လာမည့် ၂၉ ရက်နေ့ညသန်းခေါင်မှာဝင်လာနိုင်မယ့် မုန်တိုင်းနဲ့ ဖြတ်သွားမည့် ဒေသများ…

လာမည့် ဧပြီ ၂၉ ရက်မှာ မုန်တိုင်းဖြတ်သန်းမယ့် ဒေသများစာရင်းပါတဲ့…အားလုံး သတိထားနိုင်အောင်ဖတ်ပြီး မှတ်ထားကြပါနော်….. ဧပြီ ၂၉..ညသ န်းခေါင်ယံအချိန်တွင် စစ်တွေမြို့အောက်ဘက် မြေပုံမြို့ နှင့် ကျောက်ဖြူမြို့ ကြားလောက်မှနေ၍ကုန်းပေါ်သို့ ဝင်ရောက်နိုင်ပြီး … – မကွေးတိုင်းဒေသကြီး ကမ္မမြို့ကို လည်းကောင်းထိုမှတစ်ဆင့်စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အနီးသို့ လည်းကောင်း – အထက်ဘက်သို့ ဦးတည်ဖြတ်သန်းသွားနိုင်ပြီး ကမ္မမြို့အနီးတွင် လေတိုက်နှုန်း တစ်နာရီလျှင် ၇၅ ကီလိုမီတာခန့် – မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့အနီးတွင် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ ခန့် ရှိနိုင်ပြီး မုန်တိုင်းဖြတ်သန်းရာတလျှောက်တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင် သည်ဖြစ်သောကြောင့်– တောင်ကျရေပြင်းထန်စွာစီးဆင်းခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပြီး…. ပို၍သတိထားရန်မှာ မုန်တိုင်းဝင်မည့်အချိန်သည် ညဥ့်နက်သန်းခေါင် ကျော် ဖြစ်နေခြင်းဖြစ်ပါသည်….. … Read more

“လယ်ယာမဲ့ဖြစ်သွားတဲ့ ဖခင်တစ်ယောက်ရဲ့ ရင်နဲ့ရေးတဲစာ”

တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီး ကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။ သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုး သမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။ ဒါပေမယ့်လည်း ဘဝကံနုံချာလွန်းတဲ့ အတွက် ဆင်းဆင်းရဲရဲ့ ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။ ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ် ရောက်လာခဲ့တယ် ။ “ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။ “ အေးပါသမီးရယ် အဖေပိုင်တဲ့ လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကား … Read more

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း Monday, April 27, 2020

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၇)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း Monday, April 27, 2020 ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် နေရာကျဲကျဲမှ … Read more

ဒီ အလောင်းဟာ တိရစ္ဆာန်မဟုတ်ပါဘူးဗျ ကျွန်တော့် အဖေပါတဲ့…

ဒီ အလောင်းဟာ တိရစ္ဆာန်မဟုတ်ပါဘူး။ ကျွန်တော့် အဖေပါ အီကွေတာမျဉ်းက အဲဒီနိုင်ငံကို ဖြတ်သွားတာမို့ စပိန်လူမျိုးတွေက အီကွေဒေါလို့ခေါ်လိုက်ကြတယ်..။အီကွေဒေါရဲ့ နေ့တွေဟာ ပူပြင်းလှတာမို့ နေအေးတဲ့ ညနေခင်း ၅ နာရီလောက်ဆို အီကွေဒေါနိုင်ငံရဲ့ ဂွါယာကီးမြို့ ( Guayaquil ) ပန်းခြံတွေမှာ ကလေးတွေနဲ့ ပြည့်နှက် ဆူညံနေကြမြဲ..။ ၂၀၂၀ ပြည့်နှစ်၊ မေလကုန်ပိုင်းကစပြီး ကလေးတို့ရဲ့ရယ်သံတွေ တိတ်ဆိတ်ခဲ့ရပြီ..။ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်လို့ဖြစ်တယ်..။ဧပြီလရဲ့ ပထမ ရက်သတ္တပတ် ၂ ပတ်အတွင်းမှာ ဂွါယာကီးမြို့ ( Guayaquil ) အကြောင်း လူသိများလာတယ်။အလောင်းတွေနဲ့ နိုင်ငံလို့…။ အသက် ၇၁ နှစ်အရွယ် အီကွေဒေါ အမျိုးသမီးကြီးက စခဲ့တာပေါ့..။ အမျိုးသမီးကြီးက စပိန်နိုင်ငံရဲ့မက်ဒရစ်မြို့ကို သွားလည်တယ်။ ပြီးတော့ ဂွါယာကီးမြို့ကို ကိုရိုနာဗိုင်းရပ်စ်တွေနဲ့ အတူပြန်လာခဲ့တာပေါ့..။ … Read more

