါ့…ခုခေတ် ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား? ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာ.. .ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘောကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ်ဆိုတာ.. သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ… ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် … Read more
ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ထမင်းကို မသိုးပဲ ကြာရှည် အထားခံအောင် ပြုလုပ်နည်း
ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ ထမင်းကို မသိုးပဲ ကြာရှည် အထားခံအောင် လုပ်နည်း ထမင်းပေါင်းအိုးနဲ့ချက်တိုင်း သိုးလွယ်လို့ မသိုးအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး မေးတာ‌တွေ့လို့.. ကိုယ့်အတွေ့အကြုံလေးကို မျှဝေပေးပါရစေ.. ကိုယ်လည်းအဲ့ဒုက္ခကို တော်တော်ခံစားခဲ့ရတာ ဘယ်လောက်ဆိုးသလဲဆို မနက်ပိုင်းချက်ထားတဲ့ထမင်းကို ညနေမမှောင်ခင် အပြေအလွှားစားမှ မှီတယ်.. မဟုတ်ရင် စားခါနီးကျ ထမင်းကသိုးရော.. အဲ့လိုဖြစ်ပေါင်းများလို့ ခေါင်းဆွဲပြုတ်နဲ့ ညားရတာအခါခါပါပဲ.. ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ ဆန်ဆေးရင် ဆန်ကို သေချာပြောင်အောင်ဆေးရမယ်.. ပြီးရင်ထည့်ချက်မယ့်ရေကလည်း သန့်ရမယ်.. ပြီးရင် အိုးကလည်း သန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်… ခဏခဏသိုးတဲ့အိုးကို အရင်ဆုံးရေထည့်ပြီး ပွက်ပွက်ဆူနေအောင်တည်ပြီး ပိုးသတ်ပါတယ်.. ပြီးရင်အဲ့ရေနွေးကို သွန် အိုကို‌အခြောက်ခံပြီး ဆားနဲ့နာနာတိုက်ပါတယ်… ကိုယ်တော့ နာရီဝက်လောက်ကို ထိုင်‌တိုက်တာ အိုးမှာရှိတဲ့ဂျေးတွေက ဆားနဲ့အတူပါသွားပြီး ဆားက မဲညစ်ညစ်အရောင် ပြောင်းသွားလိမ့်မယ်.. ကိုယ်စိတ်ကျေနပ်လောက်တဲ့ … Read more