စပါးကြီးသည်းခြေနှင့် ဝက်ဝံသည်းခြေအသုံးပြုပုံ အသုံးပြုနည်း

ဗဟုသုတအလို့ငှါ စပါးကြီးသည်းခြေနှင့်ဝက်ဝံသည်းခြေအသုံးပြုပုံများအားတင်ပြအပ်ပါသည်။ (စပါးကြီးသည်းခြေ) စပါးကြီးသည်းခြေသည် သဘာဝအားဖြင့် အလွန်ထူးဆန်းသော ဆေးတမျိုးဖြစ်သည်။ သက်မဲ့ပင်ဖြစ်နေသော်လည်း ညှို့ဓာတ်နှင့်ဆွဲအားသည် အပြည့်အဝပါရှိနေသည်။ ဉာဏ်ရှိသလောက်လိုသလိုသုံးနိုင်သော ဣစ္ဆာသယဆေးတလက်လည်း ဖြစ်သည်။ ဗဟုသုတဖြစ်စေရန် တတ်သိ၊မှတ်မိသမျှ ဆေးပန်းသုံးဟန်ကို ဖော်ပြပါသည်။ (1)မေးခိုင်လျှင်လျှာမှာပွတ်ပေးပါ။ (2)မေးရွှဲလျှင်လိမ်း၍လက်နှင့်တည့်ပေးပါ။ (3)လေငန်းဖြတ်လျှင် တော‌‌ရှောက်မြစ်နှင့်သွေးလိမ်းပါ။ (4)ဆီးချိုဖြစ်လျှင် ဆီးခုံကိုလိမ်းပါ။ (5)ဆီးကျောက်တည်လျှင် ရေစိမ်သောက်ပါ။ (6)မျက်စိနာလျှင် ကွင်းပေးပါ။ (7)ဗိုက်နာလျှင်လိမ်း၍ ချက်အောက်ကိုဆွဲချပါ။ (8)ကိုယ်ပူလျှင် ရေစိမ်သောက်ပါ။ (9)သူငယ်နာအတွက် လျှာနဲ့လျက်ပါ။ (10)လေးဘက်နာဖြစ်လျှင် ဆေးပန်းဥနှင့်လိမ်းပါ။ (11)ကိုယ်ဖောကိုယ်ရောင်ဖြစ်လျှင် ယူကလစ်ခေါက်နှင့်သွေးလိမ်းပါ။ (12)အဆစ်အမြစ်ကိုက်လျှင် ရှောက်ရည်နှင့်စုတ်ပေါက်ပါ။ (13)ဇက်ကြောထိုး၊ဇက်ကြောတက်လျှင် ကွမ်းရွက်ရည်ဖြင့် ရေ။လိမ်းပါ။ (14)ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် စပါးကြီးသည်းခြေညှို့ကြိုးကို ချက်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားပါ။ (15)သူခိုးခြေရာကို စပါးကြီးသည်းခြေ ညှို့ကြိုးနဲ့ထောက် အပေါ်မှငှက်ပျောရွက်နု(ကျီးမနားငှက်ပျောရွက်)နှင့် အုပ်ထားပါ။ခိုးလျှင်တစ်နာရီအတွင်း ၊သုံးနာရီအတွင်း မဖြစ်မနေပြန်လာလိမ့်မည်။(လူမသိအောင်လုပ်ရပါမည်။) (16)ဈေးရောင်းကောင်းလိုသော် … Read more

အိမ်ထောင်သည်အမျိုးသမီးတွေကို အပျိုလေးတွေလိုဖြစ်သွားစေမည့် အလွယ်ကူဆုံးနည်း

အိမ်ထောင်သည်အမျိုးသမီးတွေကို အပျိုလေးတွေလို ဖြစ်သွားစေမည့် အလွယ်ကူဆုံးနည်း မိန်းမကိုယ် ပြန်လည်ကျဉ်းစေဖို့အတွက် ဆေးဝါးတွေ မသုံးချင်တဲ့ အိမ်ထောင်ရှင်မမတွေ ရှိပါတယ်။ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို ကြောက်လို့ပဲ ဖြစ်ဖြစ်၊ ဈေးကြီးလို့ပဲ ဖြစ်ဖြစ် ဆေးတွေ မသုံဘူးဆိုရင် လွယ်လွယ်ကူကူပြုလုပ်လို့ရပြီး စိတ်ချရတဲ့ နည်းလမ်းကောင်းလေး ရှိပါတယ်။ ဒီနည်းလမ်းလေးဟာ မိန်းမကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားတွေ လျော့ရဲတာကို ပြန်လည်တင်းရင်စေပြီး ပြန်လည်ကျဉ်းစေနိုင်ပါတယ်။ ဆီးဖြူသီးကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ။ ဆီးဖြူသီးဟာ မိန်းမကိုယ်အတွက် ကောင်းတယ်ဆိုတာကိုတော့ သိတဲ့သူ နည်းပါးမှာပါ။ ဆီးဖြူသီး (၅ လုံးလောက်ကို ရေစင်အောင်ဆေးပါ။ ပြီးရင် ဆူပွက်နေတဲ့ ရေနွေး (ရေချိုးရေခွက်) တစ်ခွက်စာထဲမှာ ဆီးဖြူသီး (၅) လုံးကို ထည့်ပြုတ်ပါ။ ဆီးဖြူသီးလေးတွေ နူးပျော့လာပြီ အရောင်လေးပြောင်းလာပြီဆိုရင်တော့ ရေနွေးအိုးမီးအပူပေးတာကို ရပ်လိုက်ပါ။ … Read more

