ပိုက်ဆံက သခင်ရှိတယ် ၊ပိုက်ဆံမှာ ကျိန်စာရှိတယ်ဆိုတာ ယုံကြည်ထားပါ
ဒီ Post လေးဖတ်ပြီး မနက်ဖြန်ကစပြီး ဘဝမှာ ဘာတွေ အရေးကြီးဆုံးလဲ မြင်နိုင်ကြပါစေ
ဒီ Post လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ အချိန် တစ်ရက် ဒေါ်လာ တစ်သန်း (ဒီ Post လေးဖတ်ပြီး မနက်ဖြန် ကစပြီး ဘဝ မှာ ဘာတွေ အရေးကြီး လဲ မြင်နိုင်ကြပါစေ) လူတစ်ယောက်ဟာ ငယ်စဉ် ကတဲက ပိုက်ဆံ ကို မစားရက် မသောက်ရက် စုဆောင်းတယ်။ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်းစုမိနေပြီ။သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့်တောင်းလိုက်တယ်။ အမျိုးသမီး က လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။ တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံ … Read more
ယုန်တစ်ကောင် ငါးကျပ်ဆို မစားနဲ့ ငါးဆယ်ဖြစ်မှ စား (ကောင်းလိုက်တဲ့ ဆုံးမစကားလေး)
တစ်ခါက…သားအဖနှစ်ယောက် အလွန်စည်ကားသော ဈေးကြီးတစ်ဈေး အတွင်းသို့ ရောက်ရှိလာသောအခါအသက်(၁၀)နှစ်ခန့်ရှိ သားငယ်မှ အဖေဖြစ်သူအား ”ဗိုက်ဆာတယ် အဖေ…ရှေ့မှာယုန်ကင်တွေရောင်းနေတယ်…သားကို ဝယ်ကျွေးပါ…”တဲ့။” သား…တစ်ကောင်ဘယ် လောက်လဲ သွား…မေးလိုက်”လို့ အဖေဖြစ်သူက ပြောလိုက်ပါတယ်။အဲ့ဒါနဲ့ သားဖြစ်သူလည်း ယုန်သားကင်ကို ရောင်းနေတဲ့ ဈေးသည်ကို သွားမေးတော့ “ယုန်တစ်ကောင် ငါးကျပ်”လို့ ဈေးသည်က ပြန်ပြောပါတယ်။ သားဖြစ်သူလည်း “အဖေ…တစ်ကောင် ငါးကျပ်တဲ့ဗျ။ သားကို ဝယ်ကျွေးနော်”ဆိုတော့…ဖခင်ဖြစ်သူက သူ၏လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်ကျပ်တန်လေး တစ်ရွက်ကို ကြည့်ရင်းအံကိုကြိတ်ပြီး သားဖြစ်သူကို ပြောလိုက်ပါတယ်။” ယုန်တစ်ကောင်ကို ငါးကျပ်တဲ့လား…?မစားပါနဲ့အုံး သားရယ်…လာ…သွားရ အောင် သား… ဗိုက်ဆာနေရင် အဖေတခြားဟာ ဝယ်ကျွေးပါ့မယ်…”လို့ပြောပြီး သားဖြစ်သူရဲ့လက်ကိုဆွဲပြီး ပြီးတော့မှ ဘိန်းမုန့်(၂)ခု တစ်ကျပ်ဖိုး သားဖြစ်သူ ဗိုက်ပြည့်စေဖို့ ဝယ်ကျွေးခဲ့ပါတယ်။ ဒီလိုနဲ့ နောင်(၁၅)နှစ်လောက်ကြာတဲ့အခါအဲဒီဈေးကြီးထဲကိုပဲ သားအဖနှစ်ယောက် … Read more
တန်ဖိုးရှိလို့ သိမ်းထားတယ် လိုက်နာမှတ်သား ရှေးရှေးတုန်းက အဆိုအမိန့်များ
