ကားနဲ့ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာလေးများ

ကားနဲ့ပတ်သက်ပြီး သိထားသင့်သော အကြောင်းအရာလေးများ Q ညဘက်မောင်းတဲ့အခါ ဘက်မှန်ကနေ နောက်ကားမီးစူးတယ်။ A ဘက်မှန်ရဲ့အောက်က ခလုပ်လေးကိုဆွဲလိုက်ပါ။ နေ့ဘက်မောင်းရင် ပြန်တွန်းထားပါ။ Q ကားလက်ကိုင်ဂွေက အဆင်မပြေဘူး။ A လက်ကိုင်ဂွေအောက်က ခလုပ်ကိုဆွဲပြီးလိုသလိုပြုပြင်ပါ။ ခလုပ်ကိုသေသေချာချာပြန်ဖိပါ။ (သတိ – ကားမောင်းနေစဉ် မလုပ်ရ) Q ဒိုင်ကွက်ထဲကမီးက လင်းလွန်းတယ်။ A ညမီးသေးဖွင့်ပါ။ ဒိုင်ကွက်ရှေ့က ခလုပ်လေးထိပ်ကိုလှည့်ပြီးချိန်ပါ။ Q ရှေ့မှန်ကြီး ရေငွေ့ရိုက်တယ်။ A အဲကွန်းဖွင့်ပါ။ Q အတွင်းခေါင်မိုးက ခဏလေး ညစ်ပတ်သွားတယ်။ A မှန်ပိတ်မောင်းပါ။ Q ဖိနပ်စီးမောင်းသင့်လား? ဖိနပ်ချွတ်မောင်းသင့်လား? A သာမန်အားဖြင့် ဖိနပ်စီးမောင်းသင့်ပါတယ်။ ဖိနပ်အပါအဝင် ရေသန့်ဘူးနဲ့ အခြားအရာတွေ ဘရိတ်နဲ့လီဘာမှာညှတ်ပြီး အန္တရယ်ဖြစ်နိုင်ပါတယ်။ Q ရှေ့မီးကြီးဖွင့်တာ နှစ်ဘက်လုံးမလင်းဘူး။ … Read more

ကိုယ့်အိမ်ကမီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းရှိတယ် မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိထားပါ

ကိုယ့်အိမ်ကမီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းရှိတယ် မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိထားပါ ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင်အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်း ဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့ မီတာမှာ တစ်ယူနစ်တက်အောင် ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာသုံးရင် တက်လဲ သုံးရမလဲ? ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လား?TVလေးတစ်နေ့မှတစ်နာရီလောက်ကြည့်တာ ငွေအားဖြင့်ဘယ်လောက်ကုန်သွားလဲ စက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောက်တက်သွားမလဲ ? တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေကစက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ်ထင်နေတာ ဘယ်လိုပြန်ပြောပြရပါ.မလဲစတာတွေကို လူအများရှင်းအောင်နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲပြောကြည့်ချင်ပါတယ် မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင်မီတာမှာ တစ်ယူနစ် 1 unit တက်မယ်(အော်တိုပိတ်ပိတ်သွားချိန်မပါ)ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာWatt 1000 ရှိလို့ Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်တစ်ယူနစ် တက်တယ်အဲ့ဒါက ဖော်မြူလာပဲ … Read more

“ရေဂါလံတွက်နည်း” အသုံးဝင်လာနိုင်တာမို့ မှတ်ထားပါ

“ရေဂါလံတွက်နည်း” အသုံးဝင်လာနိုင်တာမို့ မှတ်ထားပါ ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်။ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။ ၄.၅၄လီတာ = (၁)ဂါလံ /တစ်တန် = ၂၂၄၀ပေါင် /၁ပီပါ = (၅၀)ဂါလံ ဥပမာ။ ။၎’x၄’x၄’ အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင် 4’×4’×4′ = 64cuft (၆၄ကုဗပေရမည်) ၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့ ၆.၂၂၉ဂါလံနဲ့ မြှောက်ရင်… 64cuft ×6.229gal/ cuft = 398.656gal အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ… ၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့ 400gal x 10 lb/gal = 4000lb ပေါင် ၄၀၀၀ ပေါ့နော်။ … Read more

ငါးကြီးအန်ဖက်ဟာ ဘာလို့ရွှေထက်တန်ဖိုးကြီးရသလဲ…ဘာတွေအသုံးဝင်လို့လဲ…?