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း(၄)မျိုး

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။ဒါ မျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင် (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ် သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ ၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်) ၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ (2) ရိုးစင်းသောနည်း တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ တစ်ပိုင်းကို မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။ … Read more

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇)ချက်

ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။ ၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။ ၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။ ၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။ ၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။ ၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။ ၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး … Read more

ဒီလို ပန်းရံဆရာကြီးတွေနဲ့ ယှဉ်ပြောနိုင်အောင် ဒီစာလေးဖတ်လိုက်ပါ

ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည် ( အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ….ဒီလို ပန်းရံဆရာကြီးတွေနဲ့ ယှဉ်ပြောနိုင်အောင် ဒီစာလေးဖတ်လိုက်ပါ…) အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ။ တစ်ကယ်လည်း ဆရာတွေပါပဲ။ နှစ်ပေါင်းများစွာ လက်တွေ့လုပ်လာခဲ့တာပဲလေ။ သို့ပေမယ့် တချို့ ပညာရပ်အသိလေးတွေတော့ ညှိယူသင့်ပါတယ်။ သံချောင်းပါရင် RCဆိုပြီး Okay ပါပြီ။ အဲဒီမှာ Cover လို့ခေါ်တဲ့ သံချောင်းရဲ့ အစွန်ဆုံးမျက်နှာပြင်ဟာ ကွန်ကရစ်ထဲမြု ပ်နေစေရပါတယ်။ အောက်ဆုံး အုတ်ဖိနပ် footing လို မြေကြီးနဲ့ ထိနေတဲ့ နေရာမျိုးမှာ အနည်းဆုံး ၂ လက်မလောက် ဘေးက ကျောက်ပုံးနဲ့ သံ ကွာနေစေရပါမယ်။ ရေငန်ဒေသတွေဘက်မှာဆို ၃ လက်မလောက်ရှိသင့်ပါတယ်။ တိုင်တို့ … Read more

အမျိုးသမီးတွေအတွက်် ဝမ်းသာစရာ သတင်းကောင်းလေးပါ

အမျိုးသမီးတွေအတွက် ၀မ်းသာစရာ သတင်းလေးပါ အမျိုးသမီးတွေအတွက် ဒါဟာ သတင်းကောင်းပါပဲနော်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အသက် ၅ဝ ကျော်လာရင် သားအိမ်ကင်ဆာဖြစ်တတ်ပါတယ်။ဒါကြောင့် ဒီတစ်ခါမှာတော့ သားအိမ်ကင်ဆာကို ကုသနိုင်တဲ့ သဘာဝဆေးနည်းလေးကို အခုလိုပဲ မျှဝေပေးလိုက်ပါတယ်။ ဒါဟာ တကယ့်ကို ပြုလုပ်ရတာ ကလည်း တကယ်ကိုရိုးရှင်းပြီးတော့ ပါဝင်ပစ္စည်းတွေကလည်း ရှာရတာလွယ်တာမို့ဒီနည်းလမ်းလေးက စာဖတ်သူတွေနဲ့ ကောင်းကောင်း အဆင်ပြေစေမှာပါ။ အစားအသောက်ကိုလည်း အထူးဂရုစိုက်ဖို့လိုပြီး ဗီ တာမင်ဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။ ပါဝင်ပစ္စည်းသစ်ကြားသီးမှုန့် ၅ဝဝဂရမ်၊ ပျားရည် ၃ဝဝ ဂရမ်၊ရှားစောင်းလက်ပက်အနှစ် ၁ဝဝ ဂရမ်၊ ပြင်ဆင်ခြင်း ပါဝင်ပစ္စည်းအားလုံးကို သေချာ ရောလိုက်ပြီးတော့ မနက်စာစားပြီး မိနစ် ၃၀ လောက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းလောက် စားပေးပါ။ရှားစောင်းလက်ပက်ကို အစာအိမ်နာတာ … Read more