ယခု social media မွာမၽွေဝခဲ့တဲ့အမ်ိဳးသမီးဟာ၊သူမရဲ့အေၾကာင္းေလးကိုယခုလိုပဲပိုစ့္တင္ခဲ့တဲ့အခါမွာေတာ့ဖတ္မိသူတိုင္းကိုပီတိျဖစ္ေစခဲ့ပါတယ္။ သူမဟာငယ္စဥ္တည္းက၊မိခင္ျဖစ္သူသူမတို႔သားအဖကိုစြန႔္ပစ္ပီးအျခားေယာက္်ာတစ္ေယာက္ယူလိုက္တာေၾကာင့္၊သူမဟာဖခင္နဲ႔အတူအဖိုးအဖြားအိမ္မွာေနခဲ့ရပါတယ္။ သူမရဲ့ဖခင္ကေန႔စဥ္အလုပ္သြားရတာေၾကာင့္၊သူမဟာအဖိုးအဖြားတို႔ရဲ့ေဝယ်ာဝိစၥအျပင္အိမ္မႈကိစၥကိုပါငယ္ငယ္ရြယ္ရြယ္နဲ႔လုပ္တတ္ခဲ့ပါတယ္။ သူမတို႔မိသားစုဟာဆင္းရဲတာေၾကာင့္တေန႔လုပ္တေန႔စားဘဝနဲ႔သာေနထိုင္ခဲ့ရပါတယ္။ ထို႔ေနာက္အသက္ရြယ္ရလာတဲ့အခါမွာေတာ့သူမရဲ့ခင္ပြန္းဆိုသူနဲ႔အိမ္ေထာင္က်ခဲ့ပီး၊ေယာကၡမအိမ္မွာပဲအတူေနထိုင္ခဲ့ပါတယ္။ ထို႔ေနာက္မိခင္နဲ႔အတူမေနထိုင္လိုက္ရတဲ့သူမရဲ့ဘဝေၾကာင့္၊သူမဟာေယာကၡမဆိုသူကိုမိခင္ရင္းသဖြယ္ျပဳစုေစာင့္ေရွာက္ရင္းေနထိုင္ခဲ့ပါတယ္။ ထို႔ေနာက္ေယာကၡမျဖစ္သူဟာ၊သူမကိုေရွးေဟာင္းစဉ့္အိုးကိုအမွတ္တရေပးခဲ့တာေၾကာင့္၊သူမအေနနဲ႔တျမတ္တနိုးသိမ္းထားခဲ့ပါတယ္။ သူမရဲ့ေယာကၡမေသဆုံးပီးငါးႏွစ္အၾကာမွာေတာ့၊သူမဟာအိမ္သန႔္ရွင္းေရးလုပ္ေနရင္းစဥ္အိုးကိုမေတာ္တဆတိုက္မိခဲ့တာေၾကာင့္ထိုစဉ့္အိုးႀကီးကြဲသြားခဲ့ရပါတယ္။ ထိုအခ်ိန္စဉ့္အိုးကြဲထဲကထြက္က်လာတာက၊ဘဏ္စာအုပ္တအုပ္နဲ႔သူမနာမည္နဲ႔ေရးထားတဲ့စာတစ္ေစာင္ကိုအံ့အားႀကီးစြာေတြ႕ရွိခဲ့ပါတယ္။ ထို႔ေနာက္စာေလးဖြင့္ဖတ္ၾကည့္တဲ့အခါမွာ”သမီးအတြက္အေမလုပ္ေပးနိုင္တာေလးပါ။ေငြပမာဏမမ်ားေပမဲ့အသုံးေတာ့ဝင္မွာပါ”ဆိုတဲ့စာတေစာင္နဲ႔အတူ၊ ေယာကၡမျဖစ္သူဟာသူမအတြက္စုထားတဲ့ဘဏ္စာအုပ္ေလးလုပ္ထားေပးခဲ့တာကိုသိရွိလိုက္ရတယ္လို႔ဆိုပါတယ္။ သူမအေနနဲ႔ေတြးမိတာကေတာ့၊ေယာကၡမျဖစ္သူဟာသားသမီးေတြရဲ့မနာလိုမႈရွိခဲ့မွာစိုးလို႔ယခုလိုမသိေအာင္သူမကိုသမီးရင္းသဖြယ္ခ်စ္ျမတ္နိုးပီး၊ တတ္နိုင္သေလာက္လုပ္ေပးခဲ့ရွာပါလားဆိုပီးဝမ္းနည္းဝမ္းသာျဖစ္ခဲ့ရတယ္ဆိုတဲ့အေၾကာင္းေလးကို၊ယခုလိုပဲမၽွေဝခဲ့ပီးေစတနာမွန္ရင္အက်ိဳးေပးမွာပါဆိုတဲ့ message ေလးကိုေပးခဲ့ပါတယ္။ Bam Bam (Cele Angle) Unicode Version