ငါးကြီးအန်ဖက်ဟာ ဘာလို့ရွှေထက်တန်ဖိုးကြီးသလဲ… ဘာတွေအသုံးဝင်လို့လဲ… တချို့က ငါးကြီးအန်ဖက် ကို ငါးကြီးက အန်ထုတ်တာလို့ ထင်နေကြပါတယ်။ တကယ်က အစာခြေတဲ့ စနစ်ကနေ စွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာ ဖြစ်ပါတယ်။ ဒါကို အလွယ်အားဖြင့် ငါးကြီးအန်ဖက် လို့ ခေါ်ကြတာပါ။ တကယ်က ချေးအဆင့် မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဝေလငါးချေး (Whale poo) လို့ ခေါ်ကြပါတယ်။ Ambergris လို့ နောက်တိုင်း က ပိုသိပါတယ်။ တချို့က ငါးကြီးအန်ဖက်ကို ငါးသုတ်ပိုးက ဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့် အဲဒါ မှားပါတယ်။ ဒီလို အမှတ်မှားရခြင်းရဲ့ ဖြစ်နိုင်ဖွယ်အချက်ကတော့ ဒီငါးကြီးအန်ဖက်ကို ထုတ်လုပ်နိုင်တဲ့ ငါးဟာ Sperm Whale လို့ခေါ်တဲ့ ဝေလငါးမျိုးရင်းတစ်ခု ကပဲ ထုတ်လုပ်နိုင်တာပါ။ … Read more

မြေသြဇာကျွေးတဲ့အခါ အသက်သာဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်ဖို့ လုပ်ဆောင်ရမည့် လိုအပ်ချက်များ

မြေသြဇာကျွေးတဲ့အခါ အသက်သာဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံးဖြစ်ဖို့ လုပ်ဆောင်ရမည့် လိုအပ်ချက်များ မြေသြဇာ ပေးတဲ့နေရာမှာ အတော်များများက မှားယွင်းမှုတွေရှိကျတယ်။ မြေသြဇာ ပေးရာမှာ မှားယွင်းတတ်တဲ့ အကြောင်းအချက်များ— မြေသြဇာ ပေးနည်းမှားယွင်းတတ်တယ်။မြေသြဇာ ပေးတဲ့နေရာမှားယွင်းတတ်တယ်။ မြေသြဇာ ပေးတဲ့အချိန်ကာလမှားယွင်းတတ်တယ်။မြေသြဇာ ပေးတဲ့ အရေအတွက်မှားယွင်းတတ်တယ်။ မြေသြဇာ အပင်နဲ့သင့်တော်တဲ့ အမျိုးအစားပေးတာ မှားယွင်းတတ်တယ်။မြေသြဇာ ပေးနည်းမှန်ကန်ဖို့လိုအပ်ချက်များ မြေကြီးရေစိုနေချိန်မှာ ထည့်ပေးတာ ပိုကောင်းတယ်။ ဒါမှမဟုတ် ရေဖျော်ပြီး ဖြန်းပေးတာ ပိုထိရောက်တယ်။ စပါးစိုက်တောင်သူတွေ ရေဒူးလောက်ရှိတဲ့နေရာမှာ မြေသြဇာထည့်ပေးရင် ထိရောက်မှုနည်းမယ်။ ထိရောက်မှုရှိအောင် မြေသြဇာများများထည့်ပေးရင် အကုန်ကျများပါမယ်။ အထူးသဖြင့် ရေ၀င်ပေါက် ထွက်ပေါက်ရှိနေတဲ့လယ်ခွက်မှာ မြေသြဇာ ထည့်ပေးရင် မြေသြဇာတွေ ရေနဲ့မျှောပါသွားမယ်။ ရေများတဲ့လယ်ခွက်မှာ မြေသြဇာကို မြေမှာ မပေးပဲ အရွက်ကိုဖြန်းတဲ့ မြေသြဇာကို သုံးတာ ပိုကောင်းပါတယ်။ … Read more