ကွမ်းယာဆိုင်ဖွင့်၍ စီးပွားရှာလိုသူများအတွက် လက်တွေ့နည်းလမ်းကောင်း
ကွမ်းယာဆိုင်ဖွင့်၍ စီးပွားရှာလိုသူများအတွက် နည်းလမ်းကောင်း ကွမ်းဝယ်ရာတွင် စီးပွားရေးအမြင်အရ ကွမ်းရွက်သေးသေးကိုသာ ဝယ်ရမည်။ အရွက်သေးပါက ပိဿာလိုက် ဝယ်ယူရာတွင် ရွက်ရေများများပိုရသဖြင့် ကွမ်းယာ အထွက်ပိုခြင်းကြောင့်ဖြစ်သည်။ ကွမ်းရွက်ကို အရင်း(အရိုး)ဘက်နှင့်အဖျားဘက်ကို ညှပ်ထားရသည်။ ကွမ်းရွက်ကို ရေဆေးပြီး ဒိန်ချဉ်နှင့်စိမ်ကာ ကွမ်းဘန်းထဲတွင် ညီညီညာညာ မျှတ လှပအောင် စိမ်ထား နှပ်ထားပါက မိမိဆိုင်မှ ကွမ်းယာကိုစားလိုက်သည်နှင့် နုနုညံ့ညံ့ အရသာကို ရရှိစေပြီး စားသုံးသူများ အကြိုက်တွေ့စေမည် ဖြစ်ပါသည်။ ထုံး ထုံးစပ်နည်းအလွယ်နည်း။။ ကွမ်းယာ ပစ္စည်းဆိုင်မှ အသင့်ဖောက်ထားသော ထုံးဗူး (ရေသန့်ဗူးနှင့်) ထည့်ထားသော ထုံးဗူး သိုမဟုတ် အထုတ်ကိုဝယ်ပါ အုန်းနို့(စတိုးဆိုင်မှာ အသင့်သုံးရှိ) မိမိကုန်လောက်မည့်ပမာဏကိုချိန်ပြီး ထုံး ၅ကျပ်သားကို ထမင်းစားဇွန်းဖြင့်အုန်းနို့ တစ်ဇွန်းနှုန်းထည့်ပါ ဟင်းချိုမှုံ့ကို အမှုံဖြသ်သည်ထိ ကျိတ်ပြီး ထုံး၅ကျပ်သားကို … Read more