သီးနှံများ၏အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန်အတွက် “အကျိုးပြုအဏုဇီဝဖျော်ရည် (EM) ပြုလုပ်နည်း”
သီးနှံများ၏အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေရန်အတွက် “အကျိုးပြုအဏုဇီဝဖျော်ရည် (EM) ပြုလုပ်နည်း” ➡️အကျိုးပြုအဏုဇီဝဖျော်ရည် (EM) ဆိုသည်မှာ မြေဆီလွှာအတွင်းရှိ သီးနှံပင်တို့၏ ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြု အဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။ ➡️အီးအမ်ထဲတွင် သီးနှံပင်အတွက် လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပေးသော အဏုဇီဝများ၊ အစာနှင့် ရေစုပ်ယူမှုကို အားပေးသော အဏုဇီဝများ၊ အပင်အစာချက်မှုကို အားပေးသော အဏုဇီဝများ၊ မြေထဲရှိ ဩဂဲနစ်ပစ္စည်းများ(သီးနှံအကြွင်းအကျန်များ) ကို လျင်မြန်စွာချေဖျက်၍ အပင်အတွက် အသုံးဝင်သော အာဟာရဓါတ်များထုတ်ပေးသည့် အဏုဇီဝများ၊ မြေထဲရှိရောဂါပိုးများကို ရှင်းလင်းပေးသော အဏုဇီဝများ ပါဝင်ပါသည်။ ➡️အီးအမ်ကို မြေထဲသို့ထည့်သွင်းပေး၍ သင့်တော်သော အစိုဓါတ်ရှိအောင် ဆောင်ရွက်ပေးပါက အီးအမ်ထဲရှိ အဏုဇီဝများ မြေထဲတွင် ပွားများလာပြီး … Read more