ကင်မ်ဂျုံအန်ရဲ့ သီးသန့်ရထား ဝန်ဆန် (Wonsan) ရထားဘူတာတွင်ရပ်တာကို ၂၁ ရက်နေ့ နဲ့ ၂၃ ရက်နေ့မှာ တွေ့တယ်လို့ တောင်ကိုရီးယားသတင်းတွေမှာ ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ရဲ့ နောက်ဆုံးရ အခြေအနေ… မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန် (Kim Jong-un) ကွယ်လွန်ပြီလို့ ပြောနေကြတယ်။ နယူးယောက်တိုင်းမ် သတင်းစာ၊ ဧပြီလ ၁၅ ရက်နေ့… ကင်မ်ဂျုံအန်က သူ့ရဲ့ အဘိုးမွေးနေ့ကို မတက်ရောက်ခဲ့တာက စတယ်။ မြောက်ကိုရီးယား ရုပ်မြင်သံကြားသတင်းထဲမှာ သမ္မတ ခဏလာသွားတယ်လို့ ကြေညာခဲ့ပေမဲ့ ဒီလိုအရေးကြီးပုဂ္ဂိုလ်ကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်ခဲ့တာ မရှိ..။ အဲဒီအချက်ဟာ လူတွေကို အတော် စိတ်ဝင်စားစေတယ်။ ဆိုးလ်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Daily NK ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ကင်မ်ဟာ နှလုံးခွဲစိတ်ကုသမှုလုပ်တယ် လို့ပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမအောင်မြင်တာလား။ အနားယူနေတာလား .. အမျိုးမျိုးထင်စေတယ်။ ဒီနေ့ “ Breaking News! Kim Jong Un ကွယ်လွန်သွားပြီ” … Read more

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ မိန်းကလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ဘူး … ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ မိန်းကလေးဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူတွေပါ … ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူ ရင်ခွင်မှာပါ … ။ ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး စိတ်မရှည်တတ်ကြဘူး မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ … ။ ဂရုစိုက်မှုမရှိရင် အချစ်က အလကားပဲလေ ချစ်တယ်ပြောပြီး … ပစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့်ဆိုရင် သွေးအေးအေးနဲ့ … Read more

သစ္စာဖောက်တဲ့ချစ်သူကို သတ်ပစ်ပြီး ဒံပေါက်ထဲ ထည့်ချက်ပစ်ခဲ့တဲ့ အမျိုး သမီး

သစ္စာဖောက်တဲ့ချစ်သူကို သတ်ပစ်ပြီး ဒံပေါက်ထဲ ထည့်ချက်ပစ်ခဲ့တဲ့ အမျိုး သမီး မိမိချစ်သူကို ပြန်သတ်ပြီး ဒံပေါက်လုပ်ကာ အလောင်းဖျောက်ပစ်တဲ့သတင်းဟာ UAE နိုင်ငံ မှာ လူပြောများနေခဲ့ပါတယ်။ ဒီသတင်းဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့ကစပြီး UAE ရဲတွေ စုံစမ်းစစ်ဆေးနေခဲ့တာလည်း ဖြစ်ပါတယ်။ Moroccan မျိုးနွယ်မှ ဆင်းသက်သာသူအမျိုးသမီးတစ်ဦးဟာ ချစ်သူကိုပြန်သတ်ပြီး ရက်ရက်စက်စက်အလောင်းဖျော်ပစ်မှုနဲ့ တရားစွဲဆိုခံနေရပါတယ်။ သေဆုံးသွားသူအမျိုးသားဟာ တရားခံအမျိုးသမီးနဲ့ ချစ်ကြိုက်နေခဲ့တာ (၇) နှစ်ကျော်လောက်ရှိနေပြီပဲဖြစ် ပါတယ်။ တွဲခဲ့တဲ့ ကာလတစ်လျှောက်လုံး အမျိုးသမီးဟာ အစစအရာရာအမျိုးသားကိုထောက်ပံ့ပေးပြီး စိတ်ရောလူရောနှစ်ချစ်ခဲ့ပေမယ့် အမျိုးသားကတော့ သူမအပေါ်သစ္စာမရှိခဲ့ပါ ဘူး။ တကယ်တမ်းလက်ထပ်ရမယ့်အချိန်ကျတော့မှ (၇) နှစ်လုံးလုံးပေးဆပ်ထောက်ပံ့ခဲ့တဲ့ သူမကို လက်မထပ်ဘဲ ဇာတိမြေမှအခြားမိန်းမတစ်ဦးကို လက်ထပ်ဖို့ စီစဉ်နေတာကို သိခဲ့ ရတာပါ။ ဒီအကြောင်းကို ကြားကြားချင်းမှာတင် အမျိုးသမီးဟာဒေါသမထိန်းနိုင်ဘဲ … Read more

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်က နတ်ရုပ်ကြီးကို တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်

နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့သစ်ပင်ကြီးအောက်ကနတ်ရုပ်ကြီးကို… တံတားလုပ်တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်… လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ် ၊ ပုံပြင်ကလေးက ဒီလိုဗျ… တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ် နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး ၊ တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ် ၊ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။ ညက မိုးရွာထားတာကိုး ၊ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့ ၊ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ ၊ ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ် ၊ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့ ၊ … Read more

ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေဟာ ဘယ်လိုလူမျိုးတွေလဲ

ဖောက်ပြန်ခံရတာထက်ဆိုးတာ ဘာလဲသိကြလား။ ခဏခဏဖောက်ပြန်ခံရတာပဲတဲ့။ ကွင်းဆက်လူသတ်သမား (serial killer) လိုမျိုးပဲ သမီးရည်းစားဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာ အကြိမ်ကြိမ်ဖောက်ပြန်တဲ့သူတွေကို ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေလိုခေါ်ကြတယ်။ ဒါကို စိတ်ရောဂါတစ်မျိုးလိုမျိုး နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေကလည်း ပြောလာကြပါတယ်။ အကြိမ်ကြိမ်ဖောက်ပြန်သူတွေရဲ့ စိတ်ဓာတ်နောက်ကွယ် တစ်ကြိမ်ဖောက်ပြန်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ ဝန်မလေးဘူးဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လားပေါ့နော်။ ဒါအတွက် တိကျတဲ့ ဆေးပညာဖြေရှင်းချက်က ရှိနေပြန်တယ်။ ဦးနှောက်ထဲက အမိုင်ဒလာ (amygdala) ဆိုတဲ့ ခံစားချက်အမျိုးမျိုးကိုတုန့်ပြန်တဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ မကောင်းတာလုပ်ပြီးတိုင်း အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို အဲဒီအစိတ်အပိုင်းက ပေးပါတယ်။ ဒါပေမဲ့ မရိုးမသားလုပ်တဲ့ အကြိမ်ရေများလာတိုင်း အမိုင်ဒလာကလည်း ကျင့်သားရလာပြီး မကောင်းဘူး မလုပ်နဲ့ဆိုတဲ့ တုံ့ပြန်မှုတွေဟာ လျော့ကျလာပါတယ်။ ဒီလို အခြေအနေကို မရိုးသားမှုကို ကျင့်သားရလာတယ်လို့ လေ့လာသူတွေက … Read more

ရှင်မထီးတန်ဆောင်းမှဟောကိန်းများ အ​တော်​ထူးဆန်းပြီးတော့ အလွန်စိတ်​ဝင်​စားစရာ​ကောင်းလှပါတယ်

ဤစာကိုရေးရန် ရက်ပေါင်းများစွာ ချီတုံချတုံ ဖြစ်ခဲ့သည်။ အရူးစာရင်း လူယုတ်မာစာရင်း ကြပ်မပြည့်သူစာရင်း တစ်ဖက်ပိတ်စာရင်း သွင်းကာ အလှောင်ခံရမည်ကိုလည်း ကောင်းစွာသိထားပါသည်။ ဤစာကို မြင်တွေ့ကြားသိခဲ့ရသည့် အတိုင်းသာ ရေးပါသည်ဟု ကျိန်ဝံ့ပါသည် ဘာသာရေးယုံကြည်သက်ဝင်ခြင်း နှင့်လည်း နည်းနည်းမျှမသက်ဆိုင်ကြောင်း ဦးစွာပြောလိုပါသည်။ ၂၀၁၆ တုန်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်သည် ငွေကြေးကြပ်တည်း ရည်းစားနှင့်ကွဲနေစဉ် ကြံရာမရဖြစ်ကာ ရွှေတိဂုံဘုရား ညတိုင်းသွားနေချိန်ဖြစ်ပါသည်။ဘာသာမဲ့ သိပ္ပံသမားများအနေဖြင့် ကြည့်သော် ကျွန်တော်မှာ ဒုက္ခများချိန် ဘုရားရှိခိုးသော ဥာဏ်ပညာနုံနဲ့သူသာဖြစ်ချိမ့်မည်။ ဥာဏ်ပညာကြီးမြင့်သူ အဆင့်မြင့် ဗုဒ္ဓဘာသာများအမြင်အရကြည့်လျှင် လောကဓံကို ကြံ့ကြံ့မခံဘဲ သက်ရှိ ထင်ရှားမရှိတော့သော ဘုရားကို အလကားနေအလကားဂျီတိုက်ပူဆာ နေသူ ဖြစ်ချိမ့်မည်။ သို့သော် မည်သူတွေမည်ကဲ့သို့ မြင်ခြင်း ဆိုသည့်ကိစ္စထက် စိတ်ဆင်းရဲနေချိန်တွင် ​ရွှေတိဂုံဘုရားကို ဖူးမြင်ရလျှင်ပင် စိတ်ထဲ … Read more