သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင် ဒါတွေလုပ်ပေးပါ

သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင် ဒါတွေလုပ်ပေးပါ သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ…? သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။ ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။ ၁။ နေရောင်ခြည် သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။ ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်​​ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။ ၂။ ရေ အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ … Read more

သိသိသာသာ ဈေးရောင်းလို့ကောင်းစေသော ယတြာလုပ်နည်း

သိသိသာသာ ဈေးရောင်းလို့ကောင်းစေသော ယတြာလုပ်နည်း သိသိသာသာဈေးရောင်းလို့ကောင်းစေသောယတြာလုပ်နည်း ဈေးဆိုင်များအရောင်းဝယ်အထူးရွှင်ရန်အလွန်အစွမ်းထက်သောနည်း ဖန်ခွက်အကြည်၁လုံးထဲရေတဝက်ကျော်ခန့်ထည့်ပြီး အနာကင်းသောသံပရာသီးအဝါ ၁လုံးအားယာဖက်လက်ဖြင့်ကိုင်ကာ ရှင်သီဝလိဂါထာတော်၁၁ကြိမ်ရွတ်ကာဖန်ခွက်ထဲထည့်လိုက်ပါ ဆိုင်အမြင့်တနေရာလူမြင်နိင်သောသင့်တော်ရာနေရာတွင်ထားပါ မှတ်ချက်သံပရာသီးသည်ရေပေါမပေါဘဲရေအောက်ရောက်ပါက မအောင်မြင်ပါ ထိုသံပရာသီးအားသစ်ပင်တပင်အောက်ပြစ်ပြီးရေနင့်ခွက်အားအသစ်ပြုစရာမလိုဘဲ အခြားသံပရာသီး၁လုံးဖြင့်ရှင်သီဝလိဂါထာ၁၁ကြိမ်ရွတ်ပြီးထည့်ပါ… ရှင်သီဝလိဂါထာတော် (၁)သီဝလိစမဟာနာမံ၊သဗ္ဗလာဘံဘဝိဿတိ။ထေရဿအာနုဘာဝေန၊သဗ္ဗေဟောန္တု ပိယံမမ။ (၂)သီဝလိစမဟာဝီရော၊ယေယေပဿန္တုမံပိယံတေတေပဿန္တုပရမံ၊ဇနပဒါပူဇယန္တု။ (၃)သီဝလိနာမထေရေန၊မမသီသေဌပေတွာန၊ဇမ္ဗူဒီပမန္ဓလေန၊ဇယောမန္တာသုခါဝဟံ။ (၄)သီဝလိစမဟာနာမံ၊ဣန္ဒာဒေဝါသဗြဟ္မကာ။မနုဿပုရိသောဣတ္ထိ၊မဟာလာဘံဘဝိဿတိ။ (၅)သီဝလိစမဟာလာဘံ၊နာနာဒေဟိဝရံဝရံ။ဣဒမ္ပိပူဇာတံဒေတိ၊မဟာသုခံဘဝိဿတိ။ (၆)ဝဏ္ဏံဒန္တံသုခံ ကိတ္တိ၊အနာမယံဘဝေဘဝေ။ဒေဝဓိတာ၊သဗ္ဗကောဓံဝိနဿန္တု။ (၇)သီဝလိစမဟာလာဘံ၊သဗ္ဗလာဘံဘဝိဿတိ။ထေရဿအာနုဘာဝေန၊သဒါဟောတုပိယံမမ။ (၈)သီဝလိစမဟာထေရော၊ယေယေပဿန္တုမံပိယံ။တေတေပဿန္တုမံပိယံ၊ဇနပ္ပဒံပူဇယန္တု (၉)သီဝလိစမဟာထေရောမမသီသေဌပေတွာနမန္တိတေဇဇယောမန္တံ၊အဟံဝန္ဒာမိသဗ္ဗဒါ။ (၁၀)သီဝလိစမဟာထေရော၊ဒေဝမနုဿပူဇိတော၊သောရဟောပစ္စယာဒီနံ၊မဟာလာဘံကရောတုမေ။ ဈေးဆိုင်များအရောင်းဝယ်အထူးရွှင်ရန်အလွန်အစွမ်းထက်သောနည်းဖန်ခွက်အကြည်၁လုံးထဲရေ တဝက်ကျော်ခန့်ထည့်ပြီး အနာကင်းသောသံပရာသီးအဝါ၁လုံးအားယာဖက်လက်ဖြင့်ကိုင်ကာ ရှင်သီဝလိ ဂါထာတော်၁၁ကြိမ်ရွတ်ကာဖန်ခွက်ထဲထည့်လိုက်ပါ ဆိုင်အမြင့်တနေရာလူမြင်နိင်သောသင့်တော်ရာနေရာတွင်ထားပါ မှတ်ချက်သံပရာသီးသည်ရေပေါမပေါဘဲရေအောက်ရောက်ပါကမအောင်မြင်ပါထိုသံပရာသီးအား သစ်ပင်တပင်အောက်ပြစ်ပြီးရေနင့်ခွက်အားအသစ်ပြုစရာမလိုဘဲ အခြားသံပရာသီး၁လုံးဖြင့်ရှင်သီဝလိ ဂါထာ၁၁ကြိမ်ရွတ်ပြီးထည့်ပါ ရေပေါ်မပေါ်မချင်းသံပရာသီးအသစ်ဖြင့်ဂါထာအား၁၁ကြိမ်ရွတ်ပြီးပြုလုပ်ပါ မိမိကံအနေထားကိုလက်တွေ့သိနိင်ပါသည် အချို့သည်သံပရာသီး၈ လုံးမြောက်တွင်ရေပေါ်ပေါ်ပါသည် အချို့ သည်စပြူလုပ်သော ၁လုံးထဲဖြင့်ရေပေါ်ပေါ်ပါသည်အချို့သည်အလုံးရေများစွာပြုလုပ်ပြီးမှရေပေါ်ပေါ်ပါသည်၁နေ့ ၁၁လုံးထက်ပိုမလုပ်ရပါ ၁၁ လုံးပြူလုပ်သောလည်းရေပေါ်မပေါ် ပါကနောက်နေ့မှပြုလုပ်ပါရန်။ သီဝလိစမဟာထေရောဒေဝ မနုဿပူဇိတောသောရဟောပစ္စယာဒိနံမဟာလာဘံကာရောတုမေ ။ ”ထိုဂါထာအားဖယောင်းတိုင်အခြေမှစ၍အချွန်တစ်ခုခုဖြင့်ရေးပါ။သန့် သောအချွန်ဖြစ်ပါစေ။ အချွန်ကိုလည်း သနချေသိဒ္ဓိတင်ဂုဏ်တော်ရွတ်ပါ။ … Read more