(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။ (၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။ (၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။ (၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။ (၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။ (၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန်ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။ (၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။ (၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။ (၉) … Read more
လူငယ်တွေမသိကြတော့တဲ့ မြန်မာနိုင်ငံရဲ့အလယ်ဗဟိုချက်မ တည်နေရာ
လူငယ်တွေမသိကြတော့တဲ့ မြန်မာနိုင်ငံရဲ့အလယ်ဗဟိုချက်မ တည်နေရာ ဝမ်းနည်းစရာကောင်းပါတယ်။ ယနေ့ ခေတ်လူငယ်တွေဟာ ဖုန်း ဂိမ်းတွေမှာသာအချိန်ကုန်ပြီး အမိ မြန်မာနိုင်ငံရဲ့သမိုင်းနဲ့ ထူးခြားမှုတွေကိုမသိကြ စိတ်မဝင်စားကြတော့ပါဘူး. မြန်မာနိုင်ငံအလယ်ဗဟိုချက်မတည်ရှိရာ နေရာသည် မြန်မာနိုင်ငံ အလယ်ပိုင်း၊မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ မြ သု ခ ရွာ အနီးရှိ ပြက္ခရွေတောင်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာ့တည် နေရာပြ စနစ် (GPS)တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉မိနစ်တွင်တည်ရှိသည်။ မြန်မာနိုင်ငံအလယ်ဗဟိုချက်မအမှတ်အသား ကျောက်တိုင်တစ်ခုကို မြန်မာနိုင်ငံ မြေတိုင်းအဖွဲ့မှ စိုက်ထူထားသည်။ ပြက္ခရွေ့ တောင်ပေါ်ရှိ ပြက္ခရွေစေတီတော်အနီးတွင် တွေ့နိုင်ပါသည်။ ပြက္ခရွေ့ တောင်သည်၃၇၅ဝ ပေ မြင့်သည်။ တောင်ထိပ်ပေါ်တွင်အနော်ရထာမင်းတည်ထားကိုးကွယ်ခဲ့သောသမိုင်းဝင် ရှေးဟောင်းစေတီ … Read more
ကျန်းမာရေးကြောင့် ခြင်ဆေးမသုံးချင်သူတွေ ခြင်တွေ ပြေးအောင် သင့်ရဲ့အိမ်ထဲမှာ ဒီအပင်လေး (၅)ပင် စိုက်ကြည့်လိုက်ပါ
ခြင်တွေ ပြေးအောင် သင့်ရဲ့ အိမ်ထဲမှာ ဒီအပင်လေး (၅) ပင် စိုက်ကြည့်လိုက်ပါနော် မိမိအိမျမှာရှိတဲ့ သောငြးကနြွးလှနြးတဲ့ခှငတြှကေို ခွငျဆေးခှေ၊ ခှငဖြနြွးဆှေးတှနေဲ့ နှိမျနှငျးနတေုနျးလား? ဒါက အလှနျအန် တရာယျမြားတဲ့ ႏွိမ်ႏွင်းခြင်းဖြဈပြီး ကေလးငယ်ရွိတဲ့ အိမ်တွေဆိုရင် ပိုပြီးေတာင် အန္တရာယ်ျမားလွန်းပါေသးတယ်။ ဒါ ေကြာ င့်မို႔ အန္တရာယ်မျမားဘဲ သဘာဝနည်းလမ်းတွေနဲ႔ ခြင်တွေပြေးစေမယ့် နည်းလမ်းတွေကို ဖောပြှပေးလိုကပြါတယြ။ သင်ဟာ အပင်လေးတွေကို ချစ်မြတ်နိုးပြီး အပင်စိုက်တာလည်းဝါသနာပါတယ်၊ ခြင်တွေကိုလည်း သဘာဝနည်းလမ်းအတိုင်း နှိမ်နှင်းချင်တယ်ဆိုရင် ဒီနည်းလမ်းတွေက သင့်အတွက် အကောင်းဆုံးနည်းလမ်းတွေဖြစ်မှာပါ။ပြီးတော့ ခြင်ပြေးပ င်လေး တွေ ဟာ မိမိတို့မီးဖိုခန်းအတွက်လည်း အသုံးဝင်တာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်လည်းဖြစ်ပါတယ်။ခြင်ပြေးပင်လေးတွေကို စိုက်ပျိုးခြင်းဖြင့် မိမိတို့မီးဖိုခန်းရဲ့ ငွေယိုပေါက်က တစ်ဖက်တစ်လမ်းက ကာကွယ်နည်းလည်း … Read more