ယခု social media မှာမျှဝေခဲ့တဲ့အမျိုးသမီးဟာ၊သူမရဲ့အကြောင်းလေးကိုယခုလိုပဲပိုစ့်တင်ခဲ့တဲ့အခါမှာတော့ဖတ်မိသူတိုင်းကိုပီတိဖြစ်စေခဲ့ပါတယ်။ သူမဟာငယ်စဉ်တည်းက၊မိခင်ဖြစ်သူသူမတို့သားအဖကိုစွန့်ပစ်ပီးအခြားယောက်ျာတစ်ယောက်ယူလိုက်တာကြောင့်၊သူမဟာဖခင်နဲ့အတူအဖိုးအဖွားအိမ်မှာနေခဲ့ရပါတယ်။ သူမရဲ့ဖခင်ကနေ့စဉ်အလုပ်သွားရတာကြောင့်၊သူမဟာအဖိုးအဖွားတို့ရဲ့ဝေယျာဝိစ္စအပြင်အိမ်မှုကိစ္စကိုပါငယ်ငယ်ရွယ်ရွယ်နဲ့လုပ်တတ်ခဲ့ပါတယ်။ သူမတို့မိသားစုဟာဆင်းရဲတာကြောင့်တနေ့လုပ်တနေ့စားဘဝနဲ့သာနေထိုင်ခဲ့ရပါတယ်။ ထို့နောက်အသက်ရွယ်ရလာတဲ့အခါမှာတော့သူမရဲ့ခင်ပွန်းဆိုသူနဲ့အိမ်ထောင်ကျခဲ့ပီး၊ယောက္ခမအိမ်မှာပဲအတူနေထိုင်ခဲ့ပါတယ်။ ထို့နောက်မိခင်နဲ့အတူမနေထိုင်လိုက်ရတဲ့သူမရဲ့ဘဝကြောင့်၊သူမဟာယောက္ခမဆိုသူကိုမိခင်ရင်းသဖွယ်ပြုစုစောင့်ရှောက်ရင်းနေထိုင်ခဲ့ပါတယ်။ ထို့နောက်ယောက္ခမဖြစ်သူဟာ၊သူမကိုရှေးဟောင်းစဉ့်အိုးကိုအမှတ်တရပေးခဲ့တာကြောင့်၊သူမအနေနဲ့တမြတ်တနိုးသိမ်းထားခဲ့ပါတယ်။ သူမရဲ့ယောက္ခမသေဆုံးပီးငါးနှစ်အကြာမှာတော့၊သူမဟာအိမ်သန့်ရှင်းရေးလုပ်နေရင်းစဉ်အိုးကိုမတော်တဆတိုက်မိခဲ့တာကြောင့်ထိုစဉ့်အိုးကြီးကွဲသွားခဲ့ရပါတယ်။ ထိုအချိန်စဉ့်အိုးကွဲထဲကထွက်ကျလာတာက၊ဘဏ်စာအုပ်တအုပ်နဲ့သူမနာမည်နဲ့ရေးထားတဲ့စာတစ်စောင်ကိုအံ့အားကြီးစွာတွေ့ရှိခဲ့ပါတယ်။ ထို့နောက်စာလေးဖွင့်ဖတ်ကြည့်တဲ့အခါမှာ”သမီးအတွက်အမေလုပ်ပေးနိုင်တာလေးပါ။ငွေပမာဏမများပေမဲ့အသုံးတော့ဝင်မှာပါ”ဆိုတဲ့စာတစောင်နဲ့အတူ၊ ယောက္ခမဖြစ်သူဟာသူမအတွက်စုထားတဲ့ဘဏ်စာအုပ်လေးလုပ်ထားပေးခဲ့တာကိုသိရှိလိုက်ရတယ်လို့ဆိုပါတယ်။ သူမအနေနဲ့တွေးမိတာကတော့၊ယောက္ခမဖြစ်သူဟာသားသမီးတွေရဲ့မနာလိုမှုရှိခဲ့မှာစိုးလို့ယခုလိုမသိအောင်သူမကိုသမီးရင်းသဖွယ်ချစ်မြတ်နိုးပီး၊ တတ်နိုင်သလောက်လုပ်ပေးခဲ့ရှာပါလားဆိုပီးဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို၊ယခုလိုပဲမျှဝေခဲ့ပီးစေတနာမှန်ရင်အကျိုးပေးမှာပါဆိုတဲ့ message လေးကိုပေးခဲ့ပါတယ်။ Bam Bam (Cele Angle)