အကြွေးမရတာ ငွေလိုတာ ငွေကြေးကိစ္စအရေးကြီးပြသနာအဆင်ပြေစေမည် မယုံမရှိ အမှန်လုပ်ရမည့်ယတြာ

အကြွေးမရတာ ငွေလိုတာ ငွေကြေးကိစ္စအရေးကြီးပြသနာအဆင်ပြေစေမည် မယုံမရှိ အမှန်လုပ်ရမည့်ယတြာ ငွေ​ကြေးကိစ္စအ​ရေးကြီး​သော် အ​ကြွေးကိစ္စအ​ရေးကြီး​သော် ငွေအလိမ်ခံရသော် ..ဒီယတြာလုပ်ပါလေ အကြွေးရစရာရှိ တဲ့သူ​ရော ပေးစရာရှိတဲ့သူ​ရောလုပ်လို့ရပါတယ်… လင်ဗန်းတစ်ချပ်မှာ ထုံးဖြင့်ငါး​ထောင့်ကြယ်ဆွဲ၊ ဖ​ယောင်းတိုင်(၅ )တိုင်စိုက်အလယ်မှာဖန်ခွက်တင်​ ရေတစ်ဝက်ထည့် ကွမ်းရွက်နှစ်ရွက်ထည့် ကွမ်းရွက်ထည့်တဲ့အခါမှာ အရိုးကို အောက်ကထားပါ ပြီးရင်မြတ်စွာဘုရားကိုလှူဒါန်းပြီး​လျင်​ငွေ​ကြေးကိစ္စ အမြန်အဆင်​ပြေဖို့ဆု​တောင်းပါ ။ မည်သည့် နေ့နံသားသမီးမဆို လုပ်လို့ရပါသည်။ နေ့တိုင်း လုပ်လို့ရပါတယ် အချိန်မလိုပါဘူး အချိန်အတိအကျနဲ့လုပ် ချင်ရင်မိမိ​မွေး​နေ့မနက်​ပိုင်း၉ နာရီနဲ့၄၅မိနစ်အချိန်အခါမှာ စလုပ်ပါ… ဖ​ယောင်းတိုင်ကို နေ့စဉ်ထွန်းသွားလို့ရပါတယ် ( ၇ )ရက်တိတိလုပ်ကြည့်ပါ…။ ရက်ပြည့်သွားလို့ ထပ်လုပ်ချင်လဲရပါတယ်…။ ကွမ်းရွက်​တွေ က​တော့ နွမ်းသွားရင်လဲ​ပေးပါ တစ်​နေ့တစ်ခါ လဲလို့လည်း ရပါတယ်…။ Credit to ဆရာသာထက်ဆန်း Unicode Version အကြွေးမရတာ ငွေလိုတာ ငွေကြေးကိစ္စအရေးကြီးပြသနာအဆင်ပြေစေမည် … Read more

မိခင်အတွက် ငွေတစ်ပြားမှမထုတ်တဲ့ သားဖြစ်သူရဲ့ စိတ်သဘောထားအမှန်ကို မေးကြည့်လိုက်သောအခါ

ချစ်ပရိသတ်ကြီးရေ လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာပါနော်…။ မိဘနှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်…။ ဖခင်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတာမလို့သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြတာပါ…။ တကယ်တော့ ဖခင်တွေကလည်း သားသမီးတွေကို ချစ်ကြပါတယ်။ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ သားအတွက် အမြဲစဉ်းစားပေးတဲ့ မိခင်နဲ့ မိခင်မသိအောင် နောက်ကွယ်ကအမြဲဂရုတစိုက်ရှိတဲ့သား သူတို့သားအမိ နှစ်ယောက်အကြောင်းလေးပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ သန်းကြွယ်သဌေးကြီးက သူ့အမေကိုသွားတုစိုက်ပေးဖို့အတွက် အကောင်းဆုံးသွားဆရာဝန်စီကိုခေါ်သွားပါတယ်။ ဆရာဝန်က အမေကြီးကိုသေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကိုထုတ်ပြပါတယ်။ အမေကြီးက ဈေးမေးလိုက်တယ် ပြီးတော့ ခေါင်းခါပြပြီး ဈေးအပေါဆုံးကိုပြခိုင်းပါတယ်။ ဆရာဝန်က သူ့သားကဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာသုံးဖို့အတွက် သူ့သားဘောစိကိုမျက်ရိပ်မျက်ကဲပြလိုက်တယ်…ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။ ဆရာဝန်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီးဟိုဖက်တောင်လှည့်သွားလိုက်သေးတယ်။ ဆရာဝန်စိတ်ထဲမှာတော့ ဒီကောင် ဘယ်လိုကောင်လည်းကွ ဒီလောက်ချမ်းသာနေတာကိုတောင် သူ့အမေအတွက် … Read more

စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ဟုမေးလိုက်သောအခါ…

စိတ်မနှံ့ပေမယ့် မိခင်အိုကြီးကို လုပ်ကျွေးနေတဲ့သားကြီးကို ဘာလို့ မိခင်ကို လုပ်ကျွေးနေတာလဲ ဟုမေးလိုက်သောအခါ… သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဘူးဆိုသလို မိခင်ဆိုး ဖခင်ဆိုးဆိုရင်လည်း သားသမီးတွေနဲ့ ဆိုင်ပါတယ်။ မိဘနဲ့သားသမီးတွေဆိုတာ တစ်ဦးနဲ့တစ်ဦး ပစ်ပယ်ဖို့မသင့်တဲ့ အရင်းနီးဆုံးသော လူသားတွေ ဖြစ်ကြပါတယ်။ အခုလည်း အသက် ၅၀ အရွယ်သားကြီးတစ်ယောက် မိခင်ကို တစ်ဦးတည်း လုပ်ကျွေးနေရပါတယ်။ သူကိုယ်တိုင်က ဇရာဘက်ကို ခြေတစ်လှမ်း လှမ်းလာနေပြီဖြစ်တဲ့ သားကြီးဟာ သူ့ရဲ့အသက် ၉၀ အရွယ် မိခင်ကြီးကို ပြုစုလုပ်ကျွေးနေရတာပါ။ သားဖြစ်သူဟာ စိတ်လည်း သိပ်မနှံ့ပေမယ့် သူ့မှာ မိဘကို ပြုစုလုပ်ကျွေးမယ်ဆိုပြီး အသိစိတ်ဓာတ်ရှိနေတာ အလွန် ချီးကျူးစရာပါ။ ဘာလို့ မိခင်ကြီးကို လုပ်ကျွေးနေတာလဲ အမေးခံရတိုင်း ကျုပ်အမေမို့ပေါ့ ကျုပ်က သူ့သားမို့ သူ့ကို လုပ်ကျွေးဖို့ ဝတ္တရားအပြည့်ရှိတယ် … Read more

အမာရွတ် ပျောက်စေသော နည်းလမ်းလေးများ

အမာရွတ် ပျောက်စေသော နည်းလေးများ အမာရွတ် ပျောက်နည်း ၁။ သံပုရာသီး သံပုရာသီးဆိုတာ သဘာဝအလျောက် citric အက်ဆစ်ကြွယ်ဝပြီး အရေပြားဆဲလ်သေတွေကို ကူညီဖယ်ရှားပေးနိုင်ပါတယ်။ နောက်ပြီး တင်းရင်းချောမွေ့နေတဲ့ အသားအရေလေး ပြန်လည်ရရှိလာအောင် ဆဲလ်သစ်တွေပြန်လည်ဖြစ်ပေါ်လာစေဖို့ကိုလည်း ထောက်ပံ့အားပေးပါတယ်။ ဒါကြောင့် သံပုရာသီးဆိုတာ အရေပြားပေါ်ကအမာရွတ်တွေကို ဖယ်ရှားဖို့အတွက် သဘာဝချွတ်ဆေးတစ်မျိုးပါပဲ။ ပြုလုပ်နည်းကတော့ သံပုရာရည် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းစာခန့်ကို ခွက်တစ်ခွက်ထဲထည့်ပြီး ဂွမ်းစလေးတစ်ဖတ်နဲ့ တို့လိုက်ပါ။ ပြီးရင် အဲဒီသံပုရာရည်နဲ့ ခြေသလုံး၊ ဒူးပေါ်က အမာရွတ်တွေကို လိမ်ပေးလိုက်ပါ။ အဲဒီအတိုင်း (၁၀) မိနစ်လောက်ထားပြီးမှ ရေနွေးနွေးလေးနဲ့ ပြန်ဆေးချပေးလိုက်ပါ။ ၂။ ပျားရည် ပျားရည်ဆိုတာ သဘာဝ moisturizer (အစိုဓာတ်ထိန်းညှိဆေး) တစ်မျိုးဖြစ်ပြီး အမာရွတ်တွေကိုကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။ အရေပြားပေါ်ကအမာရွတ်တွေကို ပျားရည်နဲ့ကုသပေးဖို့က အာနိသင်အလွန်ထိ ရောက်ပါတယ်။ … Read more