၃ သိန်းရင်းပြီး သိန်း ၃၀ အကြွေးတင်သွားကြတာကို တားဆီးနိုင်မယ့် နည်းလမ်းကောင်းများ
၃ သိန်းရင်းပြီး သိန်း ၃၀ အကြွေးတင်သွားကြတာကို တားဆီးနိုင်မယ့် နည်းလမ်းများ အရင်းပြုတ်တယ်ဆိုတာ ရောင်းရတဲ့ငွေကို သုံးပစ်လို့ပါ။ ဘယ်စီးပွားရေးကြောင့်နဲ့မှ မဆိုင်ပါဘူး။ ရောင်းရငွေကို လုံးဝမသုံးပဲ ပြန်ပြန်ရင်းသူတိုင်း အရင်းမပြုတ်ပါဘူး။ အမြတ်မြင်ရဖို့ သုံးရဖို့ နှေးချင်နှေးမယ် ဒါပေမယ့် အရင်းပိုပိုများလာမယ်။ ပြောရတာလွယ်ပေမယ့် လူအများစုက စည်းကမ်းမရှိကြပါဘူး။ များများရောင်းရလေ များများသုံးချင်လေဖြစ်ကြပါတယ်။ သုံးလိုက်တဲ့ထဲမှာ ကိုယ့်အရင်းတွေပါပါသွားတယ်ဆိုလည်း သတိမထားမိကြပါဘူး။ ဘယ်အချိန်မှာ သတိထားမိကြလဲဆိုရင် ပြန်ရင်းဖို့ ပိုက်ဆံမရှိတော့တဲ့အချိန်မှာပေါ့။ အရင်းပြုတ်ရတဲ့ နောက်ထပ် အကြောင်းရင်းက အကြွေးရောင်းလို့ပါ။ ရောင်းကုန်သွားတဲ့ချိန် အကြွေးက မကောက်နိုင်သေးဘူး။ ပစ္စည်းကပြန်ဝယ်ရတော့မှာ အဲ့မှာအရင်းတွေ ထပ်ထပ် ထုတ်ရင်း ရှိရှိသမျှ ပြုတ်တာပါပဲ။ အရင်းပြုတ်တဲ့ နောက်ထပ်ပိုဆိုးတဲ့အကြောင်းရင်းက အကြွေးယူပြီး စီးပွားရေးလုပ်တာပါ။ စလုပ်ပြီဆိုတည်းက Negative Energy နဲ့စတော့ ထင်သလောက်မရောင်းရ … Read more
ဝင်ငွေကောင်းနေပါရဲ့နဲ့ များများ မစုဆောင်းနိုင်ရခြင်းရဲ့ အကြောင်းရင်း (၆)ချက်
(၁) အပင်ပန်းခံရှာပြီး မသုံးပဲနေရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူးကွာဟု အတွေးရှိခြင်း ဒီလိုတွေးတတ်တဲ့သူတွေ ပြောလေ့ရှိတာက “ငါကတော့ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်တယ်၊ ဘဝဆိုတာ တိုတိုလေး ပျော်ပျော်နေရဖို့ အရေးကြီးတယ်” အနာဂတ်အတွက် ရှာဖွေစုဆောင်းခြင်း လုပ်ဖို့အတွက် သိပ်စိတ်မဝင်စား။ မဖြစ်မနေလုပ်ရမယ်ဆိုလည်း နောက်မှ လုပ်မည်။ ဒီနေ့တော့ ပျော်မည်။ ”ဝင်ငွေရဲ့ ၁၀ ပုံ တစ်ပုံကို စုပါတို့ “”စုပြီးမှ ကျန်တာကို သုံးပါတို့” ဆိုတဲ့ စကားတွေက သူတို့အတွက် မဟုတ်။ (၂) ဘတ်ဂျတ် မသတ်မှတ်ထားခြင်း တိုင်းတာလို့မရရင် ထိန်းချုပ်လို့ မရနိုင်။ ကိုယ့်အနေနဲ့ တစ်လတာအတွင်း ဘာတွေ သုံးဖို့ရှိပြီး၊ ဘယ်လောက်သုံးစွဲမယ် ဆိုတာမျိုးကို ကြိုတင် တွက်ဆထားခြင်းမရှိဘဲ ပိုက်ဆံအိတ်ထဲ ဖြည့်လိုက် သုံးပြီးလျော့သွားရင် ပြန်ဖြည့်လိုက် ပြုလုပ်တတ်ခြင်း။ (၃) … Read more
အကြွေးယူပြီး ပြန်မဆပ်တဲ့သူတွေ မလွဲမသွေ ကြုံရမယ့် အရှုံး (၁၀) ချက်အကြောင်း
အကြွေးယူပြီး ပြန်မဆပ်တဲ့သူတွေ မလွဲမသွေ ကြုံရမယ့် အရှုံး (၁၀) ချက်အကြောင်း ပိုက်ဆံမပေးနိုင်လို့ လိမ်ပြေးတယ် တို့၊ ခပ်တည်တည်ပဲ မပေးလည်း ဘာဖြစ်လဲ တို့ ရှိရင်ပေးမှာပေါ့၊ အခုက မရှိသေးလို့ မပေးတာပဲ တို့ သူမှ မတောင်းတာ မတောင်းဘဲနဲ့ ပေးစရာလား တို့ သူအဆင့်နဲ့ မွဲမသွားပါဘူး တို့ သူ့ထက် အများကြီးပေးရမှာတွေတောင် မပေးသေးတာ သူ့တော့ ပေးမနေဘူး တို့… စတာတွေဟာ အကြွေးယူထားတဲ့လူတွေ ခုခေတ် လုပ်ချင်ရင် လုပ်လို့ရတဲ့ အရာတွေပါ ဒီလိုတွေလုပ်လို့ အဆင်ပြေသွားသလား ။ နိုးပါ။ ပိုက်ဆံပေးထားတဲ့ အကြွေးရှင်တွေက ဘာဖြစ်သွားလဲ။ ပိုက်ဆံတောင် ထုတ်ပေးထားနိုင်တဲ့ သူဌေးတွေပါဆိုနေမှ ဒီပိုက်ဆံအတွက်ပဲ ရှုံးတာပါ။ ကျန်တာ သူတို့မှာ ဘာဆိုဘာမှ မထိခိုက်ပါဘူး။ … Read more
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းကို ပထမဦးဆုံး စတင်လုပ်ကိုင်သူ (သို့)လှေထိုးသားကြီး
(၁၉၀၀)ပြည့်နှစ်ဝန်းကျင်ကပင် အိန္ဒိယရူပီးငွေ သိန်းတစ်ရာခန့် ရင်းနှီးမြှုပ်နှံထားသည့် ဦးရဲကျော်သူ အင်ကုမ္ပဏီလီမီတက် လုပ်ငန်းကိုတည်ထောင်ခဲ့သူ သူ့ခေတ်သူ့အခါက ရခိုင်ပြည်နယ်တွင် အချမ်းသာဆုံးလုပ်ငန်းရှင် သူ့လက်နှင့်ထိသမျှ ငွေဖြစ်သည်ဟု တင်စားပြောခံရသူ။အိန္ဒိယအစိုးရကပင် ဖိတ်ကြား၍ သူဌေးဘွဲ့နှင့်ကျက်သရေ ဆောင် ရွှေစလွယ်ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။ ကျောင်းသင်ပညာမရှိသော်လည်း ထူးခြားသော ဇွဲလုံ့လဝီရိယ တီထွင်ဉာဏ်နှင့်ပြည့်စုံ၍ လှေထိုးသားဘဝမှ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသူ။သူဌေးဖြစ်လာသော်လည်း ဘဝမမေ့ဘဲ လှေထိုးသားဘဝက အသုံးပြုခဲ့သည့် လှော်တက်ကိုရွှေချလျက် အိမ်တွင်ချိတ်ဆွဲထားသူ။ ထူးခြားမှုတစ်ရပ်မှာ အများအကျိုးအတွက် နေ့စဉ်နံနက် ၄ နာရီအိပ်ရာမှထကာ လက်ဆွဲမီးအိမ်ကိုင် ကုလားတပည့်ကလေးနှင့်အတူ မြို့ကိုလှည့်၍ အရပ်သားတို့၊ ရွာသားတို့၊ ထကြလော့၊ ရေထဲတွင် ငွေတွေမျှောနေသည် ဆယ်ယူကြလော့ဟု ဆော်ဩလေ့ရှိသူ စသည့်ကောင်းသတင်း အဖုံဖုံနှင့်ပြည့်စုံသော စွန့်စားတီထွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ဦးရဲကျော်သူကို ၁၈၃၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ … Read more