စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ သိရှိနိုင်အောင် တွက်ချက်နည်း
စက်ရေတွင်း မတူးမှီ ရေတိမ် ရေနက်၊ ကျောက်ဆောင်ရှိ-မရှိ ခန့်မှန်းနည်း လိုအပ်တဲ့ သူတွေ အသေအချာမှတ်သားထားကြပါနော်။ စေတနာနဲ့ပါ။ စက်ရေတွင်းတူးက မှတ်ထားကြ။ စက်ရေတွင်းတူရာ၌ ရေ ရှိ-မရှိ၊ ရေနည်း-ရေများ ခန့်မှန်သိရှိနိုင်ပုံလေးကို ဗဟုသုတအနေဖြင့် မျှဝေပေးပါမည်။ ရေရှိ / မရှိ ၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စသည့်အပင်များ စိုစိုပြေပြေ လန်းလန်းဆန်းဆန်း ရှိနေပါ ကထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍ ဖော်ပြပါ လက္ခဏာများနှင့် ဆန့်ကျင်နေပါက ရေမရှိဟု ခန့်မှန်း သိနိုင်ပါသည်။ ရေချို / ရေငန် ၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည် အပင်အမျိုးအစားခြင်း တူပါလျက် အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက် အနာအဆာများ၍ အစိုဓာတ်ခြောက်ခန်းလျင် ရေငန်ဟု … Read more
ရင်နင့်အောင်ခံစားခဲ့ရတဲ့ ပရဟိတသမားတစ်ယောက်ရဲ့ ဆွံ့အသွားခဲ့ရတဲ့ အဖြစ်အပျက်
ပရဟိတသမားတစ်ယောက်ရဲ့ ရင်နင့်အောင်ခံစားခဲ့ရတဲ့ ရင်တွင်းဖြစ်လေးတစ်ခုပေါ့။ အသင်းရဲ့ ဥက္ကဌဆီ ညနေပိုင်း ဖုန်းတစ်ကော ဝင်လာတယ်။ “အစ်ကိုတို့ လိုက်ပို့နေကျ ညီမသားလေးကို ကလေးဆေးရုံကနေ သန်လျင်ကအိမ်ကို ပြန်ချင်လို့ ကူညီပေးပါဦး” ဆိုပြီး လူနာ ကလေးလေး ရဲ့အမေက အကူအညီလှမ်းတောင်းတာ။အဲ့ဒါနဲ့ ကိုယ်လည်း လမ်းကြောင်းလိုက်သွားရင်း ဆေးရုံရောက်တော့ လူနာကလေးလေးကို တွေ့တယ်။ ကိုယ်တို့အသင်းကားကိုလည်းမြင်ရော ဝမ်းသာမျက်လုံးနဲ့ ကြည့်နေတာ။ ကားပေါ်တင်ပေးဖို့ အနားရောက်သွားတော့ကလေးက သူ့ခြေထောက်ကို အောက်ကိုချပြီး တရိုတသေနဲ့ လက်အုပ်ကောက်ချီတယ်။သေချာကြည့်လိုက်တော့… မြင်ကွင်းက နင့်ကနဲ ညာဘက်ပေါင်တစ်ချောင်း မရှိဘူး။ ဦးထုပ်ဆောင်းထားတဲ့ ခေါင်းမှာ ဆံပင်တွေမရှိဘူး။အဲ့ဒါနဲ့ ကားပေါ်တင်ပေးတော့ “ဦးရေ ကားကိုဖြည်းဖြည်းမောင်းပေးပါနော်။ သား ခြေထောက်က နာလို့ပါ”တဲ့။ စိတ်ချနော်သား ဦးတို့ကားကို သားမနာကျင်ရအောင် မောင်းပေးမယ်၊ငြိမ်ငြိမ့်လေးစီးပြီးသာလိုက်ခဲ့ လို့ပြောရင်း လိုအပ်တဲ့အချက်အလက်တွေ ယူတယ်။ သားနာမည်ဘယ်လိုခေါ်လဲ … Read more
“အမှားကြာလျှင် အမှန်ထင်”ရခိုင်နဲ့ မြွေပွေးတွေ့လျှင်…ဆိုတဲ့စကား အဓိပ္ပါယ်ဆိုလိုရင်း
“အသက်ရှူမဝသလို ဖြစ်နေလျှင်၊ ပန်းနာရင်ကျပ်သာဆိုလျှင် ဒါလေးကို လုပ်လိုက်ပါ”
“အသက်ရှူမဝသလို ဖြစ်နေလျှင်၊ ပန်းနာရင်ကျပ်သာ ဆိုလျှင် ဒါလေးကို လုပ်လိုက်ပါ” ကြက်သွန်ဖြူ နွားနို့ ဟာ စသောက်ချိန်မှာ တမျိုး ကြီး ဖြစ်နေပါလိမ့်မယ်…။ ဒါပေမဲ့ ဒါကို သောက်ခြင်းအားဖြင့် (1) ပန်းနာရင်ကြပ် (2) အဆစ်အမြစ် ကိုက်ခဲ ခြင်း (3) အဆုတ်ရောင်ရောဂါ (4) တီဘီ ရောဂါ (5) နှလုံး နှင့် ပါတ်သက်သော ရောဂါ (6) အိပ်မပျော် တဲ့ ရောဂါနှင့်အခြားသော ရောဂါ များ ကို ကုသရာ မှာ တော်တော်ကောင်းပါတယ်။ ပါဝင်ပစ္စည်း (1) အခွံ နွှာထားတဲ့ ကြက်သွန်ဖြူ ၁၀ စိတ် (2) နွားနို့ 500ml (3) သကြား လ္ဘက်ရည်ဇွန်း … Read more
ဂျင်စင်းထက် ၄၄ ဆ အစွမ်းအာနိသင်ရှိသော မြန်မာပြည်ပင်လယ်ကမ်းစပ်မှ အဖိုးတန် အမှိုက်
ဂျင်စင်းထက် ၄၄ ဆ အစွမ်းအာနိသင်ရှိသော မြန်မာပြည်ပင်လယ်ကမ်းစပ်မှ ဓနိဖူးခြောက် ဓနိပင်သည် ပင်လယ်ရေငန်ရောက်သော ဒီရေတော များတွင် ဖြစ်ထွန်း သည်။ အုန်းပင်ပေါက်နှင့် ဆင်တူပါသည်။ အခြား သီးနှံများ ကဲ့သို့ ဓာတ်မြေသြဇာ ကျွေးရခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်း လုံးဝ လုပ်စရာ မလိုသောအပင်ဖြစ်ကာ ဒီရေ များနှင့် ပါလာသော နုန်း မြေ များသည် ဓနိခြံ အတွင်းတွင် တင်ကျန်နေ ခဲ့ပြီး သဘာဝမြေသြဇာ အဖြစ်နှင့် ဓနိပင် များ ကို ကြီးထွားစေသောကြောင့် ဓနိထွက် အစားအစာမှန်သမျှ သဘာဝစစ်စစ် အော်ဂင်းနစ်များသာ ဖြစ်ပေသည်။ ဓနိပင်သည် လူသားတို့အတွက် အသုံးအဆောင်များအစားအစာများ ပေးစွမ်းသည်သာမက ဓနိဖူးသည် ဂျင်စင်းထက်သာသော ဆေးဘက်ဝင် အဖိုးတန်ရတနာ တပါးဖြစ်နေသည်ကို … Read more
ကာယသိဒ္ဓိပြီးတဲ့ ဝက်စွယ်ဂင်းပိတ်(သို့)ဝက်မာန်စွယ်ရဲ့ ထူးခြားမှုနဲ့ အစွမ်းသတ္တိအကြောင်း
ကာယသိဒ္ဓိပြီးတဲ့ ဝက်စွယ်ဂင်းပိတ် (သို့) ဝက်မာန်စွယ်ရဲ့ ထူးခြားမှုနဲ့ အစွမ်းသတ္တိအကြောင်း သိကောင်းစရာ ဝက်စွယ်ဂင်းပိတ် (ခေါ်) ဝက်မာန်စွယ်သည် အမောင်းအဟန့် အလွှဲအဖယ် အကွယ်အကာ ကောင်းလှ၏။ ထူးခြားဆန်းကြယ်သော တောတောင်ထဲမှ ပစ္စည်းဆန်းတစ်မျိုးဖြစ်သည်။ တောတောင်ထဲတွင် တောဝက်တို့ သဘာဝကျင်လည် ကျက်စားနေထိုင်သွားလာလေ့ရှိသည်။ တောဝက်အုပ်တစ်အုပ်တွင် သင်းအုပ် ခေါင်းဆောင် ဝက်တောင်းကြီး တစ်ကောင် ရှိတတ်သည်။ ထို ခေါင်းဆောင်ဝက်ကြီးသည် အုပ်စု၏ အန္တရာယ်ကင်းစေရေးအတွက် အသက်စွန့်၍ ကာကွယ်တတ်သည်။ အန္တရာယ်တစ်စုံတရာ ကျလာပါက မိမိအုပ်စုအတွက် ရှေ့ဆုံးမှ ရပ်တည်၍ မိမိအုပ်စုကို လွတ်ရာသို့ ပြေးစေသည်။ တချိန်တည်းမှာပဲ ရန်သူ၏ အငွေ့အသက်ကို ရှုရှိုက်ပြီး ရန်သူရှိရာ အရပ်သို့ တဟုန်တိုး ပြေးဝင်၍ အစွယ်ဖြင့် ဝင်အောင်းလေ သည်။ထိုသို့ ဝက်ကြီး ဝင်အောင်းရာတွင် ရန်သူက … Read more
(၃)နှစ်ကြာ ဂူအောင်းအဓိဋ္ဌာန်ကနေ ထွက်မယ့် အချိန်ကို မိုင်းဖုန်းဆရာတော် မိန့်ကြား
(၃) နှစ်ကြာ ဂူအောင်းအဓိဋ္ဌာန်ကနေ ထွက်မယ့် အချိန်ကို မိုင်းဖုန်းဆရာတော် မိန့်ကြားလိုက်ပါပြီ (၃) နှစ်ကြာ ဂူအောင်းအဓိဋ္ဌာန်ကနေ ထွက်မယ့် အချိန်ကို မိုင်းဖုန်းဆရာတော် မိန့်ကြားလိုက်ပါပြီ နောက်ထပ် ၅ လ ၆ လလောက်ဆိုရင်(ဂူအောင်းအဓိဋ္ဌာန်ဝင်တာ) ၃ နှစ်ပြည့်ပါတော့မယ်။ နှမြောစရာ အချိန်တွေ ကုန်ဆုံးသွားတာ မြန်လိုက်တာ။ နောက်ထပ် တစ်နှစ်ကျော်ရင် သက်တော်က ၆၀ ပြည့်ပါတော့မယ်။ အဓိဋ္ဌာန်ထွက်တဲ့နေ့မှာ လှည်းယာဉ်ပြသာဒ် ပြင်ဆင်ပြီး (ဆရာတော်ကို) တင်ကာ နမ့်ဆိမ်ချောင်းနံဘေးအထိ လှည်းယာဉ်နဲ့ ပင့်ဆောင်ပါ။ နမ့်ဆမ်ချောင်းနံဘေးမှာ ဆံတော်ကို ချပါမယ်။သုဝဏ္ဏဝိုးလုံ(ဘုရားအလောင်းနွားမင်းဇာတ်တော်) တရားတော်ကိုရွတ်ဖတ်ပူဇော်ပါမယ်။ နောက် ၅ ရက်လောက်နေပြီးရင် မိုင်းဖုန်းကို ကြွပါမယ်။(ဆရာတော်၏ စာတိုကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒမှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးပါတယ်)မှတ်ချက် ။မိုင်းဖုန်းဆရာတော် … Read more
အသားပိုသီးလေးတွေကို သဘာဝအတိုင်းဖယ်ရှားပေးမယ့် နည်းလမ်းကောင်း
တစ်ချို့ ရင်ဘက်မှာဖြစ်ဖြစ်၊ရင်ဘက်မှာဖြစ်ဖြစ် အမျိုးမျိုးသော အသားပိုသေးသေးလေးတွေရှိတတ်ကြပါတယ်။ အဲ့လိုမျိုးရှိနေတာကို မကြိုက်တဲ့သူတွေအတွက်ကတော့ အခုပြောပြမယ့် နည်းလမ်းတွေကို အသုံးပြုပြီး အသားပိုလေးတွေကိုဖယ်ရှားပစ်လိုက်ရအောင်နော်။ ၁။ Tea tree oil Tea tree oil မွာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။ ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။ ၂။ ငှက်ပျောသီး ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပိုတွေအတွက် အသုံးပြုပေးလို့ရပါတယ်။ ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အသားပိုပေါ်မှာ … Read more
တန်ဖိုးဖြတ်လို့မရအောင် အဖိုးတန်တဲ့ မှိုကွန်ချာကိုတွေ့ရင် မဖြစ်မနေ အရယူထားပါ
တန်ဖိုးဖြတ်လို့မရတဲ့ မှိုကွန်ချာကိုတွေ့ရင် မဖြစ်မနေ အရယူထားပါ ကျော် မှတ်ထားတာလေးကို မျှဝေတာပါ ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က FB မသုံးစွဲကြပါဘူး နတ္ခတ္တရောင်ခြည် မဂ္ဂဇင်းကို လစဉ် ထွက်တာနဲ့ ဝယ်ဖတ်ပါတယ်။အဲ့ထဲမှာက အခုလို ဆေးဖက်ဝင်သော အကြောင်းရာတွေကို အကိုးကားနဲ ပါလေ့ရှိပါတယ် ။ လွယ်လွယ်ကူကူ အသုံးဝင်ပြီး အစွမ်းထက်သော အရာများကို မှတ့်ထားလေ့ရှိပါတယ်။ မှတ်ထားတဲ အကြောင်းရာလေးကဒီလိုပါ.. ဟင်္သတ မြိုနယ် တောရွာဘက်က ဦးလေးတယောက်ဟာ အရိုးကင်ဆာ ဖြစ်လို ဆေးရုံက ခြေထောက့် တဖက် ဖြတ်ဖို ရက်ချိန်းပေးလိုက်ပါတယ်တဲ့ ထိုဦးလေးဟာ ခြေထောက်တဖက်တော့ မဖြတ်တော့ဘူး ဒီအတိုင်းသာ အသေခံသွားမယ်ဟု ဆိုကာ အရိုးကွဲမတတ့် ကိုက့်ခဲနေသော ဝေဒနာကို ကြိတ်မှိတ်ပြီး အန်တုကာခံနေပြီး ဆေးရုံရက်ချိန်ကို မသွားတော့ပါဘူးတဲ့ ဒီလိုဖြစ်နေချိန်မှာ … Read more
အပင်စိုက်သူတိုင်း မီးဖိုချောင်ထွက်ပစ္စည်းများနှင့် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အမြစ်နဲ့အရွက်အတွက် အားဆေး ပြုလုပ်နည်း
အပင်စိုက်သူတိုင်း မီးဖိုချောင်ထွက်ပစ္စည်းများနှင့် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အမြစ်နဲ့အရွက်အတွက် အားဆေး ပြုလုပ်နည်း လိုအပ်မယ့် ပစ္စည်းတွေကတော့ လွယ်လွယ်နဲ့ ရနိုင်တဲ့ အိမ်တွင်းပစ္စည်းတွေပါပဲ။ ထမင်းသိုး ဆန်တစ်ဗူးချက်ခန့် ။ သကြား ထမင်းစားဇွန်း-2 ဇွန်း။ နို့ချဉ် ၅၀ စီစီ ။ ထမင်းသိုးထဲ ရေ လီတာဝက်ခန့် လောင်းထည့်ပါ။ ပြီးနောက် ၅ မိနစ်ခန့် မွှေပေးပါ။ ထမင်းသိုးမှ အရည်အားလုံး သမသွားပါက ၅ မိနစ်ခန့် အနည်ထိုင်အောင် စောင့်ပါ။ အနည်ထိုင်သွားပါက ရေစစ်ဖြင့် စစ်ယူပါ။စစ်ယူထားသော ထမင်းသိုးရေထဲသို့ သကြား ၂ ဇွန်း နို့ချဉ်ဘူး ၅၀ စီစီ ဖေါက်ထည့်ပါ။ သမသွားအောင်နဲ့ သကြားများ ပျော်အောင် မွှေပါ။ အားလုံး သမသွားပြီ ဆိုပါက ရေသန့်ဘူးလွတ်ထဲထည့်ပြီး